ပထမဆုံးဖွင့်ခဲ့တဲ့ ဘလော့ကတော့ သင်ကြားရေးကိစ္စတွေနဲ့မို့ ရေရှည်ဆက်မသုံးဖြစ်လိုက်ပေမယ့် ဒုတိယဖွင့်တဲ့ ဘလော့က အခုဝင်ကြည့်ရင် ကိုယ့်ရဲ့ ငယ်ဘ၀မှတ်တမ်းတွေကို တွေ့နေရတုန်း။ ၂၀၀၇ လောက်မှာ စဖွင့်ခဲ့တာဆိုတော့ ဆယ့်တစ်နှစ်လောက်ရှိပြီ
အခုလက်ရှိ မှတ်တမ်းတိုက်အဖြစ်သုံးနေတဲ့ ဘလော့ကို အိန္ဒိယမှာနေတုန်းက စဖွင့်ခဲ့တာ။ အိန္ဒိယအခြေခံဥပဒေအကြောင်း တစ်ခန်းချင်းရှင်းလင်းမှတ်စုတွေကို မြန်မာလို မှတ်တမ်းတင်မယ်၊ နေခဲ့တဲ့ တွေ့ခဲ့တဲ့ အတွေ့အကြုံတွေကို ရေးမယ်ဆိုပြီး ဖွင့်လိုက်တာကနေ အခုချိန်ထိ စွဲစွဲမြဲမြဲ မှတ်တမ်းတင်ဖြစ်နေတုန်းပဲ
ဖေ့ဘုတ်ကတော့ အယုံအကြည်သိပ်မရှိလို့ စိတ်ကူးပေါက်ရင်တင်တယ်၊ ဖျက်ချင်လည်းဖျက်တယ်။ ပိုစ့်တွေ ပုံတွေတင်မကဘူး၊ ဖေ့ဘုတ်အကောင့်ကိုလည်း တစ်နှစ်တစ်ခါနီးပါးလောက် ဖျက်ပြီး အသစ်ပြန်သုံးဖြစ်တယ်။ ဖေ့ဘုတ်မှာ သုံးတဲ့ အီးမေးကိုလည်း ကိုယ်တရားဝင်သုံးနေတဲ့ အီးမေးနဲ့ ဘယ်တော့မှ ချိတ်မထားဘူး။ ဖေ့ဘုတ်အကောင့်တစ်ခုဖွင့်ရင် အီးမေးအသစ်တစ်ခုဖွင့်ပြီး သုံးတာပဲ။ ကိုယ့်အကောင့်လုံခြုံရေးရယ် ကိုယ့်အီးမေးတွေ လုံခြုံရေးရယ် ဒီလောက်တော့ ခွဲခြားထားမှဖြစ်မယ်လို့ အောက်မေ့တယ်
ဒါကြောင့် ဖေ့ဘုတ်ကို အကြောင်းပြုပြီးတော့ဖြင့် ကိုယ့်ကို နောက်ကြောင်းလှန်ဖို့ ဘယ်တော့မှများ စိတ်မကူးကြလေနဲ့။ကိုယ်ပုံမှန်စာရေးနေတဲ့ ဂျာနယ်တွေ သတင်းစာတွေတောင် တစ်ချို့ သိပ်ကို စည်းစနစ်တကျနဲ့ မှတ်တမ်းတင်တဲ့ တိုက်တွေကလွဲရင် ကိုယ်ဘယ်သူလဲဆိုတာ သိကြတာမဟုတ်။ ကိုယ့်မှာ သတင်းစာဂျာနယ်တိုက်နဲ့ ဆက်သွယ်တဲ့ အီးမေးက သပ်သပ်၊ ကျောင်းကိစ္စ တက္ကသိုလ်ကိစ္စ နဲ့ ပညာရေးကိစ္စအတွက် သုံးတဲ့ အီးမေးက သပ်သပ်၊ ကိုယ်ဖတ်ချင်တဲ့စာတွေဘာတွေနဲ့ ပတ်သက်ပြီး သုံးတဲ့အီးမေးက သပ်သပ်၊ ဖေ့ဘုတ်အီးမေးက သပ်သပ်၊ ကိုယ့်ဓာတ်ပုံတွေဘာတွေကို ဂူဂဲဆာဗာမှာ သိမ်းတဲ့ အီးမေးက သပ်သပ်။
တစ်ခုတော့ရှိတယ်
ကိုယ့်ဖုန်းကို ရအောင်ယူနိုင်ရင်တော့ အာ့တာတွေ ရကောင်းရမယ်
ဒါပေမယ့် ကိုယ့်ဖုန်းက စကားဝှက် ဆယ်ခါ မှားထည့်မိတာနဲ့ ဖုန်းထဲက ဒေတာ အကုန်ပျက်မှာ၊ဖုန်းထဲကဒေတာပျက်တာက ကိုယ့်အတွက် ကိစ္စမရှိဘူး၊ ဖုန်းထဲကဒေတာက ကလောက်ထဲ အချိန်နဲ့တစ်ပြေးညီရောက်နေတာ အချိန်မရွေး ပြန်ဆွဲချလို့ရတယ်။ ကိုယ့်ဖုန်းကိုခိုးရင် ဖုန်းအခွံပဲရကောင်းရမယ်။ ဆင်းကတ်ကတော့ စဉ်းစားမနေနဲ့ ဖုန်းထဲကဆင်းကတ်က အင်တာနက်သုံးဖို့အတွက်ပဲ ကျန်တဲ့ကိစ္စတွေအတွက် သုံးတဲ့ နံပတ်ပါတဲ့ ဆင်းကတ်တွေကို ကိုယ်နဲ့အတူ ထားလေ့မရှိဘူး။
ကိုယ့်အကြောင်းကို သေချာသိချင်ရင် အသေချာဆုံးနည်းလမ်းက တစ်ခုပဲရှိတယ်။ သိချင်ရင် ကိုယ်နဲ့ခင်အောင်လုပ် ကိုယ်ကချစ်အောင်နေ၊ ချစ်တဲ့သူတွေကို ကိုယ်က သိပ်ယုံတာ
:p :p :p
ငါ့သယ်ရင်း ဟက်ကာတွေ မမြင်ပါစေနက်

No comments:
Post a Comment