Monday, 28 March 2016
ခရီးသွား
သွားလေရာရာ သူ့ပုံပြင်စာအုပ်တွေ ကစားစရာတွေ သယ်သွားချင်တဲ့ ပန်းပွင့်လေးအတွက် ခရီးသွားခါနီးတဲ့အခါ ထည့်ချင်ရာထည့်ဖို့ အိတ်တစ်လုံး သပ်သပ်ပေးပြီး ထည့်ခိုင်းတယ်။ တစ်ခါတစ်လေ မနိုင်မနင်းဖြစ်တာတွေ အရေးတကြီး ပြေးရလွှားရတာတွေရှိလို့ ဖအေလုပ်သူက ခဏတဖြုတ် ကူသယ်ပေးတာကလွဲရင် ခရီးစဉ်တစ်လျှောက်လုံး ကိုယ့်အိတ်ကိုယ်ဆွဲပဲ။ တစ်ခါလောက် ကြုံဖူးသွားတဲ့အခါ ခရီးသွားရင် ကစားစရာတွေ အများကြီးထည့်ချင်တိုင်း ကိုယ်ထည့်သမျှ ကိုယ်သယ်ရမှာပါလား၊ ကိုယ့်တာဝန်ကိုယ်ယူရတာပါလားဆိုတဲ့အသိက သူ့ကို ပိုပြီး စဉ်းစားတတ်စေဖို့ အထောက်အကူပေးနိုင်လောက်တယ် . . .
(ပန်းပွင့်လေးမေမေကတော့ ဖအေလစ်ရင်လစ်သလို ကူကူဆွဲပေးသတဲ့) — feeling confident at Akihabara Station.
Labels:
ပန်းပွင့်လေး
Location:
1 Chome Sotokanda, Chiyoda, Tokyo, Japan
Monday, 21 March 2016
ဂျပန်ဒိုင်းယက်လွှတ်တော် ဥပဒေပြုစနစ်
ဂျပန်နိုင်ငံရဲ့ ဥပဒေပြုလွှတ်တော်ကို National Diet of Japan လို့ခေါ်ပြီး ဂျပန်လိုတော့ 日本国の国会 (Nippon-koku no Kokkai) လို့ခေါ်ပါတယ်။ ပထမဆုံး ဒိုင်းယက်အစည်းအဝေးကို ၁၈၉၀ နိုဝင်ဘာလ ၂၉ ရက်မှာ ပြဌာန်းခဲ့တဲ့ မေဂျီအခြေခံဥပဒေအရ ၁၈၈၉ ခုနှစ်မှာ စတင်ကျင်းပခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်အပြီး ဂျပန်တွေ စစ်ရှုံးပြီးတဲ့နောက် မေဂျီအခြေခံပဒေကို ပြင်ဆင်တဲ့ အနေနဲ့ စစ်ပြီးခေတ် အခြေခံဥပဒေကို ၁၉၄၆ နိုဝင်ဘာလ ၃ ရက်နေ့မှာ ပြဌာန်းခဲ့ပြီး ၁၉၄၇ မေလ ၃ ရက်နေ့မှာ အာဏာတည်ခဲ့ပြီး ဥပဒေသစ်အရ ပထမဆုံး ဒိုင်းယက်လွှတ်တော် အစည်းအဝေးကို အဲသည်နှစ် မေလ ၂၀ ရက်နေ့မှာ စတင်ကျင်းပခဲ့ပါတယ်။ အခြေခံဥပဒေအရ ပါလီမန်ဒီမိုကရေစီစနစ်ကို ချမှတ်ထားပြီး အုပ်ချုပ်ရေး ဥပဒေပြုရေးနဲ့ တရားစီရင်ရေး အာဏသုံးရပ် ပိုင်းခြားထားပြီး ဥပဒေပြုရေးအာဏာကို ဒိုင်းယက်လွှတ်တော်က ကျင့်သုံးပါတယ်။
အာဏာသုံးရပ် အချင်းချင်း အပြန်အလှန် ထိန်းကျောင်းပုံ
ဂျပန်ဒိုင်းယက်ကို အထက်လွှတ်တော် အောက်လွှတ်တော်ဆိုပြီး လွှတ်တော်နှစ်ရပ်နဲ့ ဖွဲ့စည်းထားပါတယ်။ လွှတ်တော်နှစ်ရပ်စလုံးကို ပြည်သူလူထု က တိုက်ရိုက်ရွေးကောက်တင်မြှောက်ရပါတယ်။ မဲဆန္ဒနယ်တစ်ခုမှာ လူတစ်ဦးဟာ လွှတ်တော်တစ်ရပ်စီအတွက် မဲ နှစ်မဲ ပေးရပါတယ်။ တစ်မဲက အမတ်လောင်းကို ပေးရတာဖြစ်ပြီး နောက်တစ်မဲက ပါတီကို ပေးရတာဖြစ်ပါတယ်။ အသက် ၂၀ ပြည့်ပြီးသူ ဂျပန်နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့်ရှိပြီး အခု ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲတွေကနေစပြီး အသက် ၁၈ နှစ် ပြည့်ပြီးသူတိုင်း မဲပေးခွင့်ရှိလာပြီ ဖြစ်ပါတယ်။ မဲပေးပိုင်ခွင့်ရှိသူရဲ့ အသက်သတ်မှတ်ချက်၊ မဲပေးနည်းစနစ်၊ မဲပေးသူနဲ့ အမတ်လောင်းများ အရည်အချင်းကို အခြေခံဥပဒေထဲမှာ ပြဌာန်းထားခြင်း မရှိဘဲ ဒိုင်းယက်က ဥပဒေပြု ပြဌာန်းထားပါတယ်။ ဒါပေမယ့် လျှို့ဝှက်မဲပေးစနစ် ကျင့်သုံးဖို့နဲ့ လူမျိုး ဘာသာ ဆင်းရဲ ချမ်းသာ ပညာအရည်အချင်း ကျားမ မခွဲခြား မဲပေးခွင့်ရှိဖို့ကိုတော့ အခြေခံဥပဒေက အာမခံချက် ပေးထားပါတယ်။
အောက်လွှတ်တော် စုံညီအစည်းအဝေးခန်းမ
အထက်လွှတ်တော်မှာ အမတ်ဦးရေ ၂၄၂ ဦးရှိပြီး မဲအများဆုံးရသူများကို ရွေးကောက်တင်မြှောက်တဲ့စနစ်နဲ့ ၁၄၆ ယောက်၊ အချိုးကျကိုယ်စားပြုစနစ်နဲ့ ၉၆ ယောက် ရွေးကောက်တင်မြှောက်ခံထားရပါတယ်။ အထက်လွှတ်တော် သက်တမ်းက ခြောက်နှစ်ဖြစ်ပြီး အမတ်ဦးရေ ထက်ဝက်ကို သုံးနှစ်တစ်ကြိမ် ရွေးကောက်တင်မြှောက်ပါတယ်။ အသက်သုံးဆယ်ပြည့်ပြီးတဲ့ နိုင်ငံသားများ အထက်လွှတ်တော်အမတ်အဖြစ် ရွေးကောက်ပွဲ ၀င်နိုင်ပြီးတော့ အထက်လွှတ်တော်ကို ၀န်ကြီးချုပ်က ဖျက်သိမ်းပိုင်ခွင့် မရှိပါဘူး။
လွှတ်တော်အမတ်များရဲ့ လစာဟာ ယန်းဆယ့်သုံးသိန်းခန့် (မြန်မာငွေ သိန်းတစ်ရာ့လေးဆယ်ကျော်ခန့်) ရှိပြီး နိုင်ငံတော်စရိတ်နဲ့ လက်ထောက်သုံးယောက်စီ ခန့်ထားနိုင်ပါတယ်။ ရထားလက်မှတ်အခမဲ့စီးနင်းခွင့်ရှိပြီး တစ်လကို လေးကြိမ် နေရပ်နဲ့တိုကျို အသွားအပြန် လေယာဉ်လေးခေါက် အခမဲ့ စီးနင်းခွင့် ရှိပါတယ်။
ဧကရာဇ်ဘုရင်မင်းမြတ် မိန့်ခွန်းပြောကြားစဉ်
လွှတ်တော်ဖွင့်ပွဲတွင် အောက်လွှတ်တော်ဥက္ကဌ အဖွင့်မိန့်ခွန်း ပြောနေစဉ်
စုံညီအစည်းအဝေးတစ်ခု
ဝန်ကြီးချုပ်ကို လွှတ်တော်နှစ်ရပ်လုံးမှာ ဗြောင်ဆန္ဒမဲပေးစနစ်နဲ့ ရွေးချယ်ပါတယ်။ အမတ်တွေပေးရတဲ့ ဆန္ဒမဲလက်မှတ်မှာ မိမိဆန္ဒပြုလိုသူ ၀န်ကြီးချုပ်လောင်း အမည်ကိုသာမက မိမိကိုယ်တိုင်ရဲ့ အမည်ကိုလည်းရေးသားပြီး မဲပုံးမှာ သွားထည့်ရတာပါ။
လွှတ်တော်ဥက္ကဌ နှင့် ၀န်ကြီးချုပ် ဆန္ဒပြု မဲပြား
ထောက်ခံဆန္ဒမဲပြား အဖြူ နှင့် ကန့်ကွက်ဆန္ဒမဲပြား အစိမ်း
