Wednesday 5 July 2017

ဒဏ်ရာပေးသော ဆူးများ

ပင်ပန်းလွန်းလှတယ်
ခါးသီးလွန်းလှတယ်
ညီအစ်ကိုချင်းဆိုတဲ့ ချစ်တဲ့စိတ်နဲ့သာ မဟုတ်ဘူးဆိုရင် ဒီလောက်ခါးသီးမောက်မာလှတဲ့ အခြေအနေ သဘောသဘာဝတွေ ရှင်းပြနေတာကို ဒီလောက်အကြာကြီး ဆက်နားထောင်နေနိုင်မှာ မဟုတ် . . .
ကိုယ့်နှလုံးသားအတွက် မကြားဝံ့မနာသာ အမှန်တရားတွေ ၊ မှန်ပင်မှန်ငြားသော်လည်း မျိုချဖို့ ခက်လောက်အောင် ခါးသက်တဲ့ အမှန်တရားတွေ . . .
အဲဒီ ခါးသီးရက်စက်မှုတွေကို နှလုံးမသွင်းဘဲ နေလို့လည်း ရနေတာပဲလေ၊ ဘာလို့များ ကိုယ့်နှလုံးသားထဲ စူးတွေ ထိုးထည့်နေမှာလည်း ပင်ပန်းလွန်းလှပါတယ် . . .
အခန့်မသင့်ရင် နှလုံးသားကို ဒဏ်ရာအနာတရ ဖြစ်စေနိုင်တဲ့ ဒီလို စူးတွေအကြောင်းတော့ဖြင့် . . .
မမြင်လို မကြားလို မပြောလို . . .
၅ ဇူလိုင် ၂၀၁၇


No comments:

Post a Comment