. . . ဖရဲသီးတွေ တောင်ပုံယာပုံရောင်းတဲ့အထဲက ရွေးဝယ်လို့ရတဲ့ ကင်မွန်းတန်းဈေးမှာတောင်မှ ဖရဲသီး လတ်လတ်ဆတ်ဆတ် မရှိဘူး၊ ပြောရမယ်ဆိုရင် ဘယ်အမျိုးအစားပဲဖြစ်ဖြစ် ဘယ်ကပဲလာလာ ဘယ်ဈေးနဲ့ရောင်းရောင်း ဖရဲသီးမှာနှစ်မျိုးပဲ ရတယ်၊ တစ်မျိုးက အပင်ကခူးလာကာစ အထဲမှာ သိပ်မမှည့်သေးဘူး ဆိုတာရယ်၊ နောက်တစ်မျိုးက အညှာတွေခြောက်သွားပြီး အထဲမှာ မှည့်နေပြီဆိုတာရယ်
.
. . . တကယ်တမ်းကျတော့ ဖရဲသီးဆိုတာ ဝမ်းပျဉ်းသီးကို ခူးလာပြီး ရက်ထားအမှည့်ခံရတဲ့ အမျိုးမှ မဟုတ်တာ ဆိုတဲ့ သဘောတရားတောင် မရှိတော့ဘဲ ဖရဲသီးရောင်းတဲ့ သူတွေ ကိုယ်နှိုက်ကိုက အပင်က မမှည့်ခင်ခူး အညှာခြောက်လောက်မှ မှည့်မှာဆိုတာမျိုးကိုပဲ ပြောပြောရောင်းနေကြတော့ ဖရဲသီးကို ကြိုက်လို့သာ ဝယ်စားနေရပေမယ့် ဘယ်တော့မှ စိတ်တိုင်းကျတယ်ရယ်လို့ မရှိ
.
. . . တကယ်တော့ ဖရဲသီးဆိုတာ အပင်မှာမှည့်ပြီး ခူးပြီးပြီးချင်းစားရင် အကောင်းဆုံးအရသာကို ရတယ်ဆိုတာ ဒီဖရဲသီးကုန်သည်တွေ သဘောတရားလေးတောင် မသိတော့ဘဲ သူတို့နားလည်ထားတဲ့အတိုင်း အညှာစိမ်းရင် မမှည့်ဘူး၊ မှည့်တာစားရင် အညှာခြောက်တာရွေးဆိုတဲ့ ပုံသေနည်းကို ကိုယ့်မှာ စိတ်ပျက်ခဲ့ရတာ မြန်မာပြည်ပြန်ရောက်တဲ့ ပထမဆုံး ဖရဲသီးရာသီကတည်းကပဲ ဆိုပါတော့
.
. . . ဖရဲသီးအကြောင်း ဘယ်လောက်သိလို့လဲ မေးရင် ကိုယ်တိုင် ဝင်မစိုက်ဖူးရုံတမယ်ပါပဲလို့ ပြောရမှာပဲ၊ ကိုယ်နေခဲ့တဲ့ ဂျပန်နိုင်ငံအနောက်ပိုင်းကမ်းခြေနဲ့နီးတဲ့ မီနာမီအွန်နူမာ မြို့လေးမှာ ကိုယ်တက်ခဲ့တဲ့ တက္ကသိုလ်က ဖရဲစိုက်ခင်းတွေကြားထဲမှာ ရှိတာကိုး၊ တစ်နှစ်မှာ ပန်းအရောင်ရှစ်မျိုးပွင့်တာကို အစွဲပြုပြီး မှည့်ခေါ်ထားတဲ့ ယာအီရို လွင်ပြင်ကြီးထဲမှာ စိုက်တဲ့ ဖရဲသီးမို့ ရှစ်ရောင်ခြယ်ဖရဲသီး 八色スイカလို့ နာမည်ကြီးတဲ့ ဖရဲသီးတွေထွက်တဲ့ အခင်းတွေကြားမှာ ကိုယ်တွေက ဖရဲသီးပျိုးပင်ပေါက်လေးကနေ နောက်ဆုံး ဖရဲခင်းကို ဖျက်လို့ ကျန်ခဲ့တဲ့ အသီးတွေ ပုပ်တဲ့အထိ နေနေခဲ့ရတဲ့သူမို့ ဖရဲသီးဆိုတာ ဘယ်အချိန်မှာစားရင် အချိုဆုံးလဲဆိုတာ သိနေခဲ့တာပေါ့
.
. . . ကိုယ့်မြေကိုယ့်ရေ ကိုယ့်နိုင်ငံမှာတော့ အစစအရာရာ ခေတ်နောက်ကျပြီး ပို့ဆောင်ဆက်သွယ်ရေးလည်းမကောင်း၊ စိုက်ပျိုးနည်းစနစ်နဲ့ ရိတ်သိမ်းချိန်နည်းပညာကလည်း ခေတ်နောက်ကျတဲ့အပြင် ဖရဲသီးရောင်းစားသူ ကိုယ်တိုင်ကိုက ဖရဲသီးဆိုတာ စိမ်းရင်မမှည့်ဘူး မှည့်ရင်မလတ်ဘူးဆိုတာကို စံနှုန်းကြီးတစ်ခုလို ယုံကြည်လက်ခံထားတဲ့ နိုင်ငံမှာတော့ စံချိန်စံညွှန်းမီ လတ်ဆတ်ရင့်မှည့်ချိုမြတဲ့ ဖရဲသီးဆိုတာ ဈေးကွက်ထဲမှာ ဘယ်တော့မှ တွေ့ရမှာ မဟုတ်ဘူး
.