ဝန်ကြီးချုပ် ရှင်ဇိုအာဘေးး မိန့်ခွန်းပြောနေစဉ်
လွှတ်တော် ကော်မတီ ကော်မရှင်နှင့် အဖွဲ့များ
အမြဲတမ်းကော်မတီများ
အထူးကော်မတီများ
အမတ်များ ဆန္ဒမဲ ပေးနေပုံ
ပထမဆုံး ၀န်ကြီးချုပ် မင်းသားကြီး ဟီရူဘူမီအီတို နှင့် ၀န်ကြီးချုပ် ရှင်ဇိုအာဘေး (၂၀၁၆)
Sunday, 20 March 2016
ဒိုင်းယက်ထဲကို ရောက်ခဲ့တယ်
ဆရာယာမာဒါရဲ့ ပြည်သူ့ရေးရာစီမံခန့်ခွဲမှု ဘာသာရပ်ရဲ့ သင်ခန်းစာ တစ်စိတ်တစ်ပိုင်းအဖြစ် တိုကျိုမြို့က ဒိုင်းယက်လွှတ်တော်ကို အလည်တစ်ခေါက် ရောက်ခဲ့ပါတယ်။ ဒိုင်းယက်လွှတ်တော်ကို လေ့လာရေးသွားချင်ရင် အီးမေးကနေ ကြိုတင်ခွင့်ပြုချက်တောင်းပြီး သွားလို့ရပါတယ်။ ဂျပန်ဘာသာစကား နားလည်သူတွေအတွက် ဘယ်နေ့မှာမဆို သွားရောက်နိုင်ပေမယ့် အင်္ဂလိပ်လိုမှ နားလည်သူတွေအတွက်ကိုတော့ အပတ်စဉ် တနင်္လာနေ့ နေ့လည် နှစ်ရာရီ နဲ့ ကြာသပတေးနေ့ နေ့လည် သုံးနာရီတွေမှာ အင်္ဂလိပ်စကားပြော ဧည့်လမ်းညွှန် စီစဉ်ပေးထားပါတယ်။ လည်ပတ်ချိန် တစ်နာရီခွဲခန့် ကြာမြင့်ပါတယ်။
ဒိုင်းယက်လွှတ်တော် ရှေ့ဘက်မျက်နာစာ မြင်ကွင်း
ကျွန်တော်တို့အဖွဲ့မှာ ဆရာအပါအ၀င် စုစုပေါင်း အယောက်လေးဆယ်လောက်ပါပါတယ်။ ပထမဆုံး ဒိုင်းယက်လွှတ်တော်ထဲက အောက်လွှတ်တော် နောက်ကျောဘက် အ၀င်ပေါက်မှာ ကားရပ်ပြီး အထဲကို ၀င်ရပါတယ်။ အထဲကို မ၀င်ခင် အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ ဆရာက ကားပေါ်က အရင်ဆင်းပြီး ရောက်ရှိကြောင်း သတင်းပို့ပါတယ်။ ဒိုင်းယက်လွှတ်တော်အကြောင်း သိကောင်းစရာ အင်္ဂလိပ်လို ပြုစုထားတဲ့ စာအုပ်လေးတွေကို ၀င်ခွင့်လက်မှတ်အဖြစ် တစ်ယောက်တစ်အုပ် ပေးပါတယ်။ သတင်းပို့ပြီးတဲ့အခါ အားလုံးအထဲကို စ၀င်ရပါတယ်။ အ၀င်ဝ အဆောင်ထဲမှာပဲ လုံခြုံရေးစစ်ဆေးတာတွေလုပ်ပြီး လေ့လာရေးခရီး စပါတယ်။ အထဲကို တယ်လီဖုန်း ကင်မရာနဲ့ အခြားပစ္စည်းတွေ ကို စစ်ဆေးပြီး သယ်ယူခွင့်ပြုပါတယ်။ အထဲမှာ အောက်လွှတ်တော် အစည်းအဝေး ခန်းမကလွဲပြီး ကျန်တဲ့နေရာတွေကို ဓာတ်ပုံမရိုက်ဖို့ တကယ်လို့ ဓာတ်ပုံရိုက်ခဲ့တယ်ဆိုရင် အဖွဲ့ခေါင်းဆောင်အနေနဲ့ စုံစမ်းစစ်ဆေးခံရမှာဖြစ်ကြောင်း၊ အဖွဲ့နဲ့ဝင်တဲ့အခါမှာလည်း ဧည့်လမ်းညွှန် ခေါ်ဆောင်တဲ့ အတိုင်း သေသေချာချာ လိုက်ဖို့၊ လွှတ်တော်ထဲမှာ လမ်းပျောက်ပြီး အထက်လွှတ်တော်ဘက်ကို မတော်တဆ ရောက်သွားရင် ဖမ်းပြီး ရဲစခန်း ပို့မှာဖြစ်ကြောင်း စစ်ကြောမေးမြန်းစုံစမ်းစစ်ဆေးတာ ခံရမှာဖြစ်ကြောင်း သေသေချာချာ ရှင်းပြပြီး အထဲကို စ၀င်ရပါတယ်။
တိုင်လုံးကြီး လေးလုံးနဲ့ ထောက်မထားတဲ့ ဗဟိုဝင်ပေါက် ဆင်ဝင်ဆောင်
အထက်လွှတ်တော် ဆင်ဝင်အနီးစိုက်ထူထားသော ဆာမူရိုင်း မင်းသားကြီး ဟီရိုဘူမီအီတို ရုပ်တု
ဂျပန်ဒိုင်းယက် လွှတ်တော်ဝင်းရဲ့ အကျယ်အ၀န်းက ၂၅ ဧကကျော် ရှိပြီး အဲသည်ဝင်းရဲ့ အလယ်က စတုရန်းပေ ၁၄၃၇၆၂ မှာ လွှတ်တော်ဆောင်ကို ဆောက်လုပ်ထားပါတယ်။ တောင်နဲ့မြောက် ၆၇၇ ပေ ရှည်လျားပြီး အရှေ့နဲ့အနောက် ပေ ၂၉၀ ကျယ်ဝန်းပါတယ်။ အောက်ခြေကနေ အမိုးအထိ ၆၈ ပေကျော် မြင့်မားပြီး ဗဟိုခန်းမဆောင်အပေါ်က မျှော်စင်ထိပ်အထိကတော့ ပေနှစ်ရာကျော် မြင့်ပါတယ်။ မျှော်စင်ပေါ်က အပေါ်ဆုံးထပ်ထိဆို အထပ်ကိုးထပ် ရှိပါတယ်တဲ့။ အမေရိကန်တွေ သူတို့ကို အနိုင်ရချိန်က ဒိုင်းယက်လွှတ်တော်မျှော်စင်ထိပ်က အမြင့်ဆုံးခန်းမမှာ ပါတီပွဲလုပ်ပြီး ကကြခုန်ကြတာ ရှိခဲ့တဲ့အကြောင်း ရင်နာနာနဲ့ ပြောပြပါသေးတယ်။ လွှတ်တော်ကြီးကို အလုပ်သမားပေါင်း နှစ်သန်းငါးသိန်းလေးသောင်းရဲ့ လုပ်အားနဲ့ ၁၉၂၀ ဇန်န၀ါရီလကနေ ၁၉၃၆ နိုဝင်ဘာလအထိ ၁၇ နှစ်ကြာဆောက်လုပ်ခဲ့ရပြီး အဲသည်ခေတ်က ဂျပန်ယန်းငွေ ၂၅.၇ သန်း ကုန်ကျခဲ့ပါတယ်။ တည်ဆာက်စဉ်က ဂျပန်ပြည်တွင်းဖြစ် ပစ္စည်းများကိုသာ အသုံးပြုမယ်လို့ ရည်ရွယ်ခဲ့ပေမယ့် မျက်နှာကျက်နဲ့ ပြတင်းက ရောင်စုံမှန်တွေကို အင်္ဂလန်က၊ မာစတာသော့နဲ့ဖွင့်လို့ရတဲ့ တံခါးသော့တွေကို အမေရိကန်က နဲ့၊ အထပ်တိုင်းကနေ ထည့်လိုက်တဲ့ စာတွေ အောက်ဆုံးထပ်က စာတိုက်ပုံးထဲ တိုက်ရိုက်ရောက်သွားအောင် စီမံထားတဲ့ စာတိုက်ပုံးလေးတွေကို အမေရိကန်က တင်သွင်းအသုံးပြုခဲ့ရပါတယ်တဲ့။ ၁၉၃၆ ဒီဇင်ဘာလမှာ အကြိမ်ခုနစ်ဆယ်မြောက် လွှတ်တော်အစည်းအဝေးကို ဒီအဆောက်အအုံမှာ စတင်ကျင်းပ ဖွင့်လှစ်ခဲ့ပါတယ်။
အောက်လွှတ်တော်ဘက်ခြမ်း မြင်ကွင်း
