တကယ်တကယ် ပြောလို့ ပြောတာမဟုတ်ဘူး တစ်ခါတလေဆို စိတ်ပျက်စရာတော်တော်ကောင်းတာ၊ ဖုန်းပြောရာ၌ ယဉ်ကျေးခြင်းဆိုတာ မသင်ပေးကြတာလားဘာလားမသိ၊ ကိုယ်တွေက ဦးစီးအရာရှိ ပေါက်စဘဝကတည်းက သင်ပေးခံထားရလို့ ခေါက်ရိုးကျိုးနေလို့လားဘာလား မသိ၊ အချိုးမပြေရင် တော်တော်ကို စိတ်အချဉ်ပေါက်တာရယ်
.
. . . ငယ်တဲ့သူတွေ အသာထားအုံး ဟိုတစ်လောက ကိစ္စတစ်ခု ပြောပြအုံးမယ်၊ အရာရှိကြီးတစ်ယောက်၊ တော်တော်ကိုကြီးတဲ့ အရာရှိကြီးပါ၊ သူက နိုင်ငံတစ်ခုမှာ ဆီမီနာသဘောမျိုး သွားတက်စရာရှိလို့ ကိုယ့် Boss ကနေတစ်ဆင့် သူသိသင့်သိထိုက်တာလေးတွေ ကိုယ့်က ရှာဖွေပြုစုပေးရမယ်ပေါ့၊ အိုကေလေ၊ ကိုယ့် Boss ကကျ ကိုယ်ကလည်းချစ်တယ်၊ ကိုယ့်ပညာနဲ့ အရည်အချင်းကိုလည်း တန်ဖိုးထားကြတယ်ဆိုတော့ Boss က ကူညီပေးလိုက်ပါအုံး ညီလေးရယ်ဆိုတော့ အိုကေပေါ့၊ ကျနော် သူဘာလိုချင်လဲ သေချာသိချင်တယ် ကျွန်တော့်ကို ဖုန်းဆက်ခိုင်းလိုက်ပါလို့ ဆိုတော့
.
. . . မကြာပါဘူး ဖုန်းအစိမ်းတစ်လုံး ဝင်လာတယ်၊ နံပတ်ကို ကြည့်လိုက်ကတည်းက ကိုယ်ကူညီပေးရမယ့် အရာရှိအကြီးကြီးဆိုတာ တန်းသိတာပေါ့၊ ဒါပေမယ့် ကိုယ်ကိုင်ထားတဲ့ ဖုန်းက ကိုယ့်ပိုက်ဆံနဲ့ကိုယ် ဝယ်ကိုင်တဲ့ဖုန်းလေ၊ နိုင်ငံတော်က ထုတ်ပေးထားတဲ့ ဖုန်းမဟုတ်ဘူး၊ ဒါကြောင့် ကျနော်ဘယ်သူပါခင်ဗျာလို့ ဖြေစရာ အကြောင်းမရှိဘူး၊ အခုအခြေအနေက ဖြေရမယ့် အခြေအနေလည်းမဟုတ်ဘူးဆိုတော့ ကိုယ်မသိတဲ့သူတွေ ကိုယ့်ဆီဆက်ရင် ဖြေနေကျအတိုင်း “အမိန့်ရှိပါခင်ဗျ” ပေါ့
.
. . . အံမယ် ဆရာသမားက ဟိုးအမြင့်ကြီးကခင်ဗျ၊ သူက ကိုယ့်ဘော့စ်ကို ပြောထားပြီးသားမို့ ကိုယ်က အော်တိုမစ်တစ် သူ့လက်အောက်ငယ်သားဖြစ်သွားတဲ့ အလားပါပဲ၊ ခုနပြောတဲ့ဟာလေးတဲ့၊ ဘာလေးလဲခင်ဗျာ၊ သူ့ကို ပေးဖို့ နှစ်မျက်နာ သုံးမျက်နာလောက်တဲ့၊ ဖုန်းစပြောကတည်းက ဒီလူ အကူအညီလည်းတောင်းသေး အချိုးကလည်းမပြေပါဘူးဆို သူပြောတဲ့ အကြောင်းအရာမျိုး ကိုယ်က လိုက်ဖတ်ထားတာတောင် တစ်လကိုးသီတင်းဖတ်ပြီး စာအရှည်ကြီးတွေ သုံးလေးငါးပုဒ်လောက် မှတ်စုချရေးမှ လိပ်ပတ်လည်အောင် နားလည်တဲ့ အကြောင်းအရာကို သူက သုံးလေးမျက်နာလောက်တဲ့၊ အာ့တာများ ငါ့လာတောင်းနေသေးတယ်ဆိုပြီး အထင်ပါသေးသွားပေမယ့်
.
