Saturday 8 July 2017

နစ်ကိုးခရီးစဉ် ကီဂွန်တာကီရေတံခွန်

華厳滝




.
. . . နစ်ကိုးဒေသက ပင်လယ်ရေမျက်နှာပြင်အထက် ပေလေးထောင်ကျော်လောက်မှာရှိတဲ့ ချူးဇန်းဂျိ ရေအိုင်ကြီးထဲက ရေတွေစီးထွက်သွားတဲ့ နေရာမှာ ကီဂွန်တာကီ လို့ခေါ်တဲ့ နာမည်ကျော် ရေတံခွန်ကြီးရှိပါတယ်။ ရေတံခွန်က အမြင့်ပေ သုံးရာကျော်လောက်ရှိပြီး ရေကန်ကြီးရဲ့ အကျေပိုင်းမှာရှိတဲ့ လျှိုအနက်ကြီးထဲကို စီးကျနေတာပါ။ အဲသည်ရှုခင်းဟာ ဂျပန်နိုင်ငံရဲ့ အလှဆုံး ရှုခင်း ရှစ်ခုထဲက တစ်ခုအပါအ၀င် ဖြစ်ပါသတဲ့။ ရေတံခွန်ကို အောက်ခြေကနေ ကြည့်ရှုခံစားနိုင်ဖို့အတွက် ပေသုံးရာလောက်နက်တဲ့ လျှိုထဲကို ကျောက်တောင်ကြီးဖောက်ပြီး ဓာတ်လှေခါး ဆင်ပေးထားပါတယ်။ ရေတံခွန်ကို အပေါ်စီးကနေ ကြည့်နိုင်သလို အောက်ခြေထိ ဓာတ်လှေခါးနဲ့ဆင်းပြီးတော့လည်း ကြည့်ရှုခံစားလို့ ရပါတယ် . . .
.
. . . ဒီရေတံခွန်နားက သစ်ပင်ကြီးတစ်ပင်မှာ ဂျပန်ဒသနိကဗေဒ ကျောင်းသူ ကဗျာဆရာမလေး မီဆာအို ဖူဂျီမူရာ သစ်ပင်ပေါ်မှာ ရေးထွင်းခဲ့တဲ့ ကဗျာလေးတစ်ပုဒ် ရှိပါတယ်။ ရေတံခွန် ချောက်ကမ်းပါးရှိတဲ့ လျှိုကြီးထဲကို ခုန်ချပြီး ကိုယ့်ကိုယ်ကို သတ်မသေခင် နုတ်ဆက်ခဲ့တဲ့ ကဗျာလေးပါ။ အဲသည်နောက်ပိုင်းမှာတော့ ရှုခင်းလှပတဲ့ ဒီနေရာလေးဟာ အချစ်ရေးကံခေတဲ့ အသည်းကွဲလုလင်နဲ့ လုံမပျိုလေးတွေရဲ့ အချစ်အတွက် အသက်စွန့်ရာနေရာတစ်ခုအဖြစ် အကျည်းတန်နေခဲ့ရပြန်ပါတယ် . . .
.
၈ ဇူလိုင် ၂၀၁၇

No comments:

Post a Comment