Friday 26 October 2018

မန်းလေးကလူတော်တွေ

မန်းလေးရဲ့ တိုးတက်ပြောင်းလဲမှုတွေကို လမ်းလျှောက်သင်္ကြန်စလို့ သတိထားမိလာပြီးနောက်မှာ ဒေါက်ဇော်ကြီးကို သဘောကျမိတယ်။ နောက်ပိုင်းမှ သိလာရတာက ဒေါက်ဇော်အစွမ်းဆိုတာထက် မန်းလေးမြို့တော်စည်ပင်သာယာရေးကော်မတီ အစွမ်းဆိုတာပါပဲ။ မန်းလေးစည်ပင်မှာ ဒီထူးခြားချက်တွေတွေ့မိတယ်
.
၁။ တရားဥပဒေနဲ့အညီ ရွေးကောက်တင်မြှောက်ခံထားရတဲ့သူတွေပါတဲ့ စည်ပင်သာယာရေးကော်မတီကို ဖွဲ့ထားတယ် (ရန်ကုန်မှာတော့ ခပ်ပြောင်ပြောင်ပဲ ရွေးကောက်ပွဲကို မလုပ်တာ)

၂။ ပင်နီတွေတကားကားနဲ့ လူမြင်ကောင်းအောင်ဆိုပြီး လူမြင်မကောင်းတာတွေ လျှောက်မလုပ်ဘူး (ဥပမာ ဒဂုံဝန်ချုပ်လို ပြောင်သလင်းခါနေတဲ့ ကွန်ကရစ်လမ်းကို တံမျက်စည်းကြီးကိုင်ပြီး ဟန်ရေးပြတာမျိုး မလုပ်ဘူး)

၃။ ကော်မတီအတွင်း ပေါင်းစပ်ညှိနှိုင်းမှုအားတော်တော်ကောင်းပုံရတယ်။ (အောက်ခြေအဆင့်ထိ ဗိုင်ဗာဂရုအမျိုးမျိုးဖွဲ့ထားပြီး နေ့စဉ်အချိန်နဲ့တပြေးညီ တင်ပြစေတာမျိုး၊ လုပ်စရာရှိရင် ချက်ချင်း အရေးယူဆောင်ရွက်ပေးတာမျိုးရှိတယ်)

၎။ လူတွေကို ပါလာအောင် စည်းရုံးနိုင်ပုံရတယ် (ပုံမှန် အမှိုက်ကောက်ပွဲ အစစ်တွေကို အပတ်စဉ်လုပ်တာမှာ လူတွေ တော်တော် တက်တက်ကြွကြွပါတာတွေ့ရတယ်၊ ၀န်ထမ်းတွေကိုလည်း အမှိုက်သိမ်းသမားကအစ ဂရုတစိုက်ရှိတာကို မြင်ရတယ်)

၅။ ဥပဒေချိုးဖောက်တဲ့သူတွေကိုလည်း ချက်ချင်းအရေးယူတယ်

၆။ စိတ်ကူးတွေကို လက်တွေ့အကောင်အထည်ဖော်ပြီး မြင်သာတဲ့ တိုးတက်မှုတွေနဲ့ သက်သေပြတယ်

၇။ သောက်အရေမရ အဖတ်မရတွေ လျှောက်ပြောပြီး အရင်လူကိုလက်ညှိုးထိုးနေတာမျိုး သိပ်မတွေ့ရဘူး ( ပင်နီဝတ်အစိုးရလက်ထက် အထူးခြားဆုံး ကော်မတီပဲ)

၈။ မီဒီယာအားကောင်းတယ်။ မြို့တော်ဝန်ကိုယ်တိုင် သူလုပ်နေတာတွေကို သူ့ဖေ့ဘုတ်ကနေတစ်ဆင့် အမြဲတမ်း ပြည်သူကို တင်ပြနေတယ်။ ပွင့်လင်းမြင်သာမှု အားကောင်းတဲ့အတွက် နားလည်မှုလွဲတာတွေ တမင်တိုက်ခိုက်ချင်သူတွေအတွက် အခွင့်အလမ်းနည်းသွားတယ်

၉။ လူကြီးလူကောင်းတွေပီပီ ယဉ်ကျေးချိုသာ ပြောဆို ညှိနှိုင်းနိုင်တဲ့အတွက် စစ်တပ်ကတောင် တပ်ထဲကဖြတ်ပြီး လမ်းဖောက်လုပ်ဖို့ ခွင့်ပြုချင်လာအောင် စည်းရုံးရေးစွမ်းရည်ကောင်းတယ်။
.
. . . ကျုံးနဲ့ မြို့ရိုးကြားက မြေကွက်လပ်မှာ မြေယာရှုခင်းအလှဆင် ပန်းခြံလုပ်ဖို့ကို ကော်မတီက ဒီဇိုင်းတွေဘာတွေဆွဲ ပြင်ဆင်ထားပြီဖြစ်ပေမယ့် တပ်မတော်ကပဲ တာဝန်ယူလုပ်ပါမယ်ဆိုလို့ တပ်မတော်ကို လွှဲပေးထားတယ်ပြောတယ်။ တပ်ရဲ့ စီမံခန့်ခွဲမှုနဲ့ ကော်မတီရဲ့ စီမံခန့်ခွဲမှု နှစ်ခုကို နှိုင်းယှဉ်ကြည့်ဖို့ အခွင့်အခါကောင်းမို့ စောင့်ကြည့်ရမှာပဲ။
.
အောက်မှာ လင့်နှစ်ခုပေးထားတယ်
.
မန်းလေးမြို့တော်ဝန်ရဲ့ ဖေ့ဘုတ်အကောင့်
https://www.facebook.com/ye.lwin.54922169
.
ဧရာဝတီမှာဖော်ပြထားတဲ့ သတင်း
https://burma.irrawaddy.com/…/viewpo…/2018/10/26/173222.html


No comments:

Post a Comment