Tuesday 29 January 2019

ဘာတွေဆက်ဖြစ်မလဲ


အခြေခံဥပဒေပြင်ဆင်ရေးအတွက် သက်ဆိုင်ရာ အရေးပါတဲ့ အင်စတီကျူးရှင်းတွေနဲ့ ညှိနှိုင်းတိုင်ပင်ခြင်းမရှိဘဲ အငိုက်ဖမ်းသလို ဗြုန်းစားကြီး ထလုပ်လိုက်ခြင်းမှာ ဘာအကျိုးဆက်တွေ ဖြစ်လာမလဲ
.
လောလောဆယ်တော့ တပ်မတော်က အခြေခံဥပဒေပြင်ဆင်ရေးကိစ္စဆောင်ရွက်ဖို့ ကော်မတီဖွဲ့ပါမယ်ဆိုတဲ့ အရေးကြီးအဆိုကို လုပ်ထုံးလုပ်နည်းနဲ့ မညီလို့ဆိုပြီး ကန့်ကွက်တယ်။ အခြေခံဥပဒေပြင်ဆင်တာကို မူအားဖြင့် သဘောတူပေမယ့် လုပ်ထုံးလုပ်နည်းက ဥပဒေကို လက်တစ်လုံးခြားလုပ်တယ်ဆိုပြီး တင်ပြတာကို လွှတ်တော်နာယကလုပ်သူ အဲသည်တင်ပြချက်ကို #လက်မခံပါဘူးပြောတော့ အခြေအနေချက်ချင်း တင်းမာသွားပြီး တပ်မတော်သားကိုယ်စားလှယ်တွေ အားလုံးမတ်တပ်ထရပ်ပြီး ကန့်ကွက်တာပဲ။ အခြေခံဥပဒေပြင်ဆင်ဖို့ ပြဌာန်းထားပြီးဖြစ်တဲ့အတွက် အခုအခြေအနေမှာ မဲခွဲဆုံးဖြတ်တာ ဥပဒေနဲ့ မညီဘူးလို့ ဆက်တင်ပြပြီး ဆက်ရပ်နေတယ်။
.
အဲသည်အချိန်မှာ အရင်ပအကြိမ်တုန်းက NDF ပါတီကနေပြောင်းလာတဲ့ ဒေါက်တာမြတ်ဥာဏစိုးက ဒီကိစ္စကို ဆက်လက်ဆောင်ရွက်သင့်ကြောင်း ထပြီး တင်ပြတဲ့အချိန်မှာ မိုက်ဖွင့်ပေးတယ်။ တပ်မတော်သားကိုယ်စားလှယ်တွေက ရပ်မြဲရပ်နေဆဲပဲ။
.
လွှတ်တော်နာယကက ဆက်ပြီး ရှင်းပြပြီး တပ်မတော်သားတွေကို ထိုင်ပေးဖို့ လွှတ်တော်စည်းကမ်းသေ၀ပ်မှုအတွက် လုပ်ထုံးလုပ်နည်းနဲ့အညီ ဆက်လက်ဆောင်ရွက်သွားဖို့ တောင်းပန်ပါတယ်လို့ နှစ်ခါပြောမှ ပြန်ထိုင်ကြတဲ့ပုံပဲ (ဘယ်အချိန်ပြန်ထိုင်သလဲ မမြင်ရတော့ မသိ)
.
မဲခွဲတော့ ရလဒ်တွေကြည့်ရတာ တပ်မတော်သားတွေက မဲဝင်ပေးတဲ့ပုံမပေါ်ပါဘူး
.
ဘာတွေဆက်ဖြစ်မလဲ
တပ်မတော်သားတွေက ဥပဒေလုပ်ထုံးလုပ်နည်းနဲ့ မညီညွှတ်ဘူးလို့ ယူဆထားတဲ့ ကော်မတီမှာ ပူးပေါင်းဆောင်ရွက်မလား၊ ကော်မတီမှာ မပါဘူးဆိုပြီး သပိတ်မှောက်မလား။
ကော်မတီကနေ ထွက်ပေါ်လာတဲ့ အခြေခံဥပဒေပြင်ဆင်ရေး ဥပဒေကြမ်းကို လွှတ်တော်မှာ မဲခွဲတဲ့အခါ တပ်မတော်က လက်ခံထားတဲ့ မူဝါဒတွေပါတဲ့ ပြင်ဆင်ချက်တွေကို တပ်မတော်က လက်ခံမလား၊ ဒါမှမဟုတ် တပ်မတော်ကို ကြိုတင်ညှိနှိုင်းတိုင်ပင်ခြင်းမရှိဘဲ ဇွတ်လုပ်တဲ့ အာဏာရပါတီကို ပညာပေးမလား
.
ငွေရောင်ပိတ်ကားပေါ်မှာ စောင့်ကြည့်ရအုံးမှာပဲ
.
၂၉ ဇန်န၀ါရီ ၂၀၁၉
.
လွှတ်တော်မှတ်တမ်းတင်ထားတာကို ၄၁:၀၉ ကနေ အဆုံးအထိ ကြည့်ရှုလေ့လာနိုင်ပါရန်
https://www.facebook.com/myanmarunionparliament/videos/292182178110399/

No comments:

Post a Comment