Saturday 10 June 2017

ကျောင်းဖွင့်စ



ကျောင်းဖွင့်စမှာ မိဘတွေက သားသမီးတွေ ကျောင်းပို့နေကြတာတွေကို ဖေ့ဘုတ်ပေါ် တင်နေကြတာတွေ့တော့ စိတ်မသက်မသာ ခံစားမိတယ်။ အသက်မပြည့်သေးတဲ့ ကိုယ့်ကိုယ်ကို မကာကွယ်နိုင်သေးတဲ့ ကလေးပုံတွေ ဖေ့ဘုတ်ပေါ်ကို အချိန်နေရာဖော်ပြပြီး မတင်သင့်ဘူးလို့ ထင်ပါတယ်။ ကလေးပုံတွေကို Public နဲ့လည်း မတင်သင့်ဘူး။ အချိန်နဲ့ တစ်ပြေးညီလည်း မတင်သင့်ဘူး။ ကလေး ပုံမှန် သွားလာနေတတ်တဲ့ ကျောင်းစသည်ဖြင့် သိသာထင်ရှားစေမယ့် ပုံမျိုးလည်း မတင်သင့်ဘူး။ တင်ချင်သပဆိုရင် အချိန်နေရာ ချက်ချင်း ဖြစ်နေရင် Friend Only နဲ့ပဲ တင်သင့်ပါတယ်။ သားကတော့ ဘယ်ကျောင်းမှာ ဘယ်နှစ်တန်း စတက်ပြီ၊ သမီးကတော့ ဘာညာဆိုပြီး တင်နေတာက နေရာတွေရော ကလေးပုံတွေရော မိဘပုံတွေရော ပါနေတာက အန္တရာယ်ကို လက်ယပ်ခေါ်နေသလို ဖြစ်မနေဘူးလားလို့ တွေးမိပါတယ်။ တစ်ချို့ ပုဂ္ဂလိကကျောင်းတွေရဲ့ စာမျက်နှာတွေမှာ ကလေးပုံတွေကို ကြော်ငြာသဘောမျိုးဖြစ်ဖြစ် ဖောဖောသီသီ ဖော်ပြနေတာလည်း သင့်ပါရဲ့လားဆိုတာ စဉ်းစားမိပါတယ်။ ကျွန်တော် အတွေးခေါင်တာလည်း ဖြစ်ချင်ဖြစ်မှာပါ . . .

No comments:

Post a Comment