Tuesday 2 April 2019

令和


သက်ရှိထင်ရှား
ထီးနန်းစွန့်ရိုးမရှိ
ထုံးစံကိုပယ်ပြီး
သားတော်ကို အရိုက်အရာလွှဲမယ့်
ဧကရာဇ်မင်းမြတ်နဲ့အတူ
သက္ကရာဇ်ဟောင်းဖြိုလို့
သက္ကရာဇ်အသစ်
တစ်ကပြန်စမယ့်
သမိုင်းဝင်နေ့ကြီးကို
ကိုယ်တိုင်ကိုယ်ကျ
ဖြတ်သန်းရတော့မယ်
တော်ဝင်မိသားစုနဲ့
ဂျပန်နိုင်ငံသားအားလုံး
ရွှင်လန်းချမ်းမြေ့ပါစေ
.
🎎令和 (れいわ) (Rei Wa)(ရဲအဲဝ)🎎🇯🇵
🇯🇵ခေတ်သစ်စပြီ ဂျပန်ပြည် 🎊🎎🎊
🇯🇵 နောက်တက်မယ့် ဧကရာဇ် နရူဟိတို(Naruhito) ရဲ့  နန်းစံခေတ် အမည်ကို ဂျပန်အစိုးရအဖွဲ့ က ဒီနေ့  မနက် 11 နာရီ 41မိနစ်မှာ ထုတ်ပြန်ကြေညာပါတယ်။
🇯🇵နန်းစံခေတ်ရဲ့ အမည်က 令和 (れいわ)(Rei Wa)(ရဲအဲ ဝ) ဖြစ်ပါတယ်။ ရဲအိဝ လို အသံထွက်ရင်လည်းရပေမဲ့ ဂျပန်အသံထွက်နဲ့ အနီးစပ်ဆုံးကတော့ ရဲအဲဝ လို့ ထင်ပါတယ်။ ရဲ နဲ့ အဲ ကိုတဆက်တည်းမြန်မြန်ပြောတဲ့ပုံစံအသံထွက်ရမှာပါ။
🇯🇵 မြန်မာလို ဆီလျော်အောင် ဘာသာပြန်ရရင် " ကောင်းမွန်သောအေးချမ်းမှုဖြင့် စည်းလုံးညီညွတ်သော ခေတ် " လို့ ပြန်လို့ ရပါတယ်။
🇯🇵令(れい)(Rei )(ရအဲ) ဆိုတဲ့စာလုံးက ရှေးဟောင်းဂျပန်စာပေရဲ့  (မြန်မာလို အိုင်ချင်း)တေးတစ်ပုဒ်ထဲကနေယူထားတဲ့စာလုံးဖြစ်ပြီး အေးချမ်းခြင်း၊ကောင်းမွန်ခြင်းဆိုတဲ့ အဓိပ္ပာယ် ရပါတယ်။ဒါက ဂျပန် လို အဓိပ္ပာယ်ဖွင့်တာဖြစ်ပါတယ်။
🇯🇵和 (わ)(Wa)(ဝ) ဆိုတဲ့ စာလုံးက ဂုဏ်ယူဝမ်းမြောက်ခြင်း၊စည်းလုံးခြင်း၊ညီညွတ်ခြင်း၊အခြားသူကိုလေးစားခြင်း၊ပျော့ပြောင်းညင်သာခြင်း လို့  အဓိပ္ပာယ်ရပါတယ်။
🇯🇵 令和(ရဲအဲဝ) ဆိုတဲ့စာလုံးပါတဲ့ အိုင်ချင်းရဲ.့ စာသား က "အလွန်အေးတဲ့ ဆောင်းရာသီကိုကျော်လွန်ပြီး နွေဦးရာသီ ရောက်လာ၊အေးမြတဲ့ လရောင် အောက်မှာ ညင်သာ၊စိတ်အေးချမ်းစရာ လေညှင်းနဲ့ အတူ မက်မွန်ပန်းလေးတွေပွင့်နေပြီး ရနံ့ သင်းပျံ့ နေ" ဆိုတဲ့စာသားပါ။
ဆာကူရာ(ချယ်ရီပန်း) ဆိုတဲ့စကားလုံးမဟုတ်ဘဲ အုမဲ(မက်မွန်ပန်း) ဆိုတဲ့ စကားလုံးပါတာကလည်းထူးခြားမှုတစ်ခုပါ။
🇯🇵 ဂျပန်ဝန်ကြီးချုပ် အာဘဲ က
令和(ရဲအဲဝ)ဆိုတဲ့စကားလုံးဟာ ဂျပန်ရှေးဟောင်းစာပေ万葉集 (စာလုံးတစ်သာင်းစုစည်းမှု)ထဲကယူထားခြင်းဖြစ်ကြောင်း။