. . . အလျဉ်းသင့်တဲ့အခါတော့ ဖရဲခင်းတစ်ခုခုသွားပြီး မှည့်နေတဲ့ ဖရဲသီးကို အညှာကမဖြုတ်ဘဲ ထိုင်စားခဲ့အုံးမယ်
Tuesday, 26 July 2022
Thursday, 31 March 2022
နေရသရွေ့.
.
. . . အခုလည်း တွေ့တဲ့ပန်းကို ဓာတ်ပုံရိုက်ပြီး ကိုယ့် database မှာ မှတ်တမ်းတင်တဲ့အခါ အပင်တွေ့ခဲ့တဲ့နေရာ အတိအကျကိုပါ မှတ်တမ်းတင်ချင်တာကိုး၊ ဒီခေတ် နည်းပညာအရ ဖုန်းနဲ့ ဓာတ်ပုံရိုက်လိုက်တဲ့အခါ နေရာကိုပါ မှတ်ထားပေးတာမျိုးပါလို့ အဆင်ပြေပေမယ့် တကယ်တမ်း အပင်တစ်ပင်ချင်းစီကို မှတ်တမ်းတင်ဖို့ကျတော့ လုပ်ရမှာက လက်ဝင်ပြီး အလုပ်မတွင်ဖူးဆိုသော်လည်း တစ်နေ့တစ်လံ ပုဂံဘယ်ပြေးမလဲ ဆိုတဲ့ထုံး နှလုံးမူပြီး လုပ်နေရတာပါပဲ
.
. . . မွေးရပ်မြေက ဒေသပေါက်ပင်တွေကို သိနေတော့ရော ဘာလုပ်လို့ ရမှာလဲ လို့ မေးချင်ကြမှာပဲ၊ တကယ်တော့ ကျွန်တော်တို့ မြန်မာတွေ မှတ်တမ်းမှတ်ရာ အားနည်းကြလို့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေ ထိန်းသိမ်းမှုမှာပါ တနွယ်ငင်တစင်ပါ အားနည်းနေခဲ့ကြတာဆိုတဲ့သဘောကို နားလည်ရင် ဒေသပေါက်ပင်တွေကို မှတ်တမ်းတင်ထိန်းသိမ်းဖို့လိုတယ်ဆိုတာကိုလည်း သိမှတ်နားလည်နိုင်ကြမယ်လို့ မျှော်လင့်ပါတယ်
.
. . . ကိုယ်နေဖူးတဲ့ နိုင်ငံရပ်ခြားက မြို့သေးသေးလေးမှာ ဒေသပေါက်တဲ့အပင်တွေကို တခုပ်တရ မှတ်တမ်းပြုစုပြီး ဂုဏ်ယူစွာနဲ့ အမှတ်တံဆိပ်တွေလုပ်တာ၊ မြို့သင်္ကေတဖြစ် ဖော်ကျူးထားတာ၊ မြို့အမှတ်တရ ရောင်းကုန်ပစ္စည်းတွေအနေနဲ့ လုပ်တာတွေကို မြင်ခဲ့ရတော့ ငါတို့မွေးရပ်မြေမှာ ဒီလိုသာ မှတ်တမ်းတင်ကြေးဆို မှတ်တမ်းတင်စရာ ဂုဏ်ယူစရာတွေ အများသားပါလား ငါတို့ ဘာလို့များ ဘာသိဘာသာ နေခဲ့မိပါလိမ့်လို့ ထပ်ပြီး အားမလိုအားမရ ဖြစ်ခဲ့ရပြန်ပါတယ်
.
. . . ခုရက်ပိုင်း ကိုယ်တွေ့တဲ့ အပင်လေးတွေကို နာမည်နဲ့တကွ ရုက္ခဗေဒအမည်နဲ့တကွ မှတ်တမ်းတင်ထားနိုင်တာ ဖေ့ဘုတ်ပေါ်က မြန်မာပြည်ကပန်းများဆိုတဲ့ မှတ်တမ်းတင်ထားတဲ့ စာမျက်နာတစ်ခု ကျေးဇူးကြောင့်ပဲဖြစ်ပါတယ်၊ ဒီထက်ပိုပြီး အွန်လိုင်းမှာ အလွယ်တကူ ရှာလို့ဖွေလို့ လေ့လာလို့ စူးစမ်းလို့ ရနိုင်မယ့် ဝက်ဆိုက်လိုမျိုးရှိနေရင်ကောင်းမှာပဲ၊ ဖုန်းထဲမှာ ထည့်ထားပြီး ကိုယ်တွေ့တဲ့အပင်ကို ဓာတ်ပုံရိုက်ပြီး ဒီအပင်အကြောင်း မြန်မာအမည်နဲ့တကွ ဖော်ပြပေးနိုင်တဲ့ mobile app မျိုးရှိရင် ကောင်းမှာပဲလို့ တောင့်တမိပါတယ်
.
