“အစိုးရက ဆက်သွယ်ရေး ကွန်ရက်ပေါ်မှ အချက်အလက်များ တောင်းခံခြင်းသည် လူ့အခွင့်အရေးအတွက် မေးခွန်းထုတ်စရာ ရှိလာကြောင်း တယ်လီနောက သတင်းထုတ်ပြန်”
.
ဆိုပြီး Eleven Media Group ဝက်ဆိုက်မှာ ဒီဇင်ဘာ ၄ ရက်စွဲနဲ့ တင်ထားတဲ့ သတင်းကို ဖတ်မိတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး အစိုးရက ငါတို့ တယ်လီဖုန်းပြောနေတာ အင်တာနက်သုံးနေတာ မက်ဆေ့ပို့နေတာတွေကို ဘယ်လောက်အတိုင်းအတာထိ ကြားဖြတ် ရယူနေသလဲ၊ ရယူခွင့်ရှိသလား ၊ ငါတို့ရဲ့ လုံခြုံရေးကို ဥပဒေက ဘယ်လောက်အထိ အကာအကွယ်ပေးထားလဲ၊ အစိုးရရဲ့ လုပ်ရပ်က ဥပဒေနဲ့ ညီရဲ့လား၊ အစိုးရက တည်ဆဲဥပဒေတွေကို ချိုးဖောက်ပြီး ငါတို့ရဲ့ လွတ်လပ်လုံခြုံမှုကို ကျူးကျော်နေသလား ဆိုတဲ့ မေးခွန်းတွေ ထွက်လာလို့ လေ့လာကြည့်ရာမှာ အခုလိုတွေ့ပါတယ်
.
. . . အခြေခံဥပဒေမှာ နိုင်ငံသားတစ်ယောက်ရဲ့ လွတ်လပ်မှုနဲ့ လုံခြုံမှုကို အကာအကွယ်ပေးထားတဲ့ ပုဒ်မ နှစ်ခု တွေ့ပါတယ်။ အဲဒါတွေက -
၃၅၃။ မည်သူ့ကိုမျှ တည်ဆဲဥပဒေနှင့်အညီမှတစ်ပါး အသက်ကိုဖြစ်စေ၊ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုကို ဖြစ်စေ နစ်နာဆုံးရှုံးမှုမရှိစေရ။
၃၅၇။ ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်မဆန့်ကျင်လျှင် နိုင်ငံတော်သည် နိုင်ငံသား များ၏ နေအိမ်ဥပစာလုံခြုံမှု၊ ပစ္စည်းလုံခြုံမှု၊ စာပေးစာယူနှင့် အခြားဆက်သွယ်ရေးဆိုင်ရာ လုံခြုံမှုများ အတွက် ဥပဒေအရကာကွယ်ပေးရမည်။ တို့ပဲဖြစ်ပါတယ်။
.
. . . ဒီကိစ္စနဲ့ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုများကို ကာကွယ်ပေးနိုင်ရန်အလို့ငှာ ဆိုပြီး ပြည်ထောင်စုလွှတ်တော်က ပြဌာန်းထားတဲ့ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကိုကာကွယ်ပေးရေးဥပဒေ အခန်း (၄)
တားမြစ်ချက်များ ၊ ပုဒ်မ ၈။ တာဝန်နှင့်လုပ်ပိုင်ခွင့်ရှိသူမည်သူမျှ တည်ဆဲဥပဒေနှင့်အညီ ခွင့်ပြုမိန့်၊ ခွင့်ပြုချက် သို့မဟုတ် ဝရမ်း တစ်စုံတစ်ရာမရှိဘဲဖြစ်စေ၊ နိုင်ငံတော်သမ္မတ သို့မဟုတ် ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်မရှိဘဲ ဖြစ်စေ-
(ဂ) ပုဂ္ဂိုလ်တစ်ဦးနှင့်တစ်ဦးအကြား ဆက်သွယ်ရေးပစ္စည်းကိရိယာတစ်မျိုးမျိုးဖြင့် ဆက်သွယ်ပြော ကြားခြင်းကို ကြားဖြတ်ဖမ်းယူနားထောင်ခြင်း သို့မဟုတ် တစ်နည်းနည်းဖြင့် အနှောင့်အယှက် ပေးခြင်း မပြုရ။
(ဃ) ဆက်သွယ်ရေး အော်ပရေတာများထံမှ ပုဂ္ဂိုလ်ဆိုင်ရာ တယ်လီဖုန်းနှင့် အီလက်ထရောနစ်ဆက် သွယ်ရေး သတင်းအချက်အလက်များအား တောင်းယူခြင်း၊ ထုတ်ပေးခြင်းမပြုရ။
လို့ ဖော်ပြထားတာကြောင့် နိုင်ငံတော်သမ္မတ သို့မဟုတ် ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်ရှိခဲ့ရင် ကျနော်တို့ ပြောနေတဲ့ တယ်လီဖုန်းတွေ မက်ဆေ့တွေ စတာတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို တရားရုံးခွင့်ပြုချက်မပါဘဲ အစိုးရက တောင်းခံပိုင်ခွင့်ရှိနေတဲ့ သဘောကို တွေ့ရပါတယ်။
.