လူသားအချင်းချင်းလေးစားမှုနှင့်အပြန်အလှန်မှီခိုဖေးမမှု များအကြားမှာ ယဉ်ကျေးမှုများတိုးတက်ဖြစ်ထွန်းလာစေ ဖို့ ရည်ရွယ်ကြောင်း။
ဂျပန်နိုင်ငံရဲ့ ကြီးကျယ်ခမ်းနားခဲ့တဲ့စာပေ၊ယဉ်ကျေးမှုကို အလေးထား၊ဂုဏ်ယူပြီးဆက်လက်ထိန်းသိမ်း၊နောက်မျိုးဆက်ကိုလက်ဆင့်ကမ်းပေးစေလိုကြောင်း။
နည်းပညာတွေတိုးတက်လာတဲ့ ခေတ်ကြီးမှာလည်း မိမိတို့ ရဲ.့ ယဉ်ကျေးမှုကို နည်းပညာသုံးပြီးတန်ဖိုးထားထိန်းသိမ်းနိုင်စေဖို့  ၊ပိုမိုတိုးတက်အောင်လုပ်ဆောင်နိုင်စေဖို့  ရည်ရွယ်ကြောင်း။
ဂျပန်နိုင်ငံရဲ.့ သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းတန်ဖိုးထားပြီး လူတိုင်းအတွက်နေပျော် တဲ့ ဂျပန်လူ့ ဘောင်အဖွဲ့ အစည်းကို နောက်မျိုးဆက်များကို လက်ဆင့်ကမ်းပေးနိုင်စေဖို့ ရည်မှန်းကြောင်း။
နှစ်ပေါင်း 1400ကျော်ရှည်ကြာတည်တံ့ခဲ့တဲ့ ဂျပန်ရဲ့  အမျိုးသားရေးလက္ခဏာ၊ယဉ်ကျေးမှုအမွေအနှစ်တွေကို နောက်မျိုးဆက်များကို လက်ဆင့်ကမ်းပေးနိုင်စေဖို့ ရည်ရွယ်ကြောင်း။
ခက်ခဲကြမ်းတမ်းတဲ့အခြေအနေတွေမှာလည်း ဂျပန်လူမျိုးတစ်ဦးချင်းစီကမျှော်လင့်ချက်အပြည့်နဲ့ ကြိုးစားအားထုတ်ပြီး ကိုယ်စီကိုယ်စီရဲ့ မျှော်မှန်းချက်၊ရည်မှန်းချက်များ အကောင်အထည်ဖော်နိုင်စေလိုတဲ့ ဆန္ဒကို ထည့်သွင်းထားခြင်းဖြစ်ပါကြောင်း။
သတင်းစာရှင်းလင်းပွဲ မှာပြောကြားပါတယ်။
🇯🇵အရင် ခေတ်တွေဖြစ်တဲ့ 昭和(ရှောဝ)၊平成(ဟဲဆေး) ရဲ.့ အမည်ကိုပေးခဲ့တုန်းက ခန်းဂျီးစာလုံးရဲ့ အဓိပ္ပာယ်ကိုတရုတ်ရှေးဟောင်းစာပေ ထဲကယူခဲ့တာဖြစ်ပေမဲ့ ဒီ 令和(ရဲအဲဝ )ဆိုတာ ကတော့ ဂျပန်ရှေးဟောင်းစာပေထဲကယူခဲ့တာဖြစ်ပါတယ်။
🇯🇵 ခေတ်အသစ် ရဲ.့ အမည်ကိုသတ်မှတ်တဲ့ အခါမှာရေးရလွယ်တဲ့ ခန်းဂျီးစာလုံးဖြစ်ဖို့ အဓိကထားတယ်လို့ ပြောကြပါတယ်။
🇯🇵လက်ရှိဧကရာဇ် အာခိဟိတို ရဲ.့ နန်းစွန့် ပွဲ နဲ့ ဧကရာဇ်အသစ် နရူဟိတို ရဲ့ နန်းတက်ပွဲ ကတော့ ဧပြီလကုန်မှာကျင်းပ မှာဖြစ်ပါတယ်။
🇯🇵ရဲအဲဝခေတ်ကတော့ 2019ခုနှစ် မေလ 1ရက်နေ့ မှာစတင်မှာဖြစ်ပါတယ်။
🇯🇵မီဒီယာတွေက လူစည်ကားရာနေရာတွေမှာ ဂျပန်ပြည်သူတွေကိုအင်တာဗျူးကြည့်တဲ့အခါ ဂျပန်ကလေး၊လူငယ်၊လူကြီးတွေကတော့ ဒီနာမည်ကို အရမ်းသဘောကျကြောင်း ဖြေကြပါတယ်။
Credit: Htet Htet Nu Htay

No comments:

Post a Comment