Saturday 26 January 2019

Youtube Kids

ပန်းပွင့်လေးနဲ့စကားပြောတဲ့အခါတိုင်း ကျောင်းသင်ခန်းစာတွေအကြောင်း ပြောကြတဲ့အခါ သင်ခန်းစာထဲမှာတာလေးတွေကို ယူကျုမှာရှာရှာပြီး ပြဖြစ်တယ်။ သူကလည်း စိတ်ဝင်တစားရှိတဲ့ဟာလေးတွေပေါ့။ သိကြတဲ့အတိုင်း ယူကျုမှာက အကြောင်းအရာပေါင်းစုံကို နည်းလမ်းအမျိုးမျိုးနဲ့ ပြထားတာတွေမှ စုံလို့ပဲမို့လား။ ငါးမိနစ်စာကြည့်ချင်လား တစ်နာရီစာကြည့်ချင်လား။ ကလေးတွေနားလည်လွယ်အောင်ပြထားတာလား၊ လူကြီးတွေကို သေချာရှင်းပြထားတာလား၊ ကာတွန်းရုပ်နဲ့လား သက်ရှိတွေနဲ့လား အစုံမှအစုံပါပဲ။

ယူကျုမှာ ရှာမရတာ ရှာဖို့ခက်တာ ရှားတာ နှစ်မျိုးတွေ့တယ်

တစ်မျိုးက မြန်မာ့သမိုင်းနဲ့ ဓလေ့တွေ မြန်မာ့ယဉ်ကျေးမှုတွေ မြို့ရွာတွေ စားစရာတွေ စသည်ဖြင့် မြန်မာ့အကြောင်းကို အင်္ဂလိပ်လို ရှင်းလင်းတင်ပြထားတာတွေ အလွန်ကို ရှားတယ်။ မြန်မာဘုရင်တွေအကြောင်း အနော်ရထာ ကျန်စစ်သား ဘုရင့်နောင် စသည်ဖြင့် သမိုင်းကြောင်းတွေကို အင်္ဂလိပ်လို ရှင်းပြထားတဲ့ ဗီဒီယိုတွေ ရှာရတာခက်တယ်။ မရှိဘူး

နောက်တစ်မျိုးက ကလေးတွေ သင်ခန်းစာတွေထဲမှာပါတဲ့ မိုးရွာတာ မီးတောင်ပေါက်ကွဲတာ အာကာသအကြောင်း ဂြိုဟ်တွေ နက္ခတ်တွေ သိပ္ပံအခြေခံအကြောင်း အပင်တွေ သက်ရှိတွေ အင်းဆက်တွေ ဒိုင်နိုဆောတွေ၊ နောက်ပြီး သင်္ချာ ပထ၀ီ စတဲ့အကြောင်းအရာတွေကို မြန်မာလိုရှင်းလင်းတင်ပြထားတဲ့ ဗီဒီယိုတွေ အလွန်ရှားတယ်

ဒါတွေကို ဘယ်သူတွေများ ဖြည့်ဆည်းပေးနိုင်ကြပါ့

No comments:

Post a Comment