. . . ဒါ့အပြင် ဆက်သွယ်ရေးဥပဒေကို လေ့လာကြည့်တဲ့အခါမှာလည်း အခန်း (၅)
လိုင်စင်ရရှိသူ၏တာဝန်များ၊ ပုဒ်မ
၁၇။ လုပ်ငန်းလိုင်စင်ရရှိသူသည် မိမိ၏ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းမှတစ်ဆင့် ထုတ်လွှင့်သော သို့မဟုတ် ဖမ်းယူသောသတင်းအချက်အလက်များ၊ အကြောင်းအရာများနှင့် သုံးစွဲသူပြည်သူတစ်ဦး ချင်းစီ၏ လျှို့ဝှက်ထားရှိရမည့် သတင်းအချက်အလက်များကို လုံခြုံစွာထိန်းသိမ်းထားရှိပြီး တည်ဆဲဥပ ဒေများနှင့်အညီ ခွင့်ပြုထားသည့်ကိစ္စမှအပ သက်ဆိုင်ခြင်းမရှိသူအား ထုတ်ဖော်အသိပေးခြင်း မပြုရ။ လို့ဖော်ပြထားပါတယ်။
.
ဆက်သွယ်ရေးဥပဒေ အခန်း(၉) အသုံးပြုသူကို အကာအကွယ်ပေးခြင်း အခန်းမှာ
၃၁။ (က) ဦးစီးဌာနသည် လုပ်ငန်းလိုင်စင်နှင့် စပ်လျဉ်း၍ အသုံးပြုသူကို အကာအကွယ်ပေးသည့် စံနှုန်း များကို ဝန်ကြီးဌာန၏သဘောတူညီချက်ဖြင့် သတ်မှတ်ပေးရမည်။
(ခ) လုပ်ငန်းလိုင်စင်ရရှိသူသည် အသုံးပြုသူကို အကာအကွယ်ပေးသည့် စံနှုန်းများနှင့်အညီ လိုက်နာ ဆောင်ရွက်ရမည်။
၄၀။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်-
(က) ဦးစီးဌာနသည်-
(၁) လိုအပ်သောပုဂ္ဂိုလ်များကို ခေါ်ယူမေးမြန်းခြင်း၊ လိုအပ်သော သတင်းအချက်အလက်နှင့် အ ထောက်အထားများ၊ စာရွက်စာတမ်းများနှင့် စာတမ်းအမှတ်အသားများကို တင်ပြစေခြင်းတို့ကို ပြုနိုင် သည်။
၆၉။ မည်သူမဆို ဆက်သွယ်ရေးနှင့် စပ်လျဉ်း၍ တရားစွဲဆိုခြင်းကိစ္စနှင့် တရားရုံးအမိန့်အရ ထုတ် ဖော်ပြသရန် ခွင့်ပြုထားသည့်ကိစ္စများမှအပ ယုံကြည်စိတ်ချရသောစနစ်ဖြင့်ဖြစ်စေ၊ လျှို့ဝှက်စနစ်ဖြင့် ဖြစ်စေထားရှိသော သတင်းအချက်အလက်ကို ယင်းတို့နှင့်သက်ဆိုင်ခြင်းမရှိသည့် အခြားသူ တစ်ဦးဦးသို့ တစ်နည်းနည်းဖြင့် ထုတ်ဖော်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား တစ်နှစ် ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
၇၅။ နိုင်ငံတော်လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေသော မည်သည့်သတင်းအချက်အလက် နှင့် ဆက်သွယ်မှုများကို မဆို ရရှိနိုင်ရေးအတွက် နိုင်ငံသားများ၏ မူလအခွင့်အရေးများကို မထိခိုက်စေ ဘဲ ပြည်ထောင်စုအစိုးရအဖွဲ့က သက်ဆိုင်ရာအဖွဲ့အစည်းသို့ လိုအပ်သလို ညွှန်ကြားဆောင်ရွက်နိုင်သည်။
လို့ ဖော်ပြထားတဲ့ အတွက်ကြောင့် ပြည်ထောင်စုအစိုးရအဖွဲ့ကသာ ခွင့်ပြုတယ်ဆိုရင် မိမိတို့ရဲ့ ဆက်သွယ်ရေးဆိုင်ရာ အချက်အလက်တွေကို အစိုးရက တောင်းခံပိုင်ခွင့် ရှိနေပြီး သက်ဆိုင်ရာ အော်ပရေတာများက ထုတ်ပေးရမယ့် တာဝန်များ ရှိနေတာကို တွေ့ရပါတယ်
.