. . . ကိုယ်ချစ်ခင်လေးစားရတဲ့ ကိုယ့်ဘော့စ်မျက်နာနဲ့ တစ်ရစ်လောက် စိတ်ပြန်လျှော့ပြီး ပြီးရင်ဘယ်လိုပို့ပေးရမလဲခင်ဗျာ၊ အီးမေးဖြစ်ဖြစ် ဗိုင်ဗာဖြစ်ဖြစ်ပေးပါဆိုတော့ ၊ ဟင် ဆော့ကော်ပီပဲ ပေးမှာလားတဲ့၊ ဟုတ်တယ်ခင်ဗျာ လိုင်းပေါ်က ပို့ပေးမှာပါဆိုတော့၊ ကိုယ့်ဗိုင်ဗာလေးရှိတယ် ညီလေး လိုက်မှတ်လိုက်တဲ့ - လခွမ်း - လိတောင် မမှတ်ဘူးလို့ စိတ်ထဲက ပြောလိုက်ပေမယ့် အပြင်ကတော့ အခု မှတ်လို့ အဆင်မပြေပါဘူးခင်ဗျာ အခုဆက်တဲ့ဖုန်းနံပတ်က ဗိုင်ဗာရှိပါတယ် အက်လိုက်ပါခင်ဗျဆိုပြီး ခါတိုင်း ပြောရိုးစဉ်လာ လေးစားသမှုတောင် နုတ်မဆက်တော့ဘဲ ဖုန်းအချ
.
. . . ခဏနေတော့ ကတောင်ဆိုပြီး ဗိုင်ဗာမက်ဆေ့တစ်စောင် ဝင်လာတယ်၊ ဟိုင်း ဘယ်သူပါဆိုပဲ၊ သူ့အချိုးနဲ့ ကိုယ့်အပေါ်ထားတဲ့သဘောထား၊ သူသွားတက်မယ့် စီမီနာနဲ့ပတ်သက်ပြီး သူ့ရဲ့ အလေးအနက်ထားမှု အားလုံးကို အနုတ်မှတ်တွေချည်း နင်းကန်ပေးထားတဲ့ ကိုယ်က စာပြန်လိုက်တယ်၊ “ဗိုလ်ကောင်းပါခင်ဗျာ ဘာအကူအညီပေးရမလဲ” လို့
.
. . . သူနဲ့ အဆင့်ကွာတဲ့ အရာရှိပေါက်စလေးတစ်ယောက်က သူ့ကို ဘာအကူအညီပေးရမလဲ မေးတာကို ကြိုက်ပုံမရဘူး၊ သိတယ်လေ မကြိုက်တာကို တမင်ရွေးပြောတာပါဆို
.
. . . ခုနင်ကမှ အနုတ်မှတ်တွေပေးထားပါတယ်ဆို ဘာပို့လာလဲ သိလား၊ ကွန်ပြူတာဖန်သားပြင်ကို ဖုန်းကင်မရာနဲ့ ဓာတ်ပုံရိုက်ထားတဲ့ ဝါးတားတား ပုံတစ်ပုံရောက်လာတယ်၊ သိသားပဲ အစောကတည်းက ကိုယ့် Boss က ကိုယ့်ကို အာ့ပုံပို့ထားပြီးသား၊ ဘော့စ်ကိုလည်း ပြောထားပြီးသား အာ့လောက်လေးနဲ့ ကိုယ်ဘာလုပ်ပေးရမလဲ မသိပါဘူးလို့ (အမှန်ကသိတယ်) အခုလည်း ဒါကြီးပဲ ပြန်လာပို့တော့ ကိုယ်လည်း စာပြန်လိုက်တယ်၊ ကျနော် ဒါကို ဖတ်လို့ မရပါဘူးခင်ဗျာ အဲသည် အင်ဗိုက်တေးရှင်းလက်တာ တစ်စောင်လုံးနဲ့ နောက်ဆက်တွဲအားလုံးကို အီးမေးထဲဝင်လာတာဆိုလည်း ကျနော့်ဆီ အီးမေးဖော်ဝပ်လုပ်ပေး( အီးမေးရေးပေးလိုက်တယ်) ၊ ဟတ်ကော်ပီနဲ့ဆိုလည်း သေချာလေး စကင်ဖတ်ပြီးပို့ပေးပါလို့၊ နည်းနည်း အရစ်ရှည်ပေးလိုက်တယ်
.
. . . အဲသည်တော့မှ မောင်မင်းကြီးသားလည်း ဗိုလ်ကောင်းဆိုတဲ့ သကောင့်သားက ငါထင်တဲ့ အရာရှိပေါက်စလေးလို ပြောလို့ဆိုလို့ မရနိုင်ပါလားလို့ လိမ္မာရေးခြားသတိတရားရ ကျွတ်တမ်းဝင်ပြီးတဲ့နောက် “ရပြီ ရပြီ ကျေးဇူးပါ” ဆိုတဲ့ စာလေး ဒရောသောပါးပို့ပြီးသကာလ ဘာဆို ဘာမှကို ထပ်မဘာနိုင်တော့ပဲ အသံတိတ်ဆိတ် ပတ်တောပိတ်သွားလေရဲ့
.
. . . အမေကတော့ အမြဲဆုံးမတယ် ငါ့သားရယ် စိတ်ကောင်းနှလုံးကောင်းနဲ့ ကူညီပါတဲ့၊ နဂိုစိတ်က ကောင်းပြီးသား၊ အာ့လို ယဉ်ကျေးမှုမရှိဘဲ မာန်တက်နေတဲ့သူ၊ ကိုယ့်ထက်ရာထူးငယ်သမျှကို ကိုယ့်လက်အောင်ငယ်သားလို့ မှတ်နေတဲ့သူ၊ တစ်ဘက်သားကို လေးစားရကောင်းမှန်းမသိတဲ့လူဆို အာ့လိုလေး ဆုံးမချေချွတ်ပြီး သူတို့ကျွတ်တမ်းဝင်သွားတာကို တစိမ့်စိမ့်ပီတိဖြစ်နေတတ်တာက ကျနော့် အားနည်းချက် :P
.
