Saturday 6 October 2018

Kong-rey Tropical Cyclone

ကောင်လေး
.
ခုလောလောဆယ်
ကိုရီးယားနဲ့ ဂျပန်နိုင်ငံ
နှစ်ခုကြားက
ဂျပန်ပင်လယ် အလယ်လောက်
ကျွန်တော်တို့နေရာရဲ့
အနောက်ဘက်တည့်တည့်လောက်
ပင်လယ်ပြင်ထဲ
ဗဟိုပြုပြီး
တိုက်ခတ်နေပါတယ်
အခုချိန်မှာတော့
ကျွန်တော်တို့ဆီမှာ
လေတိုက်နှုန်း
တစ်နာရီ ပျမ်းမျှ၁၃-၁၄ မိုင်နှုန်းခန့်သာရှိနေပြီး
လေပြင်းရင်တော့
တစ်နာရီမိုင်ခြောက်ဆယ်လောက်လည်း
ဖြစ်ကောင်းဖြစ်မယ်လို့
ခန့်မှန်းထားပါတယ်
မုန်တိုင်းမြောက်ဘက်ကို
ရွေ့နေတာနဲ့အမျှ
လေတိုက်နှုန်းက
မနက် သုံးနာရီလောက်အထိ
ဒီအတိုင်းပဲ ရှိနေနိုင်ပြီး
မိုးလည်း ရွာလာနိုင်ပါတယ်
.
အခုပုံအတိုင်း
ဆက်သွားနေပြီး
လေဖိအားနည်းရပ်ဝန်းက
ရုတ်တရက်
အရှေ့ဘက်ကို
ကွေ့မလာဘူးဆို
ကျွန်တော်တို့ဆီမှာ
စိုးရိမ်စရာ မရှိတော့ပါဘူး
.
နောက်သုံးလေးနာရီအတွင်း
အရှေ့ဘက်ကိုသာ
ကွေ့လာလို့ကတော့
ဘုရားတရားသာ
အောက်မေ့နေရတော့မှာပါ
.
အယ်လယ်
ဦးထွန်းလွင်လုပ်စားလို့ရနေဘီ
.
Tropical Typhoon 1825
Kong-rey
JST 2141 report

No comments:

Post a Comment