. . . ဘယ်လိုဘွဲ့ထူးဂုဏ်ထူးတွေပဲရထားရထား၊ ဘယ်လောက်ကြီးလေးတဲ့ တာဝန်ကြီးကို ထမ်းဆောင်နေသူပဲဖြစ်ဖြစ်၊ မြန်မာ့လူမှုအသိုင်းအ၀န်းက ဘုရားနဲ့တစ်ဂိုဏ်းထဲထားပြီး အလေးအမြတ်ပြုအပ်တဲ့ အာစရိယဂိုဏ်းဝင်တွေဆိုတာလည်း ပုထုဇဉ်လူသားတွေပဲမို့ လောဘ ဒေါသ မောဟ အလျောက် အများအမြင်မတင့်တယ်တာတွေ ပြောမိပြုမိတတ်တယ်ဆိုတဲ့ သဘောသဘာဝကို နားလည်ထားပြီးဖြစ်ပေမယ့် ဒီလို ရင်ထဲကအမုန်းဓာတ်ခံတွေကို အခြေပြုပြီး ရုန့်ရင်းရိုင်းစိုင်းသူမျိုးကို မြင်ရတော့ ထိတ်လန့်တကြားဖြစ်မိတယ်။ ဒီလိုအမုန်းတရားတွေကိန်းအောင်းနေပြီး အမုန်းတရားတွေ ပွားများနေတဲ့ ဆရာမတစ်ယောက်က အမေတစ်ယောက်လည်း ဖြစ်တယ်ဆိုတာ သိရပြန်တော့ သူ့သားသမီးရဲ့ ကိုယ်ရည်ကိုယ်သွေး တောက်ပလာအောင် ဘယ်လိုများ ပြုစုပျိုးထောင်နေပါလိမ့်လို့လည်း စိတ်ဝင်စားမိပြန်တယ်၊ ဒီလိုဆရာမမျိုးရဲ့ အဆိပ်မွှန်နေတဲ့လောင်းရိပ်နဲ့ လွတ်ခဲ့တာ၊ ဒီမိုအမေမျိုးရဲ့သားသမီးမဖြစ်ခဲ့တာ ကိုယ်တွေ တော်တော်ကံကောင်းတယ်ပြောရမှာပဲ
.
. . . မန္တလေးရတနာပုံတက္ကသိုလ်က တဲ့။ တွဲဘက်ပါမောက္ခဆိုလား။ သတ္တဗေဒဌာနကလားတော့ မသိဘူး။ သူက ဘယ်လောက်ပဲ အမုန်းတရားတွေအားကြီးပြီး ဆိုင်ဆိုင်မဆိုင်ဆိုင် နာနာကျည်းကျည်းစိတ်အခံနဲ့ အခွင့်ရတိုင်း အမုန်းပွားနေတယ်ဆိုပေမယ့် ကိုယ်တွေကတော့ သူဘယ်သူပါလို့ ပြောရမှာ အားနာလို့ မပြောတော့ပါဘူး။ ဘုရားဘုရား ... ကိုယ်တွေကျင်လည်ခဲ့တဲ့ တက္ကသိုလ်အသိုင်းအ၀ိုင်းမှာ ဒီလိုဆရာမမျိုးနဲ့ လွဲခဲ့ရတာ တော်တော်ကြီးတဲ့ ကုသိုလ်ပါလား
No comments:
Post a Comment