ဗိုလ်ကောင်း
၂၉ နိုဝင်ဘာ ၂၀၂၃
Wednesday 29 November 2023
Friday 24 November 2023
လိပ်ပြာလုံတဲ့ ကျောင်းတော်သား
. . . ကိုယ်တက်ခဲ့တဲ့ တက္ကသိုလ်က ကိုယ်တို့ကို ဆရာလို၊ အဖေလို၊ အကိုကြီးလိုစောင့်ရှောက်သွန်သင်ခဲ့တဲ့ ဆရာ ပြီးခဲ့တဲ့ ရက်ပိုင်းက နေပြည်တော်က တက္ကသိုလ်ကြီးတစ်ခုမှာ သင်ခန်းစာ လာပို့ချတော့ ကိုယ်လည်း အခွင့်သင့်တာနဲ့ ဆရာ့အတန်း သွားတက်ခဲ့တယ်၊ ဆရာပို့ချတဲ့ သင်ခန်းစာထဲက အခု ကျွန်တော်ပြန်ပြီး ဖောက်သည်ချချင်တာက ဉာဏ်ရည်တုနည်းပညာဆိုင်ရာ ဆရာပြောတဲ့ သဘောထားလေးတစ်ခုအကြောင်း ဖြစ်ပါတယ်။
.
. . . ဉာဏ်ရည်တုနည်းပညာကို နယ်ပယ်ပေါင်းစုံမှာ တိုးတက်ထွန်းကားအောင် ကြံဆောင်နေကြတာမျိုးတွေက အစိုးရအေဂျင်စီတွေ၊ ကုမ္ပနီကြီးတွေ နဲ့ သိပ္ပံပညာရှင်အသိုက်အဝန်းကြားထဲမှာ တွင်ကျယ်နေတာ ကြာပြီဖြစ်ပေမယ့် မနှစ်က ၂၀၂၂ နိုဝင်ဘာ လကုန်ရက်ကစလို့ ChatGPT ဆိုတဲ့ ဘာသာစကားအခြေပြု ဉာဏ်ရည်တုနည်းပညာကို လူအများ အသုံးချနိုင်အောင် OpenAI က စတင်ဖွင့်ပေးလိုက်တဲ့ အချိန်ကစပြီး ဉာဏ်ရည်တုနည်းပညာဟာ ကိုယ်တွေလို သာမန်လူတွေ လက်ထဲကို ရောက်လာခဲ့တယ်။ OpenAI ရဲ့ အခုလို လုပ်ရပ်ကြောင့် အခြားသော နည်းပညာဆိုင်ရာ ကုမ္ပနီကြီးတွေကလည်း မနေသာကြတော့ဘဲ သူတို့ပိုင်ဆိုင်တဲ့ ဉာဏ်ရည်တုနည်းပညာကို အများပြည်သူ အသုံးပြုနိုင်အောင် လမ်းဖွင့်ပေးလာကြပြီး အခု ၂၀၂၃ ခုနှစ်ကတော့ ကမ္ဘာကြီးမှာ ဉာဏ်ရည်တုနည်းပညာနှစ်လို့ ဆိုရလောက်အောင် လူအများကြား တွင်ကျယ်လာခဲ့ပါတယ်။
.
. . . နည်းပညာနယ်ပယ်တွေ အမျိုးမျိုးမှာ ဉာဏ်ရည်တုနည်းပညာကို အသုံးချ တီထွင်ဆန်းသစ်နေကြတာတဲ့ကြားထဲက ဘာသာစကားအခြေပြု ဉာဏ်ရည်တုနည်းပညာမှာတော့ လူသုံးသဘာဝဘာသာစကားတွေသာမက ကွန်ပြူတာပရိုဂရမ်သုံး ဘာသာစကားတွေ၊ သီချင်းတွေ၊ ကဗျာတွေ၊ ဇာတ်လမ်းဇာတ်ညွှန်းတွေ၊ ပုံပြင်တွေ၊ အပြင် အရုပ်တွေ အသံတွေကိုပါ လိုသလိုဖန်တီးခိုင်းလို့ ရတဲ့အထိ သာမန်လူတွေ သုံးခွင့်ရလာခဲ့တာဖြစ်ပါတယ်။
.
. . . ဒီလို အသုံးချခွင့် ရလာတာကို သာမန် နေ့စဉ်ကြားနေကျ ကမ္ဘာ့သတင်းတစ်ပုဒ်လောက်ပဲ ပေါ့ပေါ့ပါးပါး သဘောထားကြတဲ့သူတွေ ရှိသလို ကိုယ်လုပ်နေတဲ့ လုပ်ငန်းခွင်နယ်ပယ်မှာ ဘယ်လို အကျိုးရှိရှိ အသုံးချရပါ့မလဲဆိုပြီး လက်တွေ့လေ့လာစူးစမ်း အသုံးချကြတာတွေလည်း တွင်ကျယ်လာခဲ့ပါတယ်။
.
