Friday 26 October 2018

奥只見ダム

. . . ကျွန်တော်တို့ကျောင်းကနေ တစ်နာရီကျော်လောက် ကားမောင်းသွားရင် ရောက်တဲ့ ဒီဆည်ကြီးက အခုလို ဆောင်းဦးရွက်ကြွေ သစ်ရွက်တွေ အရောင်ပြောင်းတဲ့အချိန်မှာ သိပ်လှပေါ့။ ဆည်ကြီးရဲ့ ရေဝေရေလဲ ဘေးနှစ်ဘက်တောင်ကြောတွေရဲ့ အရောင်စုံနေတဲ့ အလှတွေကို ဆည်ကြီးထဲမှာ သင်္ဘောကြီးစီးပြီး လျှောက်ကြည့်ဖို့ ဓာတ်ပုံရိုက်ဖို့အတွက် ဘယ်သူမဆို သွားလည်ချင်ကြမှာပဲ။
.
. . . အွန်နုမြစ်ဝှမ်းဒေသ အရှေ့ဘက် ၁၆ မိုင်လောက်မှာရှိတဲ့နေရာက တောတောင်လျှိုမြောင်တွေကြား စီးဆင်းနေတဲ့ တာဒါမီမြစ်ကိုပိတ်ပြီးဆောက်ထားတဲ့ နိဂါးတားနဲ့ ဖူကူရှီးမားခရိုင်အစပ်က အိုကူတာဒါမီဆည်ကြီးဟာ ဂျပန်နိုင်ငံမှာ ဒုတိယအကြီးဆုံးဆည်ဖြစ်ပြီး ရေအားလျှပ်စစ်စီမံကိန်းအတွက် ရည်ရွယ်တည်ဆောက်ထားခဲ့တာဖြစ်ပါတယ်။ လျှပ်စစ် မီဂါဝပ် ၅၆၀ လောက်ထုတ်ပေးတဲ့ အဲသည်စီမံကိန်းက ၁၉၆၀ လောက်ကတည်းက စတင်လည်ပတ်နေခဲ့တာပါ။ မြန်မာနိုင်ငံက ဘီလူးချောင်းရေအားလျှပ်စစ်စီမံကိန်း နဲ့ တစ်ချိန်တည်းလို့တောင် ပြောလို့ရပါတယ်။
.
. . . ဒီလိုသဘာဝပတ်ဝန်းကျင်မျိုးကို ဘယ်လူသားမဆို သဘောကျမှာ ချစ်ခင်မှာ အရိပ်တကြည့်ကြည့်နဲ့ လုပ်နေချင်မှာချင်းတူကောင်းတူနိုင်ပေမယ့် တကယ်လုပ်နိုင်တာချင်းတော့ မတူပါဘူး။ ဂျပန်လို နိုင်ငံမျိုးမှာ ရှိရှိသမျှ သစ်တောသစ်ပင်ကို မတို့မထိ ထိမ်းသိမ်းထားနိုင်ပေမယ့် ကျွန်တော်တို့လို သယံဇာတ ရောင်းစားနေရတဲ့ နိုင်ငံ၊ သူပုန်သူကန်ပေါတဲ့ နိုင်ငံ၊ နယ်စပ်ဒေသတွေ ဥပဒေမစိုးမိုးတဲ့ နိုင်ငံ၊ ကြားဖူးနားဝ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဗဟုသုတလေးနဲ့ ဟိုအဖွဲ့ဒီအဖွဲ့တွေက မြှောက်ပေးလို့ အစိုးရလုပ်သမျှ စီမံကိန်းတွေ ဖျက်လိုဖျက်ဆီးလုပ်ချင်နေတဲ့ လူတွေရှိနေတဲ့ နိုင်ငံတစ်ခုအတွက်ကတော့ သူတို့လို အလှကြည့်မနေနိုင်တဲ့ အကြောင်းတွေက အများကြီးရှိနေတာပါ။ ဖြစ်နိုင်ရင်တော့ မြန်မာနိုင်ငံက သစ်တောတွေ သစ်ပင်တွေကိုလည်း မခုတ်မထွင် မတို့မထိနဲ့ အလှကြည့် ထိန်းသိမ်းထားနိုင်ချင်ပါတယ်။
.
အဖော်ကောင်းပေမယ့် မလိုက်ဖြစ်ခဲ့လို့
.
Photo Credit
https://www.japan.travel/en/spot/1446/


No comments:

Post a Comment