ရှေ့တည့်တည့်ကနေကြည့်ရင် ဘယ်ဘက်ခြမ်းက အောက်လွှတ်တော် ညာဘက်ခြမ်းက အထက်လွှတ်တော်ဖြစ်ပြီး အရှေ့အရပ်ကို မျက်နှာမူဆောက်လုပ်ထားပါတယ်။ လွှတ်တော်ရဲ့ ရှေ့ဘက်မှာတော့ ဂျပန်ဧကရာဇ် ဘုရင်မင်းမြတ်နန်းတော်ဝင်းကြီး ရှိပါတယ်။ လွှတ်တော်ဝင်းထဲက ပင်မဆောင်ကြီးရဲ့ ဘေးတစ်ဘက်တစ်ချက်မှာ လွှတ်တော်နှစ်ရပ်ရဲ့ ကော်မတီများရုံးစိုက်ရာ အဆောက်အအုံနှစ်ခုရှိပြီး နောက်ဘက် ကပ်လျက်မှာတော့ လွှတ်တော်နှစ်ရပ်ရဲ့ ရုံးအဆောက်အုံနှစ်ခု ရှိပါတယ်။ လွှတ်တော်ဝင်းရဲ့ဘယ်ဘက်ခြမ်း အပြင်ဘက် လမ်းမကို ကျော်လိုက်ရင် အောက်လွှတ်တော် ရုံးအမှတ် ၂ နဲ့ လွှတ်တော်ပုံနှိပ်တိုက်ရှိပြီး ညာဘက်ခြမ်းမှာတော့ လွှတ်တော်ပြတိုက်နဲ့ ကားပါကင်ရှိပါတယ်။ လွှတ်တော်ဝင်းအပြင်ဘက် အနောက်ဘက်လမ်းကျော်မှာ လွှတ်တော်အမတ်တွေရဲ့ ရုံးစိုက်တဲ့ အဆောက်အအုံလေးလုံး ရှိပါတယ်။ လွှတ်တော်ဝင်းအတွင်းက မျက်နှာစာ ခြံစည်းရိုး တစ်လျှောက်မှာ ဂျပန်နိုင်ငံရဲ့ ပြည်နယ်ပေါင်း ၄၇ ခုက လက်ဆောင်ပေးပို့ထားတဲ့ သစ်ပင်ကြီး ၄၇ ပင်ကို တန်းစီစိုက်ထားပါတယ်။
ဒိုင်းယက်လွှတ်တော်
အမြဲတမ်း ပိတ်ထားလေ့ရှိသော ဗဟိုဝင်ပေါက် အတွင်းပိုင်း လှေခါးရင်း
ဗဟိုခန်းမဆောင်ကြီးဟာ လွှတ်တော်အမတ်အသစ်များ ရောက်လာတဲ့အခါ လွှတ်တော်အမတ် ရင်ထိုးတံဆိပ် ချီးမြှင့်တဲ့နေရာ ဖြစ်ပါတယ်။ ဗဟိုခန်းမဆောင်ဟာ စတုရန်းပုံရှိပြီး ထောင့်လေးထောင့်မှာ ရုပ်ထုလေးခုထားဖို့ အောက်ခံခုံလေးခု ချထားပေမယ့် ရုပ်ထုကတော့ သုံးခုပဲရှိပဲ ခုံတစ်ခုံ လွတ်နေပါတယ်။ ရုပ်ထု သုံးခုကတော့ ၀န်ကြီးချုပ်တာဝန် လေးဆက် ထမ်းဆောင်ခဲ့တဲ့ ဂျပန်ဆာမူရိုင်း မင်းသားကြီး ဟီရိုဘူမီအီတို (၁၈၄၁-၁၉၀၉)၊ ဂျပန်နိုင်ငံရဲ့ ပထမဆုံး နိုင်ငံရေးပါတီတစ်ခုကို ပြုစုပျိုးထောင်ပေးခဲ့တဲ့ နိုင်ငံရေးသမားကြီး တိုင်ဆူကီအီတာဂါကီ (၁၈၃၇-၁၉၁၉)၊ နဲ့ နာမည်ကျော် ၀ါဆဲဒတက္ကသိုလ်ကို ထူထောင်ခဲ့တဲ့ ၀န်ကြီးချုပ်တာဝန် နှစ်ခါ ထမ်းဆောင်ခဲ့သူ ရှင်ဂါနိုဘူအိုကူးမား (၁၈၃၈-၁၉၂၂) တို့ပဲ ဖြစ်ပါတယ်။ သူတို့သုံးဦးဟာ ပါလီမန်ဒီမိုကရေစီစနစ် ရှင်သန်ခိုင်မာအောင် ပြောင်ပြောင်မြောက်မြောက် ကြိုးစားခဲ့ကြလို့ အခုလို ဂုဏ်ပြုထားတာဖြစ်ပါတယ်။ ကျန်တဲ့တစ်နေရာ ဘာလို့ လွတ်နေတာလဲ ဆိုတော့ သူတို့ဂျပန်နိုင်ငံရဲ့ နိုင်ငံတော် ထူထောင်ရေးလုပ်ငန်းစဉ်ဟာ မပြီးဆုံးသေးတဲ့ အဓိပ္ပာယ်ဖြစ်ပါသတဲ့။
လွှတ်တော်အမတ် ရင်ထိုး
အမြင့်ဆုံး မျှော်စင်အောက်တည့်တည့် ဗဟိုခန်းမဆောင်
ဗဟိုခန်းမဆောင်ထဲက ရုပ်တု သုံးခု
ဗဟိုခန်းမဆောင်ရဲ့ နံရံနဲ့ မျက်နာကျက် အမိုးတို့ကို ကယ်သီဒရယ်ဘုရားကျောင်းပုံစံ အမိုးဘက်က အလင်းရောင်ဝင်အောင် ဒီဇိုင်းဆွဲ ဆောက်လုပ်ထားပါတယ်။ အပြောက်အမွှန်းတွေ ရောင်စုံပန်းခက်ပန်းနွယ်မှန်ချပ်တွေနဲ့ တန်ဆာဆင်ထားတဲ့ အပေါ်ဘက်နံရံအမြင့် လေးဘက်လေးတန်ကို ဂျပန်နိုင်ငံရဲ့ ရာသီဥတုလေးခုကို သရုပ်ဖော်တဲ့ နံရံပန်းချီလေးမျိုး ရေးဆွဲထားပါတယ်။ ရောင်စုံပန်းကွက်ဖော် မှန်တွေကတော့ လွှတ်တော်ကြီး ဆောက်လုပ်စဉ်က ဂျပန်ပြည်မှာ ရောင်စုံမှန်တွေ မလုပ်နိုင်သေးတာမို့ အင်္ဂလန်က မှာယူ တင်သွင်းခဲ့ရတယ်လို့ ဆိုပါတယ်။ စတုရန်းပေ ၂၈၀၀ ကျော်ကျယ်ဝန်းတဲ့ ဗဟိုခန်းမဆောင်ကြမ်းပြင်ကနေ အလွန်လှပတဲ့ မျက်နှာကျက်အထိ ပေတစ်ရာကျော် မြင့်ပါတယ်။
ကယ်သီဒရယ်ဘုရားကျောင်းပုံစံ ဗဟိုခန်းမဆောင် အမိုးနှင့် အလင်းရောင်ဝင်ပေါက်များ
ပြတင်းပေါက်ပေါင်းမိုးခုံးများကြား ထောင့်လေးထောင့်တွင် ခြယ်သထားသော ရာသီလေးလီ နံရံပန်းချီ
အင်္ဂလန်မှ မှာယူတင်သွင်း တပ်ဆင်ခဲ့သော ရောင်စုံမှန်ချပ်များ
ဗဟိုခန်းမဆောင် နံရံတစ်ဘက်
အောက်လွှတ်တော် အ၀င်ဝရှိ လွှတ်တော်အမတ် မှတ်ပုံတင်စက်
လွှတ်တော်လျှောက်လမ်း ကော်ဇောနီ
အောက်လွှတ်တော် အ၀င်လှေခါး
အောက်လွှတ်တော် စုံညီအစည်းအဝေး ခန်းမဆောင်
အင်ပါရာဘုရင်မင်းမြတ် ဧည့်ခန်းဆောင်ရှေ့ စင်္ကြန် မျက်နာကျက်
အင်ပါရာဘုရင်မင်းမြတ် ဧည့်ခန်းဆောင် အ၀င်ဝရှိ ကျောက်တုံးတစ်တုံးတည်းကို ထွင်းထုထားသော တံခါးပေါက်
ဧည့်ခန်းဆောင်ထဲမှ ဘုရင်မင်းမြတ်ထိုင်ခုံ
ဒိုင်းယက်လွှတ်တော်၏ အခမ်းနားဆုံး ဘုရင်မင်းမြတ် ဧည့်ခန်းဆောင်
အထက်လွှတ်တော် စုံညီအစည်းအဝေးခန်းမရှိ ဘုရင်မင်းမြတ် နေရာ
ဘုရင်မင်းမြတ်ဧည့်ခန်းဆောင်နဲ့ ကပ်လျက်ကတော့ တော်ဝင်မိသားစု ဧည့်ခန်းဆောင် ဖြစ်ပါတယ်။ ဘုရင်မင်းမြတ်ဧည့်ခန်းဆောင်လောက် မသားနားပေမယ့် တော်တော်လေးတော့ သားသားနားနားနဲ့ လှပတဲ့ ဧည့်ခန်းဆောင်ပါ။ တော်ဝင်မိသားစုဝင်များ လွှတ်တော်ကို လာတဲ့အခါ နားနေတဲ့ ခန်းမလို့ ဆိုပါတယ်။
တော်ဝင်မိသားစု ဧည့်ခန်းဆောင်
အာဏာရပါတီ နှင့် အတိုက်အခံပါတီတို့ မူဝါဒရေးရာ ဆွေးနွေးငြင်းခုံနေကြစဉ်
လွှတ်တော် ကော်မတီ စည်းဝေးခန်းတစ်ခု
လွှတ်တော်ကော်မတီ စည်းဝေးခန်းတစ်ခု
လွှတ်တော်ကော်မတီ စည်းဝေးခန်းတစ်ခု
Thursday, 10 March 2016
ထမင်းနဲလေးတွေ ဆိမ့်ပါစေ
. . . အလုပ်ကို စည်းမျဉ်းစည်းကမ်းနဲ့ညီအောင် ဘယ်လိုလုပ်မလဲဆိုတာကို လေ့လာတဲ့နေရာမှာ ကျွမ်းကျင်တဲ့ နေရာမှာ လက်အောက်ကို လက်ထပ်သွန်သင်နိုင်တဲ့နေရာမှာ ကျွန်တော် အင်မတန် လေးစားအားကျခဲ့တဲ့ လူကြီးတစ်ယောက်ကို ဒီနေ့လည်း သတိရစရာ အကြောင်း ပေါ်လာပြန်ပါတယ်။
.