. . . ကိုယ့်မွေးရပ်မြေမှာပဲ အကြောင်းအားလျော်စွာ နေခွင့်ရနေတုန်း ဒေသအပင်တွေ ပန်းတွေကို အခွင့်ရသလောက် ရှာရှာဖွေဖွေ မှတ်တမ်းတင်ခွင့်ရနေတယ်ဆိုပေမယ့် မင်းခယောကျ်ားဆိုတာ အချိန်မရွေး ဘယ်အရပ်ကိုမဆို စေလွှတ်ခံရနိုင်တာမို့ သွားခါမှသွားရရော ရနိုင်သလောက်တော့ လုပ်ထားအုံးမယ်လေဆိုပြီး
.
ဗိုလ်ကောင်း
၃၁ မတ် ၂၀၂၂
.
အပင်များကို မှတ်တမ်းတင် မျှဝေပေးပါသော ဆရာ Kothet Naing Oo ရဲ့ Flowers From Myanmar page ကနေ အများကြီးသင်ယူခွင့်ရတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်ဗျ
See less
Wednesday, 30 March 2022
ဝင်အူပင်
၀င်အူပင်
Millettia cinerea Benth.
Family Fabaceae
နွယ်ပင် အပင်မြင့်ကိုတွယ်တက်ပြီး ထိပ်မှာပွင့်တာ
တစ်နေရာပဲတွေ့သေး
Millettia cinerea Benth.
Family Fabaceae
နွယ်ပင် အပင်မြင့်ကိုတွယ်တက်ပြီး ထိပ်မှာပွင့်တာ
တစ်နေရာပဲတွေ့သေး
လက်ထုတ်ကြီး
လက်ထုတ်ကြီး (လက်ထုပ်ကြီး)
Holarrhena pubescens Wall.& G. Don.
*Nerium antidysentericum L.,
*Echites pubescens Buch-Ham,
*Holarrhena antidysenterica (L.) Wall. ex. DC.,
Family : Apocynaceae
အပင်က နည်းနည်းမြင့်ပေမယ့် အပွင့်ကိုသေချာမြင်ရပါတယ် ခါချဉ်တွေ ပန်းခိုင်မှာ တော်တော်များတယ်
တစ်ပင်ပဲတွေ့သေးတယ်
အညာကုက္ကို
အညာကုက္ကို
.
ကားလမ်းဘေးမှာ မြင်နေကျ ကုက္ကိုနဲ့ တော်တော်လေးဆင်ပါတယ်၊ အပွင့်က အဖြူဖြစ်နေတာရယ်၊ အရွက်က ပိုနူးညံ့ပြီး စားလို့ရတာရယ် ကွာတာပါ၊ အပင်က မြင့်တော့ ပန်းပွင့်ပုံပေါ်အောင် မနည်းရိုက်ရတယ်
ဒီအပင်က တော်တော်များများတွေ့ရပါတယ်
.
Albizia lebbek (L.) Benth.
Family. Fabaceae
Common names: Lebbeck, lebbek tree, flea tree, frywood, koko and woman's tongue tree.
ပျဉ်းကတိုး.
ပျဉ်းကတိုး.
သစ်မာပင်ပေမယ့် အပွင့်လေးတွေကို တော်တော်ကို နူးညံ့တာပါ၊ အသီးကတော့ သစ်မာပင်ရဲ့အသီးပီသပါပေတယ်၊ အသီးက ခြောက်ပြီး အက်ကွဲရင် ခွမ်းကနဲ ခွမ်းကနဲ အသံမြည်အောင် ကွဲတာမို့ အိမ်ကို ယူလာပြီး ဝရန်တာမှာ ချထားတုန်းက ဒီလောက်ပြင်းတဲ့အသံ ဘယ်ကလာပါလိမ့်လို့တောင် အောက်မေ့မိတယ်၊ အသီးထကွဲတဲ့အချိန် မျက်လုံးတွေဘာတွေထိရင် ဒဏ်ရာတောင်ရနိုင်ပါတယ်
.
Myanmar ironwood
Xylia xylocarpa
Family: Fabaceae
False ironwood
ဒေါင်းတလောင်း၊ နွယ်ဆက်
ဒေါင်းတလောင်း၊ နွယ်ဆက်
.
ဒီပန်းကို စမ်းချောင်းလေးဘေးက ခြုံထက်မှာ တွေ့ခဲ့တာ ဆယ်ရက်လောက်ရှိသွားပါပြီ၊ ပန်းနာမည်ရှာရင်း အခုမှ သိလို့တင်လိုက်ပါတယ်
.
Symphorema involucratum Roxb.,
Family : Lamiaceae
MN: Daung talaung, Nwe sat
Flowering from March to May
Subscribe to:
Posts (Atom)