. . . ဉာဏ်ရည်တုနည်းပညာကို ကွန်ပြူတာတွက်ချက်နိုင်မှုစွမ်းရည်နဲ့၊ ကမ္ဘာတစ်ဝန်း အသိဉာဏ်ပညာဆိုင်ရာ ရှိနှင့်ပြီး ဗဟုသုတအထုအထည်ကြီးနဲ့ ပေါင်းစပ်လိုက်တဲ့အခါ လေးငါးတန်းကျောင်းသားတွေ စာစီစာကုံးရေးတဲ့ နေရာက စလို့ တက္ကသိုလ်ကြီးတွေမှာ ပညာရပ်ဆိုင်ရာ စာတမ်းတွေ ရေးတဲ့နေရာအထိလည်း အတိုင်းအတာကြီးကြီးမားမား အသုံးဝင်လာခဲ့ပါတယ်။ ဒီလိုအသုံးဝင်လာမှုဟာ တစ်ဘက်မှာ ကောင်းကျိုးလို့ ယူဆစရာပေမယ့် တစ်ဘက်မှာကျတော့ ကျောင်းသားတွေက ကိုယ်ပိုင်အသိပညာဗဟုသုတကို အသုံးမပြုဘဲ သူများလက်နဲ့ စာရေးခိုင်းတဲ့ ကိစ္စမျိုးတွေ ဖြစ်လာတာကြောင့် တက္ကသိုလ်ကြီးတွေမှာ ဒီကိစ္စက အလေးထားဖြေရှင်းစရာ ပြဿနာတစ်ရပ် ဖြစ်လာခဲ့ပါတယ်။
.
. . . အရင့်အရင်တုန်းက သူများစာကူးချတာကို ဖမ်းပေးတဲ့စနစ်တွေ နဲ့ တက္ကသိုလ်တွေမှာ ကျောင်းသားတွေ ကိုယ်ပိုင်အားထုတ်လုပ်ကိုင်ကြဖို့ ကျပ်မတ်နိုင်ခဲ့ကြပေမယ့် အခုကျတော့ ဉာဏ်ရည်တုနည်းပညာအကူအညီနဲ့ ရေးလာတဲ့ စာတွေကို စစ်ဖို့မှာက စိန်ခေါ်မှု အကြီးကြီးဖြစ်နေရပြီလို့ ဆိုပါတယ်။ ဆရာတို့လို ဝါရင့် ပါမောက္ခကြီးတွေကိုယ်တိုင်တောင် လူရေးတဲ့ စာနဲ့ ဉာဏ်ရည်တုနည်းပညာက ရေးပေးတဲ့စာ ခွဲခြားဖို့ကို ရုတ်တရက်အားဖြင့် ခက်ခဲနေခဲ့ပြီး ပိုက်ဆံပေးသုံးရတဲ့ ဉာဏ်ရည်တုနည်းပညာဗားရှင်းတွေမှာဆို ပိုလို့တောင် ခက်ခဲတဲ့ အနေအထားကို တွေ့ရတယ်လို့ ဆရာက ပြောပါတယ်။
.
. . . ဆရာပြောတဲ့အထဲ မှတ်သားစရာကတော့ ဒီကနေ့ကျောင်းတော်သားတွေအနေနဲ့ ဉာဏ်ရည်တုနည်းပညာကို လုံးလုံးကြီး မသုံးရဘူးဆိုတာကလည်း ဖြစ်နိုင်ခြေမရှိတာကြောင့် “ကျင့်ဝတ်ရှိရှိ သုံးကြဖို့” အရေးကြီးတဲ့အကြောင်းပါပဲ
.
. . . ဒီနေရာမှာ ဆရာပြောခဲ့တဲ့ “ကျင့်ဝတ်ရှိရှိ သုံးကြဖို့” ဆိုတဲ့ စကားနဲ့ပတ်သက်ပြီး တွေးမိတာလေးတွေ ပြောပြချင်ပါတယ်
.
. . . အရင်တုန်းကဆိုရင် တက္ကသိုလ်ကျောင်းသားအချို့ နဲ့ ပညာရှင်အချို့ဟာ အင်္ဂလိပ်ဘာသာနဲ့ စာတမ်းတွေ၊ ဆောင်းပါးတွေရေးကြတဲ့အခါ အရေးအသားမှာ ပညာရပ်လေသံပေါက်ဖို့၊ အသုံးအနှုန်းတွေ သင့်လျော်ဖို့၊ သက်ဆိုင်ရာ စာတမ်း၊ ဆောင်းပါးပေးပို့တာကို ဖော်ပြပေးမယ့် ပညာရပ်ဂျာနယ်တွေ သတ်မှတ်ထားတဲ့ ပုံစံဝင်ဖို့အတွက် ကိုယ်ရေးထားတာကို ပြန်လည်ပြင်ဆင်မွမ်းမံတည်းဖြတ်ပေးတဲ့ ဝန်ဆောင်မှုကို ထိုက်သင့်တဲ့ အခကြေးငွေပေးပြီး လုပ်ဆောင်ခဲ့ရတာရှိပါတယ်။ ဒီလိုလုပ်ဆောင်တာက ပညာရပ်ဆိုင်ရာ ကျင့်ဝတ်ကို ဖောက်ဖျက်ရာ မကျဘူးဆိုရင် အခုလည်း ဉာဏ်ရည်တုနည်းပညာ အကူအညီနဲ့ ဒီလိုပြင်ဆင်မွမ်းမံတာဟာ ကျင့်ဝတ်နဲ့ညီတယ်လို့ အကြမ်းဖျင်းယူဆရမှာဖြစ်ပါတယ်။
.