. . . ထမင်းနဲတွေ ထိုးကြပြီ၊ ထမင်းနဲထိုးပွဲတွေ ကျင်းပကြပြီ။ လွန်ခဲ့တဲ့ ၂၀၀၈ ၂၀၀၉ လောက်တုန်းက ထင်ပါရဲ့။ အဲသည်တုန်းက ကျွန်တော်တို့ ၀င်းထဲမှာ ထမင်းနဲ ထိုးပွဲတွေ ဒီလောက်ကြီး မြိုင်မြိုင်ဆိုင်ဆိုင် မရှိသေးဘူးလို့ ထင်တယ်။ ကျွန်တော် မသိတာများလား။ သိသလောက်တော့ သိပ်မရှိသေးဘူးဗျ။ ကျွန်တော်ပါခဲ့တဲ့ ထမင်းနဲ ထိုးပွဲမှာ ကျွန်တော်က ကိုလှဝင်းပေါ့။ ကိုလှဝင်းဆိုတာ သိတယ်မို့လား။ ဘာပွဲညာပွဲ တီဗီက တိုက်ရိုက်လွှင့်တဲ့ ပွဲတော်တွေမှာ တစ်စက်ကလေးမှ ပါးစပ်မနားဘဲ သီကာပတ်ကုံး ရွှန်းရွှန်းဝေ စကားကြွယ်တဲ့ နောက်ခံစကားပြောသူကြီးနာမည်လေ။ ထမင်းနဲပွဲမှာ ကျွန်တော်က ကိုလှဝင်းဆိုတာ ဘာလုပ်ရတာလဲ သိပြီမဟုတ်လား။
.
. . . တီဗီထဲက ကိုလှဝင်း ပြောနေတုန်းသာ နားထောင်လို့ ကောင်းတာ၊ တကယ့်တကယ် ကိုယ်ကိုယ်တိုင် ကိုလှဝင်းလုပ်ရတော့မယ်ဆိုတော့မှ ငါက ဘာတွေ ပြောရမှာတုန်း ကိုယ့်ကိုယ်ကို မေးပြီး ပြောစရာက စိတ်ကူးတည့်ရာတွေ လျှောက်ပြောလို့ ရတာမှ မဟုတ်တာ။ ကိုယ်ပြောတာကို အာရုံစိုက် နားထောင်ကြသည်ဖြစ်စေ မထောင်ကြသည်ဖြစ်စေ ပရိသတ်ထဲမှာ ကိုယ့်ထက်သိတဲ့သူတွေ အပုံကြီး ပါနေနိုင်တာပဲ။ ထင်ရာမြင်ရာ လျှောက်ပြောလို့တော့ မဖြစ်ချေဘူးဆိုပြီး ထမင်းနဲနဲ့ ပတ်သက်သမျှ တွေ့ရာမြင်ရာ လက်လှမ်းမီရာ အကုန်လုံး စီကာပတ်ကုံးရေး၊ နောက်ခံတီးလုံးအဖြစ် မြန်မာ့စောင်းသံစဉ် လေးငါးပုဒ်လောက်ကို အဆင်သင့်လုပ်ထား။ ကိုလှကောင်းလာပြီဟေ့ နားငြီးဖို့ ပြင်ထားကြ အဲလေ နားသောတ ဆင်တော်မူကြပါ့ ပေါ့။
.
. . . တကယ့်ပွဲနေ့ကျတော့ ထမင်းနဲတွေ ထိုးကြ အိုးစည်ဒိုးပတ်နဲ့ အပြိုင်အဆိုင် ဆူဆူညံညံ မြိုင်မြိုင်ဆိုင်ဆိုင် အားတက်သရော လုပ်ကြကိုင်ကြတဲ့ အချိန်မှာ ကိုလှကောင်းအတွက် နေရာမရှိသေးဘူးလေ။ ဒီလောက် ဆူညံပွက်လောရိုက်နေတဲ့အချိန် ကိုလှဝင်းသွားလုပ် လေကုန်ရုံ ရှိပေမပေါ့။ တီဗီက တိုက်ရိုက်လွှင့်သလို နောက်ခံအသံတွေ တိုးထားတာတို့ ဖျောက်ထားတာတို့လည်း လုပ်လို့မရဘူးလေ။ လိုက်ရှိုးဆိုပေတဲ့ တစ်ဆင့်ခံ လိုက်ရှိုးမှ မဟုတ်တာ။ တိုက်ရိုက်လိုက်ရှိုးကြီးဆိုတော့ကာ ကိုယ်ပြချင်တာလေး ကွက်ပြပြီး ကိုယ်ပြောချင်တာတွေ စွတ်ပြောနေလို့ ရတဲ့ အခြေအနေ မဟုတ်ဘူးဗျာ့နော်
ထမင်းနဲ ထိုးပြီးပြီ ဆုတွေဘာတွေ ကြေညာပြီး စားကြသောက်ကြ ကျွေးကြ မွေးကြပြီ ဆိုတော့မှ ကိုလှကောင်း အခန်းကဏ္ဍက ရောက်တော့တာကိုး။ မနေ့က တစ်နေ့နဲ့ တစ်ညလုံး ရှာဖွေရေးကူး စီကုံး ထားသမျှကို တီဗီထဲက ကိုလှဝင်းလေသံနဲ့ နောက်ခံ စောင်းတီးလုံးလေးနဲ့ ပြောလို့ ကောင်းနေတုန်း ရှိသေးတယ် . . .
.
.
.
. . . ရွာထဲကို ဂျပန်တွေ ၀င်လာတယ် ထင်လို့လား
.
. . . အဲဒါထက် ဆိုးတယ်ခင်ဗျ။
.
. . . ခုနင်က အထက်က ကျွန်တော်ပြောခဲ့တဲ့ ကျွန်တော် အင်မတန် လေးစားတဲ့ လူကြီးကလေ။ ပွဲထကြမ်းပါလေရောလား။ ပြီးခဲ့တဲ့ မိနစ်ပိုင်းအထိ တစ်မနက်လုံး အုံးအုံးကျက်ကျက် ပျော်ပျော်ရွှင်ရွှင် တက်တက်ကြွကြွ ဖြစ်နေတဲ့ ပွဲလေးဟာ အဲလူကြီးရဲ့ ဒေါသအောက်မှာ တစ်ခါတည်း ပျက်စီးခြင်းငါးပါး ဆိုက်ပါလေရော။
.
. . . ကျွန်တော်လား
.
. . . မိုက်ခဲနေရရင် ကျေနပ်နေတဲ့ ကျွန်တော်၊ ကျွန်တော်သိပ်မြတ်နိုးတဲ့ စောင်းတီးလုံးလေးနောက်ခံထားလို့ အသံနေအသံထားနဲ့ ထမင်းနဲဆိုတာ ဘယ်လို ဘယ်လို ပြင်ဆင်ရတယ် ဘယ်လို ချွေးပြိုက်ပြိုက်ကျအောင် ထိုးရတယ်။ ကျန်းမာရေးအရ ဘယ်လို အထောက်အကူဖြစ်တယ်။ ဥတုဘောဇနကျမ်းအလိုအရ ဘယ်ဓာတ်က ဘယ်ကဲ့သို့ ၊ ဘယ်စာဆိုကြီးကတော့ဖြင့်ရင် ထမင်းနဲပွဲနဲ့ ပတ်သက်ပြီး ဘယ်လိုတွေ သီကုံးဖွဲ့ဆိုခဲ့တယ်။ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး ဘာပြုတယ် ညာပြုတယ် . . . ပြောရင်းပြောရင်း ဖီလင်တွေတက်ပြီး ကိုယ့်အသံကို သာယာပြီး ပြောလို့ဟောလို့ ကောင်းနေတုန်းရှိသေး . . . အစ်ကိုကြီးတစ်ယောက်က ပြူးပြူးပျာပျာ ရောက်လာတဲ့ပြီး ဟကောင် သောက်တုံး လျှောက်ပြောမနေနဲ့ ရှေ့မှာဘာတွေဖြစ်နေတုန်း နားလည်းစွင့်အုံးဟ ဆိုတော့ ဘာလား။ မီးများ လောင်တာလားပေါ့။
.
. . . ဟုတ်တယ်ဗျ မီးလောင်တာ
.
. . . ဘာမီးလဲဆိုတော့ ဒေါသမီးလေ။ အာ့လူကြီးမှာ လောင်တဲ့ ဒေါသမီးအပူက ပွဲတစ်ပွဲလုံးကို ကူးစက်ပြီး ပျော်ရွှင်ချမ်းမြေ့ ကြည်နူးစရာကောင်းတဲ့ ထမင်းနဲပွဲလေးဟာ အောင်မြင်ပါလျက်ကနဲ့ အကျဉ်းတန် အရုပ်ဆိုး ဒေါသမီးဘေး သင့်ခဲ့ရတယ်။
.
. . . ဘာတွေကများ အာ့လူကြီးကို စိတ်ဆိုးဒေါသထွက်ရလောက်အောင် ဖြစ်စေခဲ့တာပါလိမ့်။ တကယ်တမ်းကျတော့ ဘာမှလည်း မယ်မယ်ရရ မဟုတ်ဘူးဗျ။ ဒီလိုပဲ လုပ်ကြကိုင်ကြတဲ့ နေရာမှာ အဆင်မသင့်တာလေးတွေ အချိုးမကျတာလေးတွေဆိုတာ ရှိတတ်ကြတာပေါ့။ တကယ်တမ်းသာဆို ထမင်းနဲထိုးပွဲ ပြီးပြီဆိုမှ နောက်တစ်နေ့ ကျမှဖြစ်ဖြစ် ပြန်လည်သုံးသပ် အားသာချက် အားနည်းချက် ဖော်ထုတ်ကြဒီလိုလုပ်သင့်တာပေါ့။ လူကြီးလူကောင်း ဆန်ဆန် စနစ်တကျပေါ့။
.