. . . အခြေခံဥပဒေ အခန်း (၈) နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ အခန်းက ပုဒ်မ ၃၅၃ နဲ့ ၃၅၇ တို့က ကာကွယ်ပေးထားတဲ့ အကာအကွယ်တွေကို အထက်ဖော်ပြပါ ဥပဒေနှစ်ခုဖြစ်တဲ့ (၁) နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကိုကာကွယ်ပေးရေးဥပဒေ နဲ့ (၂) ဆက်သွယ်ရေးဥပဒေ တို့မှာ ပြည်ထောင်စုအစိုးရအဖွဲ့ကို လုပ်ချင်သလိုလုပ်ဖို့ ခွင့်ပြုထားသလို ဖြစ်နေတာဟာ အခြေခံဥပဒေကို ကျော်လွန်ဖောက်ဖျက်ရာ ရောက်နေသလားလို့ ဆင်ခြင်စရာဖြစ်နေပါတယ်
.
. . . ကောင်းပါပြီ ကိုယ်ဟာ နိုင်ငံသားတစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ တကိုယ်ရေ လွတ်လပ်ခွင့်ကို အထက်ပါ ဥပဒေ ၂ ခုမှာပါတဲ့ ပြဌာန်းချက်တွေအကြောင်းပြုပြီး အစိုးရက ချိုးဖောက်နေတာကို ခံရပြီ ဆိုပါတော့၊ ဘယ်လို ကုစားမှု ယူကြရမလဲ၊ ကိုယ့်ရဲ့ လွတ်လပ်ခွင့် အခွင့်အရေးတွေကို အစိုးရက ကျူးကျော်ချိုးဖောက်နေတာတွေကို ရပ်တန်းကရပ်အောင် နိုင်ငံသားတစ်ဦးအနေနဲ့ ဘာတွေ လုပ်ပိုင်ခွင့်ရှိသလဲ၊ အစိုးရကိုယ်တိုင်ကို ကိုယ့်အခွင့်အရေးချိုးဖောက်နေတာတွေကို ရပ်တန့်သွားအောင် ဘယ်သူ့ဆီက အကာအကွယ် တောင်းခံမလဲ၊ အစိုးရကို အာ့လိုတွေ မလုပ်အောင် ဘယ်သူက တားဆီးနိုင်လဲ
.
စိတ်ပါရင် နောက်တစ်ပုဒ် ဆက်ရေးပြီး အဖြေပြောပါ့မယ်
ရွှင်လန်းချမ်းမြေ့ကြပါစေခင်ဗျ
.
ဗိုလ်ကောင်း
၅ ဒီဇင်ဘာ ၂၀၂၀
.
Eleven Media Group ဝက်ဆိုက်တွင် ရေးသားဖော်ပြချက်
https://news-eleven.com/article/199070...
.
ဖွဲ့စည်းပုံအခြေခံဥပဒေ
https://news-eleven.com/article/199070...
.
နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကိုကာကွယ်ပေးရေးဥပဒေ
https://news-eleven.com/article/199070...
.
ဆက်သွယ်ရေးဥပဒေ
နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကိုကာကွယ်ပေးရေးဥပဒေ
No comments:
Post a Comment