Friday 27 January 2017

အိုင်ဖုန်း ဆယ်နှစ်ပြည့်


အိုင်ပေါ့ရယ် မိုဘိုင်းဖုန်းရယ် အင်တာနက်ရယ် သုံးမျိုးပေါင်းထားတဲ့ လက်ကိုင်အရွယ်အပြားလေးကို အိုင်ဖုန်းလို့ နာမည်ပေးပြီး ထုတ်လုပ်ဖြန့်ချီလိုက်ကြောင်း ၂၀၀၇ ခုနှစ် ဇန်န၀ါရီလ ၉ ရက်နေ့က အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့မှာရှိတဲ့ နည်းပညာ ပြပွဲတစ်ခုမှာ ကမ္ဘာကျော် အဲပဲကုမ္ပဏီကို စတင်တည်ထောင်ခဲ့သူ စတိဂျော့က စတင်မိတ်ဆက်ခဲ့တာနဲ့အတူ ကမ္ဘာ့မိုဘိုင်းဖုန်းလောက တစ်ခေတ် ဆန်းသစ်ခဲ့ပါတယ်။ အဲသည်လို အများပြည်သူရှေ့ တင်ဆက်ပြနိုင်ဖို့အတွက် စတိဂျော့က နှစ်နှစ်ကျော်ကြာ အချိန်ယူခဲ့ရပါသတဲ့။ အခုဆိုရင် အိုင်ဖုန်းပေါ်တာ ဆယ်နှစ်ပြည့်ပါပြီ။ ကျွန်တော် ဂျပန်ပြည်ကို စတင်ခြေချမိတဲ့ ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့ဟာ ဂျပန်ပြည်မှာ အိုင်ဖုန်းမျိုးဆက် အမှတ်ခြောက် စတင်ဖြန့်ချိတဲ့ ရက်ဖြစ်ပါတယ်။
.
ဓာတ်ပုံထဲက ကျွန်တော်ဘေးမှာ ရပ်နေတဲ့ အိုင်ဖုန်းဖခင်ကြီး စတိဂျော့ ကတော့ အသက် ၅၆ နှစ်အရွယ်၊ ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့မှာ ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါပြီ။ သူမရှိတော့ပေမယ့် သူမွေးဖွားပေးခဲ့တဲ့ အိုင်ဖုန်းကတော့ မျိုးဆက်တွေ တစ်ဆက်ပြီး တစ်ဆက် တိုးတက်ရှင်သန်နေဆဲ လူတွေအများကြီးရဲ့ နှလုံးသားကို ညှို့ယူဖမ်းစားနေနိုင်ဆဲပါပဲ . . .

No comments:

Post a Comment