. . . အခုတော့ မဟုတ်ပေါင်ဗျာ။ ငါလူကြီး ငါပြောရင် ဒီကောင်တွေ ငြိမ်ခံနေရမှာပဲဆိုပြီးတော့လေ။ ကိုယ့်ဒေါသကို မထိန်းသိမ်းပဲ ကုသိုလ်တရားကို ဖျက်ဆီး၊ ပျော်ရွှင်မှုကို ဖျက်ဆီး၊ တစ်လောကလုံးကို သူ့လောက် အသုံးမကျဘူးဆိုတဲ့ အတွေးအခေါ်မျိုးနဲ့ လုပ်ရက်နိုင်အားသူကြီးပေါ့ဗျာ။ သူ့စိတ်ခံစားချက်ကို မထိန်းသိမ်းတဲ့ အကျိုးဆက်က တစ်ခြားသူတွေတော့ မသိဘူး။ ကျွန်တော်ဆို ထမင်းနဲမြင်တိုင်း ဒီလူကြီး ဖျက်ဆီးခဲ့တဲ့ ထမင်းနဲပွဲကို ပြေးပြေးမြင်မိလို့ တစ်ခါတစ်ခါ ထမင်းနဲ အရသာတောင် လျှာပေါ်မှာ ခါးသလိုလို ဖြစ်မိတယ်။ ထမင်းနဲထိုးပွဲတွေမြင်ရရင် ဒီလူကြီးများ လာနှောင့်ယှက်အုံးမလား ပွဲဖျက်အုံးမလား ပူပင်စိတ်ကလေး လှစ်ကနဲ ပေါ်မိတဲ့အထိ ကျွန်တော့်စိတ်ကို အဲဒီတစ်ဒင်္ဂလေးမှာ လာလာလောင်တယ်။ အဲဒီလိုလောင်တိုင်းလည်း ချမ်းမြေ့ဆရာတော်ဘုရားကြီး သွန်သင်ခဲ့တဲ့အတိုင်း ကိုယ့်စိတ်ရဲ့ အဖြစ်အပျက်ကို မြင်အောင်ကြည့်ပြီး ကိုယ့်မီးကို ငြှိမ်းရတာ. . .
.
. . . ဒီလိုပြောလို့ ဒီလူကြီးကို မုန်းနေတယ် မထင်လေနဲ့။ အမှားတွေကို ရှောင်ဖို့ အမှန်တွေကို ဆောင်ဖို့ သူ့ဆီက သင်ယူနိုင်ခဲ့တာတွေ နည်းတာမှတ်လို့၊ အဲသည်တုန်းက အထက်လူကြီး လက်အောက်ငယ်သား၊ နောင် တစ်နှစ်ခွဲလောက်ကြာတော့ လုပ်ဖော်ကိုင်ဖက် သဘောမျိုး ကိုယ့်ကို တန်းတူရည်တူ ဆက်ဆံလို့ အရေးအရာလုပ်ပြီး တိုင်ပင်ဆွေးနွေးလို့၊ နောက် မတွေ့ဖြစ်ကြတော့ဘူး။ သူ့ရဲ့ လုပ်ရည်ကိုင်ရည် တော်တော်များများကို အခုထိ လေးစားအားကျတုန်း။ ဒါပေမယ့် .
.
. . . ဒါပေမယ့် ထမင်းနဲစားချိန် လျှာပေါ်မှာ လှစ်ကနဲ လှစ်ကနဲ ခါးခါး သွားတာကတော့ ဆိုးလှသဗျာ။
.
(တပို့တွဲ လပြည့်နေ့ ၁၃၇၇)
.
. . . ထမင်းနဲတွေ ထိုးကြပြီ၊ ထမင်းနဲထိုးပွဲတွေ ကျင်းပကြပြီ။ လွန်ခဲ့တဲ့ ၂၀၀၈ ၂၀၀၉ လောက်တုန်းက ထင်ပါရဲ့။ အဲသည်တုန်းက ကျွန်တော်တို့ ၀င်းထဲမှာ ထမင်းနဲ ထိုးပွဲတွေ ဒီလောက်ကြီး မြိုင်မြိုင်ဆိုင်ဆိုင် မရှိသေးဘူးလို့ ထင်တယ်။ ကျွန်တော် မသိတာများလား။ သိသလောက်တော့ သိပ်မရှိသေးဘူးဗျ။ ကျွန်တော်ပါခဲ့တဲ့ ထမင်းနဲ ထိုးပွဲမှာ ကျွန်တော်က ကိုလှဝင်းပေါ့။ ကိုလှဝင်းဆိုတာ သိတယ်မို့လား။ ဘာပွဲညာပွဲ တီဗီက တိုက်ရိုက်လွှင့်တဲ့ ပွဲတော်တွေမှာ တစ်စက်ကလေးမှ ပါးစပ်မနားဘဲ သီကာပတ်ကုံး ရွှန်းရွှန်းဝေ စကားကြွယ်တဲ့ နောက်ခံစကားပြောသူကြီးနာမည်လေ။ ထမင်းနဲပွဲမှာ ကျွန်တော်က ကိုလှဝင်းဆိုတာ ဘာလုပ်ရတာလဲ သိပြီမဟုတ်လား။
.
. . . တီဗီထဲက ကိုလှဝင်း ပြောနေတုန်းသာ နားထောင်လို့ ကောင်းတာ၊ တကယ့်တကယ် ကိုယ်ကိုယ်တိုင် ကိုလှဝင်းလုပ်ရတော့မယ်ဆိုတော့မှ ငါက ဘာတွေ ပြောရမှာတုန်း ကိုယ့်ကိုယ်ကို မေးပြီး ပြောစရာက စိတ်ကူးတည့်ရာတွေ လျှောက်ပြောလို့ ရတာမှ မဟုတ်တာ။ ကိုယ်ပြောတာကို အာရုံစိုက် နားထောင်ကြသည်ဖြစ်စေ မထောင်ကြသည်ဖြစ်စေ ပရိသတ်ထဲမှာ ကိုယ့်ထက်သိတဲ့သူတွေ အပုံကြီး ပါနေနိုင်တာပဲ။ ထင်ရာမြင်ရာ လျှောက်ပြောလို့တော့ မဖြစ်ချေဘူးဆိုပြီး ထမင်းနဲနဲ့ ပတ်သက်သမျှ တွေ့ရာမြင်ရာ လက်လှမ်းမီရာ အကုန်လုံး စီကာပတ်ကုံးရေး၊ နောက်ခံတီးလုံးအဖြစ် မြန်မာ့စောင်းသံစဉ် လေးငါးပုဒ်လောက်ကို အဆင်သင့်လုပ်ထား။ ကိုလှကောင်းလာပြီဟေ့ နားငြီးဖို့ ပြင်ထားကြ အဲလေ နားသောတ ဆင်တော်မူကြပါ့ ပေါ့။
.
. . . တကယ့်ပွဲနေ့ကျတော့ ထမင်းနဲတွေ ထိုးကြ အိုးစည်ဒိုးပတ်နဲ့ အပြိုင်အဆိုင် ဆူဆူညံညံ မြိုင်မြိုင်ဆိုင်ဆိုင် အားတက်သရော လုပ်ကြကိုင်ကြတဲ့ အချိန်မှာ ကိုလှကောင်းအတွက် နေရာမရှိသေးဘူးလေ။ ဒီလောက် ဆူညံပွက်လောရိုက်နေတဲ့အချိန် ကိုလှဝင်းသွားလုပ် လေကုန်ရုံ ရှိပေမပေါ့။ တီဗီက တိုက်ရိုက်လွှင့်သလို နောက်ခံအသံတွေ တိုးထားတာတို့ ဖျောက်ထားတာတို့လည်း လုပ်လို့မရဘူးလေ။ လိုက်ရှိုးဆိုပေတဲ့ တစ်ဆင့်ခံ လိုက်ရှိုးမှ မဟုတ်တာ။ တိုက်ရိုက်လိုက်ရှိုးကြီးဆိုတော့ကာ ကိုယ်ပြချင်တာလေး ကွက်ပြပြီး ကိုယ်ပြောချင်တာတွေ စွတ်ပြောနေလို့ ရတဲ့ အခြေအနေ မဟုတ်ဘူးဗျာ့နော်
ထမင်းနဲ ထိုးပြီးပြီ ဆုတွေဘာတွေ ကြေညာပြီး စားကြသောက်ကြ ကျွေးကြ မွေးကြပြီ ဆိုတော့မှ ကိုလှကောင်း အခန်းကဏ္ဍက ရောက်တော့တာကိုး။ မနေ့က တစ်နေ့နဲ့ တစ်ညလုံး ရှာဖွေရေးကူး စီကုံး ထားသမျှကို တီဗီထဲက ကိုလှဝင်းလေသံနဲ့ နောက်ခံ စောင်းတီးလုံးလေးနဲ့ ပြောလို့ ကောင်းနေတုန်း ရှိသေးတယ် . . .
.
.
.
. . . ရွာထဲကို ဂျပန်တွေ ၀င်လာတယ် ထင်လို့လား
.
. . . အဲဒါထက် ဆိုးတယ်ခင်ဗျ။
.
