Thursday 14 November 2013

ဆရာဂျွန်ရဲ့ အမြင်

          ဆရာဂျွန်ဟာ ဗြိတိသျှလူမျိုး ဆရာတစ်ယောက်ဖြစ်ပါတယ်။ မြန်မာပြည်ကို လွန်ခဲ့တဲ့ နှစ်ပေါင်း များစွာကတည်းက အကြိမ်ကြိမ်ရောက်ဖူးသူ လောလောဆယ် မြန်မာရပ်ကွက်ထဲမှာ အိမ်ငှားနေပြီး မြန်မာပြည်မှာ စာသင်နေတဲ့ ဆရာတစ်ယောက်ပါ။ မြန်မာပုဆိုးကို အမြဲတမ်း ၀တ်ဆင်၊ မြန်မာစာကို ကောင်းကောင်း ဖတ်တတ်ပြီး မြန်မာစကားကို ပြောတတ်တဲ့ သူတစ်ယောက် ဖြစ်ပါတယ်။ ရန်ကုန်တက္ကသိုလ်ထဲမှာ ခဏတန်းဖြုတ်ချိန် စကားစမြည်ပြောရင်း သူ့ရဲ့ အမြင်တစ်ချို့ကို သိခဲ့ရပါတယ်
- လွန်ခဲ့တဲ့အချိန်တွေတုန်းက ခုလို ရန်ကုန်တက္ကသိုလ်မှာ စာသင်ရဖို့ မပြောနဲ့ ခြေချခွင့်တောင် မရခဲ့ဘူး
- အရင်တုန်းက မြန်မာပြည်နဲ့ ပတ်သက်ပြီး အနောက်မီဒီယာတွေက အဆိုးမြင်လွန်း အားကြီးတယ် သူတို့ရေးတာတွေ မမှန်ဘူးဆိုတာ မြန်မာပြည်ကို အခါခါ ရောက်နေတဲ့ သူက ကောင်းကောင်း သိခဲ့တယ်။ အခုတော့ သူတို့ အနောက်မီဒီယာတွေ လေသံပြောင်းသွားကြပါပြီ
- မြန်မာမီဒီယာတွေက တာဝန်မဲ့လွန်း အားကြီးတယ်
- မြန်မာပြည်သူတွေက လွတ်လပ်ခွင့်ကို အလွဲသုံးစား လုပ်ကြတယ် ဒါကတော့ မလွတ်လပ်တဲ့ အခြေအနေကနေ လွတ်လပ်တဲ့ အခြေအနေကို ရုတ်တရက် ရတဲ့အခါမှာ ဖြစ်တတ်တဲ့ သဘောပါပဲ။ နောက်ပိုင်းကျရင် အသားကျသွားပြီး စည်းကမ်းရှိလာမှာပါ ဥပဒေကို လိုက်နာလာကြမှာပါ
- အရင်တုန်းက ရန်ကုန် တက္ကသိုလ်က ပေးတဲ့ဘွဲ့က အရှေ့တောင်အာရှမှာ အကောင်းဆုံးဖြစ်ခဲ့တယ်။ အခုလည်း အဲသည်အခြေအနေကို ပြန်ရောက်တော့မှာပါ အချိန်တော့ ယူရအုံးမယ်
- အဆင့်မြင့်တက္ကသိုလ်ကြီးက အမှိုက်ပုံးမရှိတော့ လူတွေက အမှိုက်ကို ပစ်ချင်ရာ ပစ်နေကြတယ်။ သိပ်ကျယ်ဝန်းခမ်းနားတဲ့ ရန်ကုန်တက္ကသိုလ်ကြီး ဒီထက် လှသင့်တယ်

No comments:

Post a Comment