. . . အထက်က ကိစ္စက အင်မတန့်အင်မတန် မြင်သာထင်ရှားတဲ့ ကိစ္စဖြစ်တာမို့ အငြင်းပွားစရာမရှိနိုင်ပေမယ့် ကျောင်းသားတစ်ယောက်က သူရေးတဲ့ စာတမ်းနဲ့ ပတ်သက်ပြီး ဘယ်လောက်အတိုင်းအတာအထိ ကိုယ်တိုင်လုပ်ဆောင်တာကို ကျင့်ဝတ်နဲ့ ညီတယ်လို့ ပြောလို့ရလဲ ဆိုတာမျိုးကတော့ အတော်ကို သိမ်မွေ့တယ်လို့ ဆိုနိုင်ပါတယ်။
.
. . . အခုစာရေးနေရင်း ငယ်စဉ်က ကြုံခဲ့ရတာလေးကို ပြန်ပြီး ပြောပြချင်လာပါတယ်။ ကျနော်တို့ အရပ်က ရသေ့တောင်ဆွမ်းဆန်စိမ်းလောင်းပွဲဆိုတာ ရှိပါတယ်။ စောင်းတန်းကြီး သွယ်ဝိုက်ခွေတလျှောက်မှာ ပင့်သံဃာတွေ ကြွရောက်ပြီး ဒါယိကာတွေက ဆွမ်းဆန်စိမ်းလောင်းကြတဲ့ပွဲပါ။ အဲသည်မှာ ကိုယ်တွေနဲ့ ဆွေးမျိုးမကင်းတစ်ယောက်ပြောတာ ကြားဖူးပါတယ်။ ဆွမ်းဆန်စိမ်းလောင်းတာ ပြုတဲ့ကုသိုလ်ပိုပြီး လေးနက်အောင် စပါးကို ကိုယ်တိုင် ကြိတ်ဆုံမှာကြိတ်၊ ကိုယ်တိုင်မောင်းမှာဖွပ်၊ ကိုယ်တိုင်ပြာတီးသန့်စင်ပါသတဲ့။
.
. . . အထက်က အဖြစ်အပျက်မှာ ဆန်အလှူရှင်ဟာ သူ့ဆန်ကို သူကိုယ်တိုင် လက်နဲ့လုပ်ပြီးလှူတာက ပိုပြီး ကုသိုလ်ရမရ မပြောတတ်ပေမယ့် ပညာရပ်နယ်ပယ်မှာတော့ ပညာရှာတဲ့နည်းလမ်းတွေ ခေတ်မီပြောင်းလဲလာတာကို ဘယ်အတိုင်းအတာအထိ လက်ခံမလဲဆိုတဲ့ ကိစ္စက သိမ်မွေ့ပြီး အငြင်းပွားဖွယ်ဖြစ်လာပုံပါပဲ
.
. . . ဆိုကြပါစို့ ၊ ဟိုအရင့်အရင် နှစ်များဆီကဆို အမေရိကန်သမ္မတလောင်းနှစ်ယောက် စကားစစ်ထိုးပွဲမှာ ဘာအကြောင်းအရာတွေပါသလဲ၊ အထူးသဖြင့် ကိုယ့်နိုင်ငံနဲ့ တိုက်ရိုက်သို့မဟုတ် သွယ်ဝိုက်တဲ့အကြောင်းအရာတွေ ဘယ်လောက်ပြောသွားခဲ့ကြသလဲ၊ ယုတ်စွအဆုံး တို့နိုင်ငံအကြောင်း ဘယ်လောက်ပြောခဲ့ကြသလဲ ဆိုတာကို သိဖို့အတွက် အဲသည်သမ္မတလောင်းနှစ်ယောက် စကားစစ်ထိုးကြတဲ့ တိုက်ရိုက်ထုတ်လွှင့်ချက်ကို ရတယ်ဆိုရင်တောင် တီဗီက လာတာကို စက်ထဲ အခွေထဲ ကူးထည့်၊ အစအဆုံး ပြန်ကြည့်၊ တစ်ချို့နေရာတွေ လုံးကောက်နီးပါး လိုက်ရေး၊ မှတ်စုပြန်ထုတ်၊ စသည်ဖြင့် နာရီပေါင်းများစွာ အချိန်ပေးပြီး လုပ်ခဲ့ကြရပါတယ်။ ဘာသာစကားစွမ်းရည်ကောင်းလို့ သူတို့ပြောတာတွေ လုံးစေ့ပတ်စေ့ နားလည်တယ်ဆိုရင်တောင် အဲလောက်အကြာကြီးပြောတာကို သေချာပြန်နားထောင် မှတ်စုလုပ်ဖို့ဆိုတာ အင်မတန်ကို ကြီးမားတဲ့ အလုပ်ဝန်ပါ။
.