. . . ခုနင်က အထက်က ကျွန်တော်ပြောခဲ့တဲ့ ကျွန်တော် အင်မတန် လေးစားတဲ့ လူကြီးကလေ။ ပွဲထကြမ်းပါလေရောလား။ ပြီးခဲ့တဲ့ မိနစ်ပိုင်းအထိ တစ်မနက်လုံး အုံးအုံးကျက်ကျက် ပျော်ပျော်ရွှင်ရွှင် တက်တက်ကြွကြွ ဖြစ်နေတဲ့ ပွဲလေးဟာ အဲလူကြီးရဲ့ ဒေါသအောက်မှာ တစ်ခါတည်း ပျက်စီးခြင်းငါးပါး ဆိုက်ပါလေရော။
.
. . . ကျွန်တော်လား
.
. . . မိုက်ခဲနေရရင် ကျေနပ်နေတဲ့ ကျွန်တော်၊ ကျွန်တော်သိပ်မြတ်နိုးတဲ့ စောင်းတီးလုံးလေးနောက်ခံထားလို့ အသံနေအသံထားနဲ့ ထမင်းနဲဆိုတာ ဘယ်လို ဘယ်လို ပြင်ဆင်ရတယ် ဘယ်လို ချွေးပြိုက်ပြိုက်ကျအောင် ထိုးရတယ်။ ကျန်းမာရေးအရ ဘယ်လို အထောက်အကူဖြစ်တယ်။ ဥတုဘောဇနကျမ်းအလိုအရ ဘယ်ဓာတ်က ဘယ်ကဲ့သို့ ၊ ဘယ်စာဆိုကြီးကတော့ဖြင့်ရင် ထမင်းနဲပွဲနဲ့ ပတ်သက်ပြီး ဘယ်လိုတွေ သီကုံးဖွဲ့ဆိုခဲ့တယ်။ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး ဘာပြုတယ် ညာပြုတယ် . . . ပြောရင်းပြောရင်း ဖီလင်တွေတက်ပြီး ကိုယ့်အသံကို သာယာပြီး ပြောလို့ဟောလို့ ကောင်းနေတုန်းရှိသေး . . . အစ်ကိုကြီးတစ်ယောက်က ပြူးပြူးပျာပျာ ရောက်လာတဲ့ပြီး ဟကောင် သောက်တုံး လျှောက်ပြောမနေနဲ့ ရှေ့မှာဘာတွေဖြစ်နေတုန်း နားလည်းစွင့်အုံးဟ ဆိုတော့ ဘာလား။ မီးများ လောင်တာလားပေါ့။
.
. . . ဟုတ်တယ်ဗျ မီးလောင်တာ
.
. . . ဘာမီးလဲဆိုတော့ ဒေါသမီးလေ။ အာ့လူကြီးမှာ လောင်တဲ့ ဒေါသမီးအပူက ပွဲတစ်ပွဲလုံးကို ကူးစက်ပြီး ပျော်ရွှင်ချမ်းမြေ့ ကြည်နူးစရာကောင်းတဲ့ ထမင်းနဲပွဲလေးဟာ အောင်မြင်ပါလျက်ကနဲ့ အကျဉ်းတန် အရုပ်ဆိုး ဒေါသမီးဘေး သင့်ခဲ့ရတယ်။
.
. . . ဘာတွေကများ အာ့လူကြီးကို စိတ်ဆိုးဒေါသထွက်ရလောက်အောင် ဖြစ်စေခဲ့တာပါလိမ့်။ တကယ်တမ်းကျတော့ ဘာမှလည်း မယ်မယ်ရရ မဟုတ်ဘူးဗျ။ ဒီလိုပဲ လုပ်ကြကိုင်ကြတဲ့ နေရာမှာ အဆင်မသင့်တာလေးတွေ အချိုးမကျတာလေးတွေဆိုတာ ရှိတတ်ကြတာပေါ့။ တကယ်တမ်းသာဆို ထမင်းနဲထိုးပွဲ ပြီးပြီဆိုမှ နောက်တစ်နေ့ ကျမှဖြစ်ဖြစ် ပြန်လည်သုံးသပ် အားသာချက် အားနည်းချက် ဖော်ထုတ်ကြဒီလိုလုပ်သင့်တာပေါ့။ လူကြီးလူကောင်း ဆန်ဆန် စနစ်တကျပေါ့။
.
. . . အခုတော့ မဟုတ်ပေါင်ဗျာ။ ငါလူကြီး ငါပြောရင် ဒီကောင်တွေ ငြိမ်ခံနေရမှာပဲဆိုပြီးတော့လေ။ ကိုယ့်ဒေါသကို မထိန်းသိမ်းပဲ ကုသိုလ်တရားကို ဖျက်ဆီး၊ ပျော်ရွှင်မှုကို ဖျက်ဆီး၊ တစ်လောကလုံးကို သူ့လောက် အသုံးမကျဘူးဆိုတဲ့ အတွေးအခေါ်မျိုးနဲ့ လုပ်ရက်နိုင်အားသူကြီးပေါ့ဗျာ။ သူ့စိတ်ခံစားချက်ကို မထိန်းသိမ်းတဲ့ အကျိုးဆက်က တစ်ခြားသူတွေတော့ မသိဘူး။ ကျွန်တော်ဆို ထမင်းနဲမြင်တိုင်း ဒီလူကြီး ဖျက်ဆီးခဲ့တဲ့ ထမင်းနဲပွဲကို ပြေးပြေးမြင်မိလို့ တစ်ခါတစ်ခါ ထမင်းနဲ အရသာတောင် လျှာပေါ်မှာ ခါးသလိုလို ဖြစ်မိတယ်။ ထမင်းနဲထိုးပွဲတွေမြင်ရရင် ဒီလူကြီးများ လာနှောင့်ယှက်အုံးမလား ပွဲဖျက်အုံးမလား ပူပင်စိတ်ကလေး လှစ်ကနဲ ပေါ်မိတဲ့အထိ ကျွန်တော့်စိတ်ကို အဲဒီတစ်ဒင်္ဂလေးမှာ လာလာလောင်တယ်။ အဲဒီလိုလောင်တိုင်းလည်း ချမ်းမြေ့ဆရာတော်ဘုရားကြီး သွန်သင်ခဲ့တဲ့အတိုင်း ကိုယ့်စိတ်ရဲ့ အဖြစ်အပျက်ကို မြင်အောင်ကြည့်ပြီး ကိုယ့်မီးကို ငြှိမ်းရတာ. . .
.
. . . ဒီလိုပြောလို့ ဒီလူကြီးကို မုန်းနေတယ် မထင်လေနဲ့။ အမှားတွေကို ရှောင်ဖို့ အမှန်တွေကို ဆောင်ဖို့ သူ့ဆီက သင်ယူနိုင်ခဲ့တာတွေ နည်းတာမှတ်လို့၊ အဲသည်တုန်းက အထက်လူကြီး လက်အောက်ငယ်သား၊ နောင် တစ်နှစ်ခွဲလောက်ကြာတော့ လုပ်ဖော်ကိုင်ဖက် သဘောမျိုး ကိုယ့်ကို တန်းတူရည်တူ ဆက်ဆံလို့ အရေးအရာလုပ်ပြီး တိုင်ပင်ဆွေးနွေးလို့၊ နောက် မတွေ့ဖြစ်ကြတော့ဘူး။ သူ့ရဲ့ လုပ်ရည်ကိုင်ရည် တော်တော်များများကို အခုထိ လေးစားအားကျတုန်း။ ဒါပေမယ့် .
.
. . . ဒါပေမယ့် ထမင်းနဲစားချိန် လျှာပေါ်မှာ လှစ်ကနဲ လှစ်ကနဲ ခါးခါး သွားတာကတော့ ဆိုးလှသဗျာ။
.
(တပို့တွဲ လပြည့်နေ့ ၁၃၇၇)
Saturday, 5 March 2016
Constitutional Rigidity and Myanmar Democratization
Introduction
Myanmar was under the military regime named State Law and Order Restoration Council, and State Peace and Development Council for more than twenty years. The military government drew a constitution and promulgated it in 2008, and as a consequence, a general election was held in 2010. The main opposition party, National League for Democracy (NLD) boycotted the 2010 elections. The newly elected government was established in 2011 led by President U Thein Sein, the head of the Union Solidarity and Development Party (USDP). The USDP government could make important reforms and could persuade the trust of the opposition groups. As soon as the president took the office, a negotiation took place between the president and Daw Aung San Suu Kyi, the chair of NLD. As a consequence, NLD decided to run the 2012 by-elections and won 43 out of 44 seats in the parliament.
Issues
In the election campaign for 2012 by-elections, the NLD made three commitments and one of which coincides with an item on the president’s reform agenda. Both of the ruling party and the opposition party have the same view on the necessity of making changes in the constitution. The ruling party believes that the constitution needs to make changes in order to meet the demands of the ethnic minorities and to build peace in the country. However, the NLD’s concern is to remove undemocratic provisions from the constitution. Despite different opinions on how to make changes in the constitution, a common challenge for both parties is the higher rigidity of the constitution.
According to Chapter 7, article 436 of the Constitution of the Republic of the Union of Myanmar, over 75 percent “Yes” vote could pass a bill of constitutional amendment which means the constitution cannot be amended without the consent of the Tatmadaw (Defense Services) because 25 percent of the parliament seats are occupied by the military personnel nominate by the Commander-in-Chief of the Defense Services.
From the Tatmadaw point of view, they assume themselves as a guardian institution of the democracy, and they do not want anything which could have a negative impact on the democratization of the country. The Tatmadaw believes that the current pace of democratization is the most suitable for the country, and the constitution should not be changed very urgently. The reason is that maintaining the status quo of the constitution is a need to be in harmony with the democratization process.
