Wednesday 12 July 2017

နစ်ကိုးခရီးစဉ် မနက်စာမကျွေးတဲ့ဟော်တယ်


မနက်စာမကျွေးတဲ့ ဟော်တယ်များတော့ ဒီတစ်ခါ တည်းဖူးတာပဲ . . .
အ၀င်မှာ စီးလာတဲ့ ဖိနပ်ကို ချွတ်ပြီး ဧည့်ကြိုနေရာနားက သော့ခတ်ဘီရိုလေးထဲ ဖိနပ် ထည့်သိမ်းရတယ်။ အပြင်လေးဘာလေးထွက်ရင် စီးချင်စီးသွားလို့ရအောင် ညှပ်ဖိနပ်လေးတွေ ချပေးထားတယ်။ ဟော်တယ်ထဲမှာတော့ ဖိနပ်ချွတ်ထားပေါ့။ အခန်းကို သွားမယ်ဆိုရင် လိုအပ်မယ့် တဘက်၊ မျက်နာသုတ်ပုဝါ၊ သွားတိုက်တံ၊ ကီမိုနို စတာတွေကို ကိုယ်သုံးဖို့ လိုသလောက် ခြင်းလေးနဲ့ ထည့်သွားရတယ်။ အခန်းမှာ ခုတင်တွေဘာတွေ မရှိဘဲ ဂျပန်ရိုးရာ တာတာမီဖျာ ခင်းထားပြီး အိပ်ယာခင်းကို ကြမ်းမှာ ခင်းပေးထားတယ်။ တီဗီ ရေခဲသေတ္တာ လေအေးပေးစက် ရေနွေးအိုး တယ်လီဖုန်း စတာတွေကတော့ တစ်ခြား ဟော်တယ်တွေလိုပါပဲ၊ အခန်းထဲမှာ အိပ်ယာက နှစ်ယောက်စာပဲ ခင်းပေးထားတာမို့ လိုရင် ထပ်ခင်းလို့ရအောင် ဗီရိုထဲမှာ အိပ်ယာခင်းနဲ့စောင်တွေ အပိုထည့်ထားပေးတယ်။ ရေနွေးစိမ်ကန် အွန်ဆန်း မရှိဘူးဆိုပေမယ့် ရှိတဲ့နေရာကို သွားချင်ရင် လိုက်ပို့ပေးတယ်။ မနက်စာကိုလည်း ကြိုတင်မှာကြားထားနိုင်ပြီး မနက်ကျမှ စားမယ့်နေရာကို လိုက်ပို့ပေးတာတဲ့. . .
မနက်စာမကျွေးတဲ့ ဟော်တယ်တော့ ဒီတစ်ခါ တည်းဖူးတာပဲ





No comments:

Post a Comment