. . . ဟော နောက်ပိုင်း အင်တာနက်တွေအဆင်ပြေလာတော့ သူတို့ပြောတဲ့ လုံးကောက်ကို တစ်နေရာရာကနေ အသာလေး ကူးယူ၊ မိုက်ကရိုဆော့ဝပ် ဖိုင်ထဲထည့်ပြီး ကိုယ်ရှာချင်တဲ့ စကားလုံးရိုက်ရှာလိုက်ရင် ဘယ်နေရာတွေမှာ ဘယ်နခါပြောထားတာဆိုတဲ့ အကြိမ်ရေအတိအကျနဲ့ မှတ်စုထုတ်ရ ပိုလွယ်လာပါတယ်၊ ပြီးမှ ကိုယ်မှတ်ရမယ့်အကြောင်း အသေးစိတ်ဖြတ်တောက်နားထောင်လို့ရတာပေါ့
.
. . . အခုလို ဉာဏ်ရည်တုနည်းပညာခေတ်ကြီး ရောက်လာတော့ သမ္မတနှစ်ယောက်စကားစစ်ထိုးတာကို အကြောင်းအရာအလိုက် အကြမ်းဖျင်း မှတ်စုလုပ်ခိုင်းလို့ရတဲ့အပြင် ဒီအကြောင်းအရာတွေနဲ့ ပတ်သက်တဲ့ ပြင်ပက အမြင်သဘောထားတွေ ဘယ်လိုရှိလဲ ဆိုတာကိုပါ အချိန်နဲ့တပြေးညီနီးပါး ရှာလို့၊ မှတ်လို့ ရနေတဲ့ ခေတ်ကြီးကို ရောက်လာပါရောလား
.
. . . အခုလို နည်းပညာအထောက်အကူတွေ ရလို့များတော့ လူတွေ ပိုသက်သာလာတယ်လို့ဖြင့် မထင်မိပါဘူး၊ နည်းပညာက အလုပ်တွေ များများ လုပ်ပေးလာနိုင်တာနဲ့အမျှ လူတွေကလည်း အလုပ်တွေ ပိုလုပ်လာရပါတယ်။ အရင်က ဒီအလုပ်တစ်ခုကို နာရီပေါင်းများစွာလုပ်ခဲ့ရပြီး လုပ်ရတဲ့ အလုပ်ရဲ့ ကျယ်ဝန်းမှုအတိုင်းအတာနဲ့ အခု နာရီပေါင်းများစွာလုပ်ရတဲ့ အလုပ်တစ်ခုရဲ့ ကျယ်ဝန်းမှုအတိုင်းအတာက အဆမတန် ပိုပို ကြီးလာခဲ့တာဖြစ်ပါတယ်။
.
. . . ဒါကြောင့် ဆရာပြောခဲ့တဲ့ “ဉာဏ်ရည်တုနည်းပညာကို ကျင့်ဝတ်ရှိရှိ ကျင့်သုံးခြင်း” ဆိုတဲ့ သဘောတရားဟာလည်း အင်မတန်ကျယ်ပျံ့သိမ်မွေ့ပြီး ကျင့်ဝတ်ဆိုတဲ့ မထင်မရှားဝိုးတဝါးနိုင်လှတဲ့ စည်းကို ဘယ်နားမှာ ကျော်မိသလဲဆိုတာ ကျော်မိတဲ့သူရော စောင့်ဖမ်းမယ့်သူရောအတွက် အလွန်ကို ခက်ခဲနိုင်တယ်လို့ ထင်မြင်မိပါတယ်။
.
. . . အခုတင်ပြခဲ့တာကတော့ တက္ကသိုလ်ပညာရပ်နယ်ပယ်မှာ ကျောင်းသားတွေ အသုံးပြုတဲ့ကိစ္စတစ်ခုတည်းနဲ့ ပတ်သက်တဲ့ ကိုယ့်ရဲ့ အတွေးတစ်စ ဖြစ်တာမို့ အလွန်ကို ကျဉ်းမြောင်းနေမှာဖြစ်ပြီး ဉာဏ်ရည်တုနည်းပညာဆိုင်ရာ ကျင့်ဝတ်ကိစ္စက အလွန့်အလွန်ကို ကျယ်ပျံ့တဲ့ဘာသာရပ်တစ်ခု ဖြစ်တယ်ဆိုတာကိုလည်း မမေ့မလျော့ ထည့်သွင်းဖော်ပြလိုက်ပါတယ်။
.
. . . စာသင်သားတို့ အနေနဲ့ အနည်းဆုံးတော့ဖြင့် ပြင်ပက သတ်မှတ်ထားတဲ့ စည်းဘောင်တွေ အသာထားလို့ ကိုယ့်ဘာသာ သတ်မှတ်ထားတဲ့ ကျင့်ဝတ်စည်းဘောင်အတွင်းမှာ ကိုယ်တိုင်လိပ်ပြာလုံတဲ့ အတိုင်းအတာအတွင်း အသုံးချကြမယ်ဆိုရင်တော့ လောလောဆယ်အားဖြင့် Ethical use of AI ဆိုတာမျိုး ဖြစ်နိုင်တယ်လို့ တွေးမိတဲ့အကြောင်း. . .
.