However, the ruling party proposed “a bill of constitutional amendment” in the parliament in June 2015. The bill included a major change in article 436 “constitutional amendment process” by replacing “over 75%” with “70%” yes vote of the parliament to pass a bill of amending the constitution, which means that the constitution must be able to make changes without the approval of the 25% Tatmadaw MPs. As expected, the parliament could not pass the bill since it received only 66.55% of votes in favor because the Tatmadaw (and some other MPs) did not agree to give up the “veto power” for amending the constitution. Therefore, the constitution of Myanmar still needs over 75% approvals (at least one Tatmadaw MP’s yes vote) of the parliament, and it keeps the status quo of constitutional rigidity.
Discussion and Conclusion
In the last October 2015 general elections, NLD won a landslide victory and could occupy the majority seats of the both houses of the parliament. It is very likely that the NLD will also try to remove the veto of the Tatmadaw in the process of the constitutional amendment, and the Tatmadaw will again reject it. The attempt of the NLD would end up with a political tension between the Tatmadaw and NLD because the Tatmadaw will never give up its political involvement until the problems of the ethnic armed groups have been solved. At the same time, the political involvement of the Tatmadaw would be denied if the constitution could be amendment without the consent of the Tatmadaw MPs.
In my opinion, the constitution is too rigid to make a change which is essentially important for the development of democratization. On the other hand, the concern of the Tatmadaw on democratization pace should also be appreciated. However, these two factors should not be the two extremes for considering Myanmar democratization development. Therefore, the best way to reduce the rigidity of the constitution without neglecting the concern of the Tatmadaw is negotiating between the stakeholders of the NLD and the Tatmadaw. Both parties should understand and recognize each other’s concerns because mutual understanding is very important for corporation and trust building. If the NLD and the Tatmadaw could successfully cooperate in state building, then the rigidity of the constitution would no longer a barrier to the future democratization of the country.
Reference
Hnin Yadana Zaw. (2015, June 25). Myanmar military retains veto after constitution change veto fails. Retrieved January 20, 2016, from http://www.reuters.com
Myanmar Parliament Begins Debate on Bill to Amend Constitution. (2015, June 23). Retrieved January 20, 2016, from http://www.rfa.org
President Thein Sein's Inangural Speech. (2011, March 31). The Global New Light of Myanmar
The Constitution of the Republic of the Union of Myanmar (2008)
Z. Wendy. (2014, November 3). Burma: Pledge to Consider Amending Constitutional Provision Giving Military the Power to Veto Amendments. Retrieved January 20, 2016, from http://www.loc.gov
Professor's Comment
The paper focuses on the constitutional rigidity in Myanmar. It describes the democratic transition in 2010, the requirement for the constitutional amendment, and the Tatmadaw’s and NLD’s stances toward the constitutional rigidity. The description is clear, and the discussions are rigorous and insightful. Nicely done.
Wednesday, 2 March 2016
မင်ဒဲလား လား သက်ဆင်လား
အကောင်းဆုံးကိုလည်း မျှော်လင့်ထားတယ် အဆိုးဆုံးအခြေအနေအတွက်လည်း ပြင်ဆင်ထားတယ် ဆိုတာ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းမှာ ဗိုလ်ချုပ်အောင်ဆန်းသုံးခဲ့တဲ့ စကားလေးအဖြစ် ငယ်ငယ်ကတည်းက ခဏခဏ သင်ခဲ့ရလို့ မြန်မာလိုသာမက အင်္ဂလိပ်လိုပါ အလွတ်ရနေတဲ့ စာသားလေးဖြစ်ပါတယ်။ ဒီစာသားလေးနဲ့ ဆက်စပ်ပြီး ကြားမိတဲ့ စကားလေးတစ်ခုကို မိတ်ဆွေတွေကို မျှဝေချင်တာကြောင့် ဒီစာကိုရေးဖြစ်တာပါ။ အင်္ဂလိပ်လိုတော့ "Hope for a Mandela, but prepare for a Thaksin". မြန်မာလိုတော့ "မင်ဒဲလားဖြစ်လာမလားဆိုတာကို မျှော်လင့်ထားပါ ဒါပေမယ့် သက်ဆင်ဖြစ်လာရင်လည်း ရင်ဆိုင်ဖို့ အသင့်ပြင်ထားပါ" လို့ ဆိုလိုဟန် ရှိပါတယ်။
ဒီစကားလေးမှာပါတဲ့ မင်ဒဲလား တို့ သက်ဆင်တို့ဆိုတဲ့ နာမည်တွေက ကျွန်တော်တို့တွေနဲ့ သိပ်စိမ်းတဲ့သူတွေ မဟုတ်ပါဘူး။ ဒါပေမယ့် ဆိုလိုရင်းကို ဖမ်းဆုပ်မိအောင်လို့ သူတို့ဘယ်သူဘယ်ဝါဆိုတာတော့ နည်းနည်းပြောပြ မိတ်ဆက်ပါရစေပါအုံး။
မင်ဒဲလားဆိုတာ တောင်အာဖရိကနိုင်ငံရဲ့ သမ္မတအဖြစ် ၁၉၉၄ ကနေ ၁၉၉၉ အထိ တာဝန်ထမ်းဆောင်ခဲ့တဲ့သူ ဖြစ်ပါတယ်။ သမ္မတ ဆိုတာထက် လူဖြူလူမည်း အသားအရောင်ခွဲခြားမှု ဆန့်ကျင်ရေး ခေါင်းဆောင်အဖြစ် ကမ္ဘာကျော်ခဲ့တဲ့သူပါ။ သူ့ရဲ့ လှုပ်ရှားမှုတွေကြောင့် လူဖြူအစိုးရရဲ့ ထောင်သွင်းအကျဉ်းချမှုကို အနှစ်သုံးဆယ်နီးပါး ခံခဲ့ရပြီး နောက်ဆုံးမှာတော့ ထောင်ကလွတ်မြောက်လာကာ နိုင်ငံရေးအပြောင်းအလဲကို အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ခဲ့တဲ့သူ ဖြစ်ပါတယ်။ လူမည်းတွေ ကြီးစိုးဖို့ မဟုတ်ဘဲ လူဖြူလူမည်း အခွင့်အရေး တန်းတူညီမျှ နဲ့ သင့်သင့်မြတ်မြတ် ပူးပေါင်းဆောင်ရွက်ကြဖို့ ရည်ရွယ်ရင်းရှိတဲ့ သူ့ရဲ့ စိတ်ကူးတွေကို အကောင်အထည် ဖော်နိုင်ခဲ့တာကို သေသေချာချာ တွေ့ကြုံခံစားခွင့်ရပြီးမှ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် အသက် ကိုးဆယ့်ငါးနှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပါတယ်။ သူကွယ်လွန်သွားတော့ တစ်ကမ္ဘာလုံးက ဒီမိုကရေစီရေး တန်းတူညီမျှရေး လှုပ်ရှားကြိုးပမ်းနေသူများအားလုံးက ၀မ်းပန်းတနည်း ဂုဏ်ပြုနုတ်ဆက်ခဲ့ကြပါတယ်။
