Tuesday 29 January 2019

ညှိနှိုင်းတိုင်ပင်မှုမရှိတဲ့ နိုင်ငံရေး

ဒေါ်အောင်ဆန်းစုကြည် ခဏခဏပြောနေတဲ့ ညှိနှိုင်းတိုင်ပင်ခြင်းကို တန်ဖိုးထားတဲ့ မြန်မာ့နိုင်ငံရေး စရိုက်လက္ခဏာက ပျောက်ဆုံးနေပြီလား ဒါမှမဟုတ် တန်ဖိုးမထားတော့တာလားဆိုတာ ဒီနေ့ လွှတ်တော်အခင်းအကျင်းကိုကြည့်ရင် သိနိုင်ပါတယ်။
.
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ အင်အားစုတွေ အချင်းချင်း အထူးသဖြင့် တပ်မတော်လို အခြေခံဥပဒေအရ လွှတ်တော်ထဲမှာ သုံးချိုးတစ်ချိုး အင်အားရှိတဲ့ အင်စတီကျူးရှင်းတစ်ခုနဲ့ အလွတ်သဘော ညှိနှိုင်းတိုင်ပင်ခြင်း သဘောတူညီချက်ရယူခြင်းမပြုဘဲ လွှတ်တော်မှာ အရေးကြီးအဆိုအဖြစ် ဗြုန်းစားကြီး တင်ပြလိုက်ခြင်းရဲ့ နိုင်ငံရေးသင်္ကေတက ဘာဖြစ်နိုင်ပါသလဲ
.
အခြေခံဥပဒေပြင်ဆင်ရေးလို အချိန်ယူအလေးထားလုပ်ဆောင်ရမယ့် ကိစ္စတစ်ခုကို အခုလို ကြိုတင်ဆွေးနွေးတိုင်ပင်မှုမရှိဘဲ ရုတ်တရက် ထလုပ်လိုက်တာက အခြေခံဥပဒေကို တကယ်ပြင်ဖြစ်စေချင်လို့လား၊ ဒါမှမဟုတ် နိုင်ငံရေးအကွက်တစ်ခု ရွှေ့ပြလိုက်ခြင်းလားဆိုတာ ဆက်လက် စောင့်ကြည့်ဖို့ စိတ်ဝင်စားစရာဖြစ်လာပါတယ်။
.
နိုင်ငံရေးအရ အရေးပါနေတဲ့ အင်စတီကျူးရှင်းတွေနဲ့ ညှိနှိုင်းတိုင်ပင်မှုမရှိတဲ့ နိုင်ငံရေးလုပ်ဆောင်ချက်တွေက အောင်မြင်မှုကိုဆောင်ကျဉ်းမလား၊ ကျရှုံးမှုတွေကို သယ်ဆောင်လာမလား ငွေရောက်ပိတ်ကားပေါ်မှာ ဆက်လက်စောင့်ကြည့်ရပါအုံးမယ်

No comments:

Post a Comment