Wednesday 12 July 2017

နစ်ကိုးခရီးစဉ် Nikko Tamozawa Imperial Villa

အခန်းပေါင်း ၁၀၆ ခန်းပါတဲ့ အင်ပါရာဘုရင်မင်းမြတ်နဲ့ မိသားစု တော်ဝင်စံအိမ်တော်၊ ငါးဧကခွဲကျော်ကျော်လောက်ကျယ်တဲ့ ဂျပန်ရိုးရာ ဥယျာဉ်ကြီးအလယ်မှာ တည်ဆောက်ထားတဲ့ သစ်သားစံအိမ်တော်ကြီး၊ မူလဆောက်ခဲ့တဲ့ သူတွေက ဘုရင့်ဘဏ္ဍာတော်အဖြစ် ဆက်သလိုက်လို့ ၁၈၇၂ ခုနှစ်ကစပြီး အင်ပါယာဘုရင်မင်းမြတ် ယာယီစံအိမ်တော်အဖြစ်ရော ဘုရင့်သားတော်ရဲ့ စံအိမ်အဖြစ်ရော အသုံးပြုခဲ့ပြီး အခုတော့ ပြတိုက်သဘောမျိုး ပြထားတဲ့ အိမ်ကြီး၊ သစ်သားနဲ့ ဆောက်ထားတဲ့ အိမ်က တစ်ထပ်အိမ် တစ်ချို့နေရာ နှစ်ထပ်၊ တစ်နေရာမှာတော့ သုံးထပ် ပဲရှိပေမယ့် ရိုးရှင်းစွာ ခမ်းနားနေတယ်။ ဥယျာဉ်ထဲမှာ နှစ်ပေါင်း လေးရာလောက်ရှိပြီဆိုတဲ့ ချယ်ရီပင် တစ်ပင်ရှိတယ်၊ ဥယျာဉ်နဲ့ အိမ်က ပနံရလွန်းလို့ အဲလိုအိမ်ကြီးမျိုး ရွာကခြံထဲမှာ အမေနေဖို့ ဆောက်ပေးချင်လိုက်တာ







No comments:

Post a Comment