နောက်တစ်ယောက်ကတော့ ထိုင်းနိုင်ငံဝန်ကြီးချုပ် သက်ဆင်ဖြစ်ပါတယ်။ သက်ဆင်ကိုတော့ တော်တော်များများက ရဲအရာရှိဘ၀ကနေ စီးပွားရေးနယ်ပယ်မှာပါ အောင်မြင်ခဲ့တဲ့ ထိုင်းနိုင်ငံရေးသမား သန်းကြွယ်သဌေးတစ်ယောက်အဖြစ်ပဲ သိကြတာများပါတယ်။ သက်ဆင်တို့ လက်စောင်းထက်ပုံများတော့ ၀န်ကြီးချုပ်တာဝန် သက်တမ်းကုန်အောင် ထမ်းဆောင်ခွင့်ရဖို့တောင် မလွယ်လှတဲ့ ထိုင်းနိုင်ငံမှာ ၀န်ကြီးချုပ်အဖြစ် ဒုတိယအကြိမ် ရွေးကောက်တင်မြှောက်ခံခဲ့ရတဲ့အပြင် စစ်တပ်က အာဏာသိမ်းပြီ်းတာတောင်မှ ညီမအရင်းဖြစ်သူကို ၀န်ကြီးချုပ်အဖြစ် တင်မြှောက်နိုင်လောက်အောင် လုပ်နိုင်ခဲ့တဲ့သူပါ။
သက်ဆင်အကြောင်း ပြောမယ်ဆိုရင် ထိုင်းနိုင်ငံရဲ့ ဆယ့်ခြောက်ခုမြောက် အခြေခံဥပဒေအကြောင်း ထည့်ပြောမှ ပြည့်စုံမယ် ထင်ပါတယ်။ ထိုင်းနိုင်ငံမှာ ၁၉၃၂ သက်ဦးဆံပိုင်ဘုရင်ကို အာဏာသိမ်းပြီး စည်းမျဉ်းခံဘုရင်စနစ် စတင်ကျင့်သုံးတဲ့ အချိန်ကနေ အခုလက်ရှိ အာဏာသိမ်း စစ်အစိုးရ ကျင့်သုံးနေဆဲဖြစ်တဲ့ ၂၀၁၄ ခုနှစ် ကြားဖြတ်အခြေခံဥပဒေ အထိ အခြေခံဥပဒေပေါင်း ၁၉ ခုရှိခဲ့ပြီး ၁၉၉၇ ခုနှစ်မှာ အတည်ပြုပြဌာန်းခဲ့တဲ့ အခြေခံဥပဒေတစ်ခုသာလျှင် ပြည်သူအများရဲ့ သဘောထားကို အလေးထားရေးဆွဲခဲ့တဲ့ "ပြည်သူ့အခြေခံဥပဒေ" အဖြစ် နိုင်ငံတကာ ပညာရှင်အသိုင်းအ၀ိုင်းက အသိအမှတ်ပြု ခံခဲ့ရတာဖြစ်ပါတယ်။ စစ်တပ်က ကာလတော်တော်များများ နိုင်ငံရေးကို ခွစီးထားတဲ့ ထိုင်းနိုင်ငံရဲ့ ဆွဲခဲ့သမျှ အခြေခံ ဥပဒေတွေတိုင်းမှာ နိုင်ငံရေးပါတီတွေ အားနည်းစေမယ့်အချက်တွေသာ ပါတာများပြီး ၁၉၉၇ အခြေခံဥပဒေကျမှသာ နိုင်ငံရေးပါတီတွေ အားကောင်းအောင် နိုင်ငံရေးတည်ငြိမ်အောင် ပုံစံထုတ်ရေးဆွဲခဲ့တယ်လို့ ဆိုပါတယ်။ ဒီမိုကရေစီ တန်ဖိုးတွေ စံတွေနဲ့ အများကြီး ထုံမွှမ်းနေခဲ့တဲ့ ၁၉၉၇ အခြေခံဥပဒေအရ သက်ဆင်ဟာ ၂၀၀၁ ခုနှစ်မှာ ၀န်ကြီးချုပ်ဖြစ်လာခဲ့ပါတယ်။ ထိုင်းနိုင်ငံသမိုင်းမှာ ပထမဆုံးသော သက်တမ်းပြည့်ထမ်းဆောင်ခွင့်ရ ၀န်ကြီးချုပ်အဖြစ် ၂၀၀၅ ခုနှစ်ထိ ထမ်းဆောင်ခဲ့ပြီး ၂၀၀၅ ခုနှစ်မှာ ကျင်းပတဲ့ ရွေးကောက်ပွဲမှာလည်း မဲအများစုနဲ့ အနိုင်ရလို့ ၀န်ကြီးချုပ်အဖြစ် ဒုတိယအကြိမ် တာဝန်ထမ်းဆောင်ခွင့်ရတဲ့သူ ဖြစ်ပါတယ်။
ဒီမိုကရေစီသဘောတရားတွေ တန်ဖိုးတွေနဲ့ ပြည်သူ့ဆန္ဒကို ထင်ဟပ်ပြီး ရေးဆွဲထားပါတယ်ဆိုတဲ့ ၁၉၉၇ အခြေခံဥပဒေ ပြဌာန်းချက်များကို အခွင့်အရေးအဖြစ် အမိအရအသုံးချပြီး သက်ဆင်ဟာ မိမိအကျိုးစီးပွားအတွက် အများကြီး လုပ်ဆောင်ခဲ့ပါတယ်။ ကျေးလက်လူထု လူများစုအကြိုက်ကို စီးပွားရေးသမားပီပီ ပါးပါးနပ်နပ် ကိုင်တွယ်ရင်း ထောက်ခံမှုတွေ အများကြီးရလာတဲ့အချိန်မှာ သက်ဆင်ဟာ အာဏာရှင်တစ်ယောက် ဖြစ်မှန်းမသိ ဖြစ်လာခဲ့ပါတယ်။ အာဏာကို မိမိကိုယ်ကျိုးစီးပွားအတွက် အသုံးချတာ၊ လူ့အခွင့်အရေးတွေ ချိုးဖောက်တာ၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တွေ မီဒီယာတွေကို နှိပ်ကွပ်တာ၊ စစ်တပ်ထဲမှာ ဂိုဏ်းခွဲဝင်ထောင်ဖို့ကြိုးစားတာ နဲ့ နောက်ဆုံး ဘုရင်မင်းမြတ်ကိုတောင် အာခံဖို့ ကြိုးစားတဲ့အထိ အစွန်းထွက်ခဲ့တဲ့ သက်ဆင်အစိုးရကို ၂၀၀၆ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းခဲ့ပါတယ်။ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရတစ်ရပ်ကို ဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်းတယ်ဆိုတာ သာမန်အားဖြင့် ဘယ်လိုမှ လက်ခံနိုင်စရာကိစ္စတစ်ရပ် မဟုတ်ပေမယ့် ၂၀၀၆ အာဏာသိမ်းပွဲကိုတော့ လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စတစ်ခုအဖြစ် Good Coup လို့တာင် ပညာရှင်အချို့ သုံးသပ်ထားကြပါတယ်။ သက်ဆင်အကြောင်းကို ချုပ်ပြောရရင် ပြည်သူ့အခြေခံဥပဒေအရ ဒီမိုကရေစီနည်းနဲ့ လူအများစုက ထောက်ခံလို့ တက်လာတဲ့ အစိုးရခေါင်းဆောင်တစ်ယောက်ဟာ အဲသည် အခွင့်အရေးတွေကို သူ့ကိုယ်ကျိုးအတွက် ပါးပါးနပ်နပ် အသုံးချရင်း၊ နိုင်ငံရေးအာဏာတွေကို တစ်ယောက်တည်းက ချုပ်ကိုင်ဖို့ကြိုးစားရင်း အာဏာရှင်ခေါင်းဆောင်တစ်ယောက် ဖြစ်သွားခဲ့တာပါ။
ဒီအထိ ဖတ်ပြီးပြီ ဆိုရင်ဖြင့် အထက်မှာပြောခဲ့တဲ့ "မင်ဒဲလားဖြစ်လာမလားဆိုတာကို မျှော်လင့်ထားပါ ဒါပေမယ့် သက်ဆင်ဖြစ်လာရင်လည်း ရင်ဆိုင်ဖို့ အသင့်ပြင်ထားပါ" ဆိုတဲ့စကားရဲ့ ဆိုလိုရင်းကို သဘောမိကြပြီလို့ ယူဆပါတယ်။
မြန်မာ့နိုင်ငံရေးမှာလည်း လောလောဆယ်တော့ မင်ဒဲလားဖြစ်လာဖို့ မျှော်လင့်ချက်က ရှိနေပါပြီ။ မင်ဒဲလားတကယ်ဖြစ်လာမလား ဆိုတာ မသေချာပေမယ့် သက်ဆင်ဖြစ်မယ့် အလားအလာကလည်း သေးလှတယ်တော့ မဟုတ်ပါဘူး။ ဥပမာ ပြောရရင် ဥပဒေပြုရေးအကြီးအကဲ နှစ်ယောက်နဲ့ အနိုင်ရပါတီဥက္ကဌတို့ ဆက်ဆံရေးကို ကြည့်ရင် ဥပဒေပြု လွှတ်တော်နှစ်ရပ်က အင်အားကြီး ပါတီတစ်ခုတည်းအတွင်းမှာကို သဘောထားအမှန်နဲ့ ငြင်းကြခုန်ကြဖို့ ဖြစ်နိုင်ပါ့မလား သံသယရှိစရာ ဖြစ်နိုင်သလို အုပ်ချုပ်ရေးအကြီးအကဲ တင်မြှောက်ပြီးတဲ့ အချိန်မှာလည်း အုပ်ချုပ်ရေးအကြီးအကဲရဲ့ လွတ်လပ်စွာ စီမံခန့်ခွဲခွင့်ကိုလည်း သံသယဖြစ်စရာ ရှိနေပါတယ်။ တစ်ခါ အထက်ကပြောခဲ့တဲ့ အတိုင်း လွှတ်တော်နှစ်ရပ်ကြားမှာ လွတ်လွတ်လပ်လပ် သဘောထားကွဲလွဲ ဆွေးနွေးငြင်းခုံတာတွေ ဆိတ်သုဉ်းမယ် ဒါမှမဟုတ် ဟန်ပြသဘောလောက်ပဲ ရှိနေမယ်၊ နောက်ပြီး အုပ်ချုပ်ရေးအကြီးအကဲကလည်း လွတ်လပ်စွာ စီမံခန့်ခွဲပိုင်ခွင့် အားနည်းမယ် ဆိုရင်၊ ဥပဒေပြုရေးနဲ့ အုပ်ချုပ်ရေးတို့ အပြန်အလှန် ထိန်းကျောင်းကြမယ့် ဟန်ချက်ညီ ဒီမိုကရေစီစနစ်ကိုလည်း မြင်ရဖို့ အလားအလာ နည်းပါတယ်။ ဒါဆိုရင်တော့ ကျွန်တော်တို့ရဲ့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲက မင်ဒဲလားကို မွေးဖွားပေးမှာ မဟုတ်ဘဲ သက်ဆင်ကို မွေးဖွားပေးလိုက်သလို ဖြစ်နေတော့မှာပါ။ မင်ဒဲလား သို့မဟုတ် သက်ဆင် အခြေအနေ နှစ်ခုထဲက ဘယ်ဘက်ကို အလေးသာမယ်ဆိုတာကတော့ အခုချိန်မှာ ပြောဖို့ စောပါသေးတယ်။ ဒီမိုကရေစီ သန္ဓေတည်နေတဲ့ မြန်မာ့နိုင်ငံရေး မင်ဒဲလားကိုသာ မွေးဖွားပေးပါစေလို့လည်း ဆုတောင်းပါတယ်။ တကယ်လို့သာ မင်ဒဲလားကို မမွေးဘဲ သက်ဆင်ကိုမွေးလာမယ်ဆိုရင်လည်း ဖြစ်လာမယ့်အခြေအနေကို ရင်ဆိုင်ကြဖို့ ကျွန်တော်တို့ အခုချိန် ဘာတွေ ကြိုတင်ပြင်ဆင်ထားသင့်ပါသလဲ
The Voice Daily Vol 3. No 282. 2016 March 2
.
https://drive.google.com/file/d/0B--t85AlezzcaGtTcE9NbURQbU0/view?usp=sharing
ရွှင်လန်းချမ်းမြေ့ပါစေ
ဗိုလ်ကောင်း
Labels:
Printed,
မြန်မာ့နိုင်ငံရေး,
ခေတ်သမိုင်း
Subscribe to:
Posts (Atom)