Sunday 27 January 2019

စိန်ရတု ဘီအိုင်အေ


. . . Burma Independence Army ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ သခင်အောင်ဆန်းဦးဆောင်တဲ့ ရဲဘော်သုံးကျိပ်တို့ သွေးသစ္စာရည်သောက်ပြီး စတင်ဖွဲ့စည်းခဲ့ကြတာ အခုဆိုရင် နှစ်ပေါင်း ၇၇ နှစ်တိုင်ခဲ့ပါပြီ။
.
. . . မြန်မာ့လွတ်လပ်ရေးတပ်မတော် ဘီအိုင်အေ စတင်တည်ထောင်ခဲ့တဲ့ စိန်ရတုနှစ်ပတ်လည်နေ့ဖြစ်တဲ့ ၂၀၁၆ ဒီဇင်ဘာလ ၂၇ ရက်နေ့တုန်းက ဘီအိုင်အေကို ဖွဲ့စည်းပေးခဲ့တဲ့ ဗိုလ်မိုးကြိုးရဲ့သမီးအငယ်မိသားစုနဲ့ သွားရောက်တွေ့ဆုံပြီး သင်္ချိုင်းမှာ အတူတကွ ဂါရဝပြုခဲ့ကြပါသေးတယ်။
.
. . . ဓာတ်ပုံထဲမှာ မြင်ဖူးနေခဲ့တဲ့ သခင်အောင်ဆန်း နဲ့ သခင်လှမြိုင်တို့ ထမင်းထိုင်စားခဲ့တဲ့ ဗိုလ်မိုးကြိုးအိမ်ကိုလည်း ရောက်ခဲ့ပါသေးတယ်။ အိမ်ရှေ့အဝင်ပေါက်နားမှာ ချထားတဲ့ ဗိုလ်မိုးကြိုးကိုယ်တိုင်လုပ်ထားတဲ့ ကွပ်ပျစ်လေးပေါ်မှာထိုင်ရင်း အရွယ်ငယ်ငယ်နဲ့ တိုင်းပြည်အရေးကြိုးစားလုပ်သွားခဲ့တဲ့ သခင်အောင်ဆန်းတစ်ယောက် ဒီနေရာလေးမှာထိုင်ရင်း မြန်မာပြည်ကြီးကို လွမ်းနေခဲ့ရှာမှာပဲလို့ ကိုယ်ချင်းစာစိတ်နဲ့ တွေးမိခဲ့ပါတယ်
.
ဗိုလ်ကောင်း

No comments:

Post a Comment