ဗိုလ်ကောင်း
၂၄ နိုဝင်ဘာ ၂၀၂၃

Monday 6 November 2023
အလက်စတစ်စီတီအော့ ဒမန်းအန်ဆပ်ပလိုင်း
ဂါးဗားမင့်ဆက်တာကနေပြီး မားကက်ကို အင်တာဗီင်း လုပ်တဲ့နေရာမှာ အဖက်တစ်အဖြစ်ဆုံး မက်ကင်နစ်ဇင် တစ်ခုကတော့ တက်ဇေးရှင်းပဲ၊ တစ်ချို့ ဂုစ်တွေကို အင်တာပရိုက်ဘက်ကို တက်စ် စည်းကျပ်ပြီး တစ်ချို့ဂုစ်တွေကိုတော့ ကွန်ဇူးမားဘက်ကို တက်စ်စည်းကျပ်တယ်၊ သဘောကတော့ တစ်ချို့ဂုစ်တွေအတွက် တက်စ်ကို ဆဲလာဘက်က ကျခံစေ၊ တစ်ချို့ဂုစ်တွေကိုတော့ တက်စ်ကို ဘိုင်ယာဘက်က ကျခံစေပေါ့
.
သာမန်အားဖြင့်ကြည့်မယ်ဆိုရင်တော့ ဂါးဗားမင့်ကို စည်းကြပ်လိုက်တဲ့ တက်စ်တွေကို အထက်ပါအတိုင်း ဆဲလာကိုကောက်မယ်ဆို အင်တာပရိုက်စ်တွေက ပေးရပြီး၊ ကွန်ဇူမာကိုကောက်မယ်ဆို ဘိုင်ယာတွေက ပေးရလိမ့်မယ်လို့ ထင်စရာရှိတယ်၊ တကယ်တမ်းတော့ အာ့လိုမဟုတ်ဘူးလို့ အီကိုနော်မီသီအိုရီတစ်ခုက ရှင်းပြတယ်
.
အလက်စတစ်စီတီအော့ ဆပ်ပလိုင်းအန် ဒမန်း သဘောတရားအရအရဆိုရင် ဂါးဗားမန့်က ဘယ်သူ့ဆီကပဲ တက်စ်ကို ကောက်သည်ဖြစ်စေ တကယ်ဘယ်သူက ပေးလိုက်ရသလဲဆိုတာ ဒမန်းဆိုက်နဲ့ ဆပ်ပလိုင်းဆိုက်မှာ ဘယ်ဘက်က အလက်စတစ်စီတီ ပိုများသလဲ ပိုနည်းသလဲဆိုတဲ့အပေါ် မူတည်ပါသတဲ့၊ တက်ဇေးရှင်းကြောင့် ဂုစ်ရဲ့ ပရိုက်စ်တက်သွားလည်း ဝယ်မှာပဲ ဆိုတဲ့ သဘောတရားများနေရင် တက်စ်ကို ဘိုင်ယာဘက်က များများကျခံပေးရတဲ့သဘောရှိပြီး၊ ဂုစ်ရဲ့ ပရိုက်စ်ကျသွားသည့်တိုင်အောင်တောင်မှ ငါကတော့ ဆက်ရောင်းနေမှာပဲ ဆိုတဲ့ သဘောတရားများနေရင် တက်စ်ကို ဆဲလာဘက်က များများကျခံပေးရတဲ့ သဘောရှိပါသတဲ့၊ အဲလို မဟုတ်ဘူးဆိုရင်တော့ ပြောင်းပြန်ပေါ့
.
အရပ်စကားနဲ့ပြောရရင် အလက်စတစ်စီတီ များတဲ့ဘက်က ပိုခံရပါသတဲ့၊ ဒီထက်ရှင်းအောင်ပြောရရင် များများချေနိုင်တဲ့ဘက်က အသာစီးရပါသတဲ့
.
မြန်မာ့ပိစ်ပရောဇက်ကို အလက်စတစ်စီတီအော့ ဒမန်းအန် ဆပ်ပလိုင်းသဘောတရားနဲ့ ရှင်းပြတဲ့ အာတီကယ်တစ်ပုဒ်ရေးဖူးတယ်၊ ဖတ်ဖူးတဲ့သူတွေ ပြန်အစ မဖော်ကြပါနဲ့
.
ကျနော်ရေးတာ နားမလည်ကြဘူး မဟုတ်လား၊ နားမလည်တာပဲ ကောင်းပါတယ်၊ ဒီထက်လည်း နားလည်အောင် မရေးရဲဘူး၊ နားလည်အောင်ရေးထားတဲ့ စာကိုလည်းပြန်မတင်ရဲဘူး
.
