Wednesday, 17 January 2018

မောင့်ဒုက္ခ


.
. . .     ညာဘက်အစွန်ဆုံးခုံမှာ နေရာရလို့ အပြင်လေးဘာလေး ကြည့်ရမလားမှတ်တယ်၊ အရေးပေါ်ထွက်ပေါက်နေရာဖြစ်နေလို့ ဘာမှကို မမြင်ရဘူး။ ဒါပေမယ့် ကောင်းတာလေးတွေလည်းရှိတယ် . . .
.
. . .     နံပတ်တစ်ကတော့ ကိုယ့်ခုံနေရာက အရေးပေါ်ထွက်ပေါက် လမ်းကြောင်းပေါ်မှာဆိုတော့ နေရာက တော်တော်ကျယ်တယ်၊ အိမ်သာသွားဘာသွား ဘေးလူကို အားနာနေစရာ မလိုဘူး၊ ခြေဆန့်လက်ဆန့်လည်း နေလို့ရတယ်၊ အညောင်းပြေ လမ်းထွက်လျှောက်နေလို့တောင်ရတယ် . . .
.
. . .     နံပတ်နှစ်က ကိုယ့်ခုံမှာ ရုပ်မြင်သံကြားမပါတဲ့အတွက် ဘာဇာတ်ကားကြည့်ရင်ကောင်းမလဲ ဗျာမများတော့ဘူး၊ ဝိုင်လေး တစ်ခွက်ပြီးတစ်ခွက် မှာသောက်ရင်း ပန်းပွင့်လေးအကြောင်း တွေးရင်း စိတ်အေးနားအေး လွမ်းနေလို့ရတယ် . . .
.
. . .     နံပတ်သုံးက တကယ်လို့များ လေယာဉ် တစ်ခုခုဖြစ်ခဲ့ရင် ကိုယ်က အရင်ဆုံးလွတ်မယ့်သူပဲ၊ အရေးပေါ်ထွက်ပေါက်က ကိုယ့်ဘေးတင်ကိုး . . .
.
. . .     အဲ ဆိုးတာတစ်ခုတော့ရှိတယ်၊ တော်တော့်ကိုဆိုးတဲ့ကိစ္စ၊ လေယာဉ်အတက်အဆင်းနဲ့ လေကြောင်းမကောင်းတဲ့အချိန်တွေမှာ လေယာဉ်မယ်လေးတွေ ထိုင်နေကြဖို့ လေယာဉ်မှူးက သတိပေးတဲ့အခါ ကိုယ့်ရှေ့တည့်တည့် ဒူးနှစ်ပြန်လောက်က ထိုင်ခုံမှာ လေယာဉ်မယ်လေးတစ်ယောက် လာလာထိုင်တယ်၊ ခရီးသည်နဲ့ မျက်နာခြင်းဆိုင် ထိုင်မိတဲ့အခါ သူ့ခမျာ အလုပ်သဘောအရပဲဖြစ်ဖြစ် ပြုံးပြရရှာတာပေါ့ . . .
.
. . .     ပေါင်လည်လောက်ပဲရှိတဲ့ စကပ်တိုကပ်ကပ်လေးဝတ်ထားတဲ့ ကောင်မလေးတစ်ယောက် ကိုယ့်ရှေ့တည့်တည့်မှာ ဒူးလေးနှစ်လုံး ဟစိဟစိနဲ့ လာထိုင်ပြီး အပြုံးစစလေးနဲ့ ဝန်ဆောင်မှုပေးတာကို မရည်သော်ရှိရွယ်သော်ရှိ အခမဲ့ သုံးဆောင်ရတဲ့ ယောက်ျားသားတစ်ယောက်ရဲ့ ကာယိကဒုက္ခကို ကိုယ်တိုင်မကြုံဖူးသရွေ့ ကိုယ်ချင်းစာနားလည်ပေးဖို့တော့ မလွယ်လောက်ဘူး ထင်တာပဲ၊ နဖူးတွေ့ဒူးတွေ့မှ တကယ့်ကိုနဖူးတွေ့ဒူးတွေ့။ ဒီလို ကာယိကဒုက္ခမျိုးဆိုတာကလည်း အဘထရှူရုံ ဘာမီတွန်သောက်ရုံ တစ်မှေးလောက်အိပ်လိုက်ရုံနဲ့ ပျောက်ပါရိုးလား . . .
.
. . .     ငယ်ငယ်တုန်းက လူကြီးတွေပြောပြောနေတဲ့ မောင့်ဒုက္ခဆိုတာ ဒါမျိုးမှအစစ်၊ နောက်ဆုံး ဘယ်လိုမှ မနေသာတော့တာနဲ့ စောင်လေးတစ်ထည်တောင်း၊ လုံနေအောင်ခြုံတဲ့ပြီးသကာလ . . .

No comments:

Post a Comment