Friday 26 October 2018

ရန်ကုန်က လူရမ်းကား

နိုင်ငံတော်သမ္မတစိတ်ကြိုက် ခန့်အပ်ထားတဲ့၊ သမ္မတကို တိုက်ရိုက်တာဝန်ခံရတဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ်တစ်ယောက်က သူလုပ်ချင်ရာလုပ်ထားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး လက်သိပ်မလွန်သေးချိန်မှာ သမ္မတကပေးတဲ့ ညွှန်ကြားချက်ကို မလိုက်နာဘဲ လက်တစ်လုံးခြားလုပ်နေတာက သိပ်ရုပ်ဆိုးတယ်။ ဖမ်းထားတဲ့ သတင်းထောက်နှစ်ယောက်ကိစ္စ အမှုကို ပြန်ရုပ်သိမ်းပြီး သမ္မတညွှန်ကြားချက်အတိုင်း လုပ်ရမှာ ဖြစ်ပေမယ့် အမှုကို ပြန်မရုပ်ဘဲ ဒီအတိုင်း သွားညှိနှိုင်းတော့ မီဒီယာကောင်စီက လက်မခံတာ ဖြစ်သင့်တဲ့ အခြေအနေပဲ။ နိုင်ငံတော်သမ္မတအနေနဲ့ သူ့ရဲ့ တရားဥပဒေနဲ့ညီတဲ့ညွှန်ကြားချက်ကို မလိုက်နာဘဲ ထင်ရာစိုင်းနေသူကို ဘယ်လို အရေးယူမလဲ စောင့်ကြည့်ရမှာပဲ။ တရားဥပဒေစိုးမိုးရေးကြွေးကြော်သံနဲ့ မဲချူခဲ့တဲ့ ပါတီကြီးမို့ တရားဥပဒေကို ဘယ်လောက် လေးစားသလဲအကဲဖြတ်စရာ Case Study ကောင်းတစ်ဖြစ်ပါတယ်။ ဗဟိုရဲ့ အာဏာစက်အတိုင်းအတာတစ်ရပ်အထိ ရှိနေသေးတဲ့ ဒီလိုအခြေအနေမှာတောင် ဒီလောက် ထင်ရာစိုင်းနေတယ်ဆိုရင် ဗဟိုအာဏာစက် အများကြီး လျော့ကျသွားမယ် ဖယ်ဒရယ်ပိုဆန်တဲ့ စနစ်မျိုးကို ဒီလို ပရမ်းပတာ အာဏာရူးတွေနဲ့ ဘယ်လိုများ စခန်းသွားကြမလဲဆိုတာ တွေးကြည့်တာနဲ့တင်ကို တော်တော် စိုးရိမ်စရာကောင်းတယ်


No comments:

Post a Comment