ဗိုလ်ကောင်း
၆ နိုဝင်ဘာ ၂၀၂၃

Sunday 5 November 2023
မောင်
. . . ချစ်သူပဲဖြစ်ဖြစ် ခင်ပွန်းပဲဖြစ်ဖြစ် မိန်းမတွေက မောင် လို့ ကြင်ကြင်နာနာခေါ်ကြတာမျိုး သိပ်မဆန်းဘူး ဆိုပေမယ့် ကိုယ် ပထမဆုံးကြားဖူးတဲ့ မောင်ဆိုတဲ့ စကားလုံးက ဘုန်းကြီးတစ်ပါးဆီက၊ ကိုယ်တို့ရွာ မြောက်ဘက်အစွန်က ရန်ကုန်-မန္တလေး အဝေးပြေးလမ်းမကြီးဘေး ၊ မိဖုရားကုန်းဘုရားကြီးနဲ့ မျက်စောင်းထိုးမှာ စခန်းထောက်ကျောင်းဆိုတာရှိတယ်၊ ပဲခူးရိုးမအစပ်က နာမည်ကျော် စမတောင်ကို သွားကြတဲ့ ဘုရားဖူးပါရမီရှင်တွေအတွက် စခန်းတစ်ထောက်နားကြဖို့ဆိုပြီး ဖွင့်ထားတဲ့ စခန်းထောက်ကျောင်းမှာ ကိုယ်တွေ မူလတန်းကျောင်းသားဘဝက ဘုန်းဘုန်းဦးဝဏ္ဏ ကျောင်းထိုင်တယ်၊ ဘုန်းဘုန်းက နက္ခတ်ဗေဒင်လေးဘာလေးလည်း ရတော့ အဲဒါကို လာလာဆည်းပူးတဲ့ ကိုယ်တို့အသိ လူလတ်ပိုင်းတကာတစ်ယောက် ကို ဘုန်းဘုန်းက စကားပြောရင် မောင် ဆိုပြီး ရည်ညွှန်းပြောတာ ကြားဖူးခါစက နားနည်းနည်းစိမ်းပေမယ့် ဒါဟာ လူငယ်လူရွယ်တစ်ယောက်ကို ရည်ညွှန်းတဲ့ အခေါ်အဝေါ်ဆိုတာ နားလည်သွားတယ်
.
. . . အလယ်တန်း အထက်တန်းရောက်တော့ ဆရာတစ်ယောက် ဆုံးမဖူးတယ်၊ ကိုယ့်နာမည်မှာ မောင် လို့ တပ်တာက ကိုယ်ရဲ့ ဂုဏ်ရည်အဆင့်အတန်းကို ဖော်ပြရာရောက်တယ်၊ သတင်းစာထဲမှာ ရေးတဲ့ တရားခံတွေဆို နာမည်ရှေ့ဘာမှ မတပ်ဘဲ ရေးကြရတာ၊ ကျောင်းသားဆိုတာ နာမည်ရှေ့မှာ မောင် တပ်ရတယ်ဆိုလို့ ငယ်စဉ်က စာအုပ်မှာနာမည်တပ်တာပဲ ဖြစ်ဖြစ်၊ တခြား နာမည်တပ်စရာရှိရာတွေမှာ မောင်ဘယ်သူဆိုပြီး ရေးတဲ့အကျင့် ရလာခဲ့တာ၊ အဲသည်အကျင့်က ရန်ကုန်တက္ကသိုလ်မှာ ဘွဲ့လွန်တက်တဲ့အထိ ပါလာပြီး ကျောင်းအပ်တဲ့အခါ၊ စာအုပ်မှာ နာမည်ထိုးတဲ့အခါ မောင်ဘယ်သူဆိုပြီး ဂုဏ်ယူစွာ ရေးထိုးတတ်တဲ့အကျင့်ကို စွဲနေခဲ့တာ
.
. . . ကိုယ်တိုင် မောင်လို့ အခေါ်ခံရဖူးတာလည်း ဘယ်ရည်းစားဆီကမှ မဟုတ်ဘူး၊ စစ်တက္ကသိုလ်တက်တော့ စီနီယာတွေက ဂျူနီယာတွေကို မောင် လို့ ရည်ညွှန်းပြီး ခေါ်လေ့ရှိတယ်၊ ကျောင်းမှာ ဟိုကောင် သည်ကောင်လို့ မသုံးကြဘူး၊ ဟိုမောင် သည်မောင်လို့ပဲ သုံးကြတယ်၊ အဲသည်မှာ မောင်ဆိုတဲ့ အသုံးကို ပိုပြီး ရင်းနှီးသွားတာပါပဲ
.
. . . ငယ်တုန်းက တက္ကသိုလ်ဘုန်းနိုင်ရဲ့ သူငယ်ချင်းလို့ဘဲ ဆက်၍ခေါ်မည်ခိုင် ဝတ္ထုထဲက ဇာတ်လိုက်နာမည်က မောင် ဆိုတာလေးကို သဘောကျပြီး ငါလည်း ကြီးလာလို့ ရည်းစားတွေဘာတွေရ၊ အိမ်ထောင်တွေဘာတွေကျရင် မောင် လို့ အခေါ်ခံရကောင်းမှာပဲလို့ တွေးမိခဲ့ပေမယ့် အိပ်မက်ဟာ တကယ်ဖြစ်မလာခဲ့ပါဘူး
.
. . . ဟိုတစ်နေ့က ကိုယ်တို့လေးစားရတဲ့ ဆရာတစ်ယောက် အခုခေတ်စားနေတဲ့ စီးပွားရေးမဟာဘွဲ့တွေဘာတွေတက်လို့ စာမေးပွဲ အောင်စာရင်း ထွက်တာကို ဖေ့ဘုတ်မှာတင်ထားတာမှာ မောင်ဘယ်သူဆိုပြီး ရေးထားတာတွေ့တော့ သဘောကျလိုက်တာ၊ ကိုယ်တိုင်တောင် ပြန်ငယ်သွားသလို ခံစားရတယ်၊ ဒါနဲ့ပဲ အော် ငါလည်း နာမည်မှာ တရားဝင် မောင်ဘယ်သူဆိုပြီး တပ်ခွင့်ရှိနေသေးတာပဲဆိုပြီး
.
မောင်ဗိုလ်ကောင်း
၅ နိုဝင်ဘာ ၂၀၂၃

Subscribe to:
Posts (Atom)