
ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ နိုင်ငံအလိုက် မူဝါဒရေးရာမိန့်ခွန်းပြောကြားမှုတွေ မစတင်ခင် တစ်ရက်ဖြစ်တဲ့ စက်တင်ဘာလ ၂၀ ရက်နေ့မှာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အစီအစဉ်တွေပါဝင်တဲ့ အစည်းအဝေးမှာ ကိုရီးယားသမ္မတ မွန်ဂျေအင်းက ဧည့်သည်တော်အဖြစ် တက်ရောက်မိန့်ခွန်းပြောကြားခဲ့တဲ့အပြင် BTS လို့ခေါ်တဲ့ K-pop အဖွဲ့တစ်ဖွဲ့ကိုလည်း တစ်ပါတည်း ပွဲထုတ် စင်တင်လာခဲ့ပါတယ်။
.
. . . ကိုရီးယား သမ္မတက သူ့နိုင်ငံသား အနုပညာရှင် လူငယ်တွေကို တင်ပေးလိုက်တဲ့ စင်ကတော့ နှယ်နှယ်ရရ ဟုတ်ပါရိုးလား၊ နိုင်ငံတကာက ခေါင်းဆောင်တွေ အကြီးအကဲတွေနဲ့ သူတို့က စေလွှတ်တဲ့ ကိုယ်စားလှယ်တွေ ကမ္ဘာ့ အသိအမှတ်ပြု ပွဲထုတ်ခံရသူတွေပဲ တက်ရောက်ဆွေးနွေး စကားပြောခွင့်ရတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ ခန်းမကြီးထဲက ရွှေရောင်နောက်ခံနံရံကြီးနဲ့ အလှဆင်ထားတဲ့ ကမ္ဘာကျော် စင်မြင့်ကြီးဖြစ်ပါတယ်။ သမိုင်းမှတ်တိုင်ပေါင်းများစွာ စိုက်ထူခဲ့တဲ့ ဒီစင်မြင့်ကြီးနဲ့ ဒီခန်းမကြီးထဲမှာ ကိုရီးယား K-pop အဖွဲ့က လူငယ်တွေကိုယ်စားပြု စကားပြောခွင့်ရရုံတင်မက ဒီလိုခန်းမကြီးထဲမှာ သီချင်းဆိုပြီး ဖျော်ဖြေတဲ့ မှတ်တမ်းကိုတောင် ကုလသမဂ္ဂ မီဒီယာများမှာ တရားဝင်ဖော်ပြခြင်း ခံရတာပါ
.
. . . သူများတွေကတော့ ကိုယ့်နိုင်ငံသား လူငယ်တွေကို ကုလစင်မြင့်အထိ လက်တွဲခေါ်သွားကြပြီ၊ တို့မှာဖြင့်
.
ဗိုလ်ကောင်း
၂၁ စက်တင်ဘာ ၂၀၂၁
.
the link is in the first comment
No comments:
Post a Comment