. .
. ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာ တရားသူကြီးချုပ်အပါအဝင်
တရားသူကြီး ၇ ဦးကနေ ၁၁ ဦးထိ ခန့်အပ်ခွင့်ရှိပေမယ့် (အခြေခံဥပဒေ ၂၉၉-ခ) သမ္မတဦးသိန်းစိန်က
တရားသူကြီး စုစုပေါင်း ၇ ဦးကိုသာ ခန့်အပ်ခဲ့ပါတယ် (သမ္မတရုံး ၏ ၃၀ မတ် ၂၀၁၁ ရက်စွဲပါ
ကြေညာချက် ၃/၂၀၁၁) ဦးထွန်းထွန်းဦး၊ ဦးသာဌေး၊ ဦးစိုးညွန့်၊ ဦးမြသိမ်း၊ ဦးမြင့်အောင်၊
ဦးအောင်ဇော်သိန်း၊ ဦးမြင့်ဟန်။
.
. .
. သမ္မတဦးထင်ကျော်လက်ထက်မှာ နောက်ထပ်
တရားသူကြီး ၄ ဦး ထပ်မံ ခန့်အပ်ခဲ့တဲ့အတွက် အခြေခံဥပဒေက သတ်မှတ်ထားတဲ့ တရားသူကြီး ဦးရေ
၁၁ ဦး ပြည့်သွားပါတယ်။ (သမ္မတရုံး၏ ၁၄ ဇွန် ၂၀၁၇ ရက်စွဲပါ အမိန့် ၁၃/၂၀၁၇) ဦးမြဟန်၊
ဦးမျိုးတင့်၊ ဦးစိုးနိုင်၊ ဦးခင်မောင်ကြည်။
.
. .
. သမ္မတဦးဝင်းမြင့်လက်ထက်မှာ တရားသူကြီး
ဦးမြသိမ်း အငြိမ်းစားယူသွားတာကြောင့် တရားသူကြီး ဦးမျိုးဝင်းကို ထပ်မံခန့်အပ်နိုင်ခဲ့ပါတယ်။
( သမ္မတရုံး၏ ၁၅ နိုဝင်ဘာ ၂၀၁၈ ရက်စွဲပါ အမိန့် ၃၈/၂၀၁၈)
.
. .
. ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ တစ်ရက်နေ့မှာ
အရေးပေါ်အခြေအနေကြညာပြီး တာဝန်အပ်နှင်းခံရတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်
တရားသူကြီးချုပ်နဲ့ တရားသူကြီးတွေကို မိမိတို့တာဝန်တွေ ဆက်လက်ထမ်းဆောင်ဖို့ တာဝန်ပေးလိုက်တဲ့အတွက်
ပြည်ထောင်စုတရားလွှတ်တော်ချုပ်က နေမြဲအတိုင်း ဆက်လက်တာဝန်ထမ်းဆောင်နေခဲ့ပါတယ် (တပ်ချုပ်ရုံး၏
၁ ဖေဖော်ဝါရီ ၂၀၂၁ ရက်စွဲပါ အမိန့် ၁/၂၀၂၁)။ ဒါပေမယ့် မကြာခင်မှာပဲ တရားလွှတ်တော်ချုပ်
တရားသူကြီး လေးဦးကို တာဝန်မှ ရပ်စဲခဲ့ပါတယ်၊ ရပ်စဲခံရသူတွေထဲမှာ သမ္မတဦးထင်ကျော်ခန့်အပ်ခဲ့တဲ့
တရားသူကြီး ၄ ဦးအနက် ၃ ဦးပါဝင်ပြီး၊ သမ္မတဦးဝင်းမြင့်ခန့်ခဲ့တဲ့ တရားသူကြီး တစ်ဦးပါဝင်ပါတယ်
(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၁ ဖေဖော်ဝါရီ ၄ ရက်စွဲပါ အမိန့် ၂၄/၂၀၂၁)
ဦးမျိုးဝင်း၊ ဦးမြဟန်၊ ဦးစိုးနိုင်၊ ဦးခင်မောင်ကြည်။
. . . အဲသည်နေ့မှာပဲ လစ်လပ်သွားတဲ့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်
တရားသူကြီး ၄ ဦးကို ထပ်မံခန့်အပ်ခဲ့ပါတယ် (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၄ ဖေဖော်ဝါရီ
၂၀၂၁ ရက်စွဲပါ အမိန့် ၂၃/၂၀၂၁) ဦးမျိုးမောင်၊ ဦးကြည်သိန်း၊ ဦးတင်ဟုန်၊ ဒေါ်ခင်မေရီ။
.
. . . မကြာခင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ
ဦးခင်မောင်ကြီးကို တရားလွှတ်တော်ချုပ် တရားသူကြီးအဖြစ် ထပ်မံခန့်အပ်ခဲ့ပါတယ်။
.
. . . ၂၀၂၂ ခုနှစ် မတ်လ ၁၄ ရက်နေ့မှာ ဦးသောင်းနိုင်၊
ဦးသိန်းကိုကို၊ ဒေါ်သင်းသင်းနွဲ့ တို့ သုံးဦးကို ထပ်မံခန့်အပ်ခဲ့ပါတယ်။
.
. .
. ဒါကြောင့် လက်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာ
သမ္မတဦးသိန်းစိန် ခန့်အပ်ခဲ့တဲ့ တရားသူကြီးချုပ်အပါအဝင် တရားသူကြီး ၂ ဦး၊ သမ္မတဦးထင်ကျော်ခန့်ခဲ့တဲ့
တရားသူကြီး တစ်ဦး နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ခန့်ထားတဲ့ တရားသူကြီး ၈ ဦး၊ စုစုပေါင်း
တရားသူကြီးချုပ်နဲ့ တရားသူကြီး ၁၁ ဦး တာဝန်ထမ်းဆောင်နေကြောင်း တွေ့ရှိရပါတယ်။ အခြေခံဥပဒေ
ပုဒ်မ ၂၉၉(ခ) အရ တရားသူကြီးစုစုပေါင်း ၁၁ အပြည့်ခန့်အပ်ထားတာဖြစ်ပါတယ်။
•
ဦးထွန်းထွန်းဦး
(၃၀ မတ် ၂၀၁၁ တွင် သမ္မတဦးသိန်းစိန် ခန့်အပ်)
•
ဦးအောင်ဇော်သိန်း
(၃၀ မတ် ၂၀၁၁ တွင် သမ္မတဦးသိန်းစိန် ခန့်အပ်)
•
ဦးမျိုးတင့်
(၁၄ ဇွန် ၂၀၁၇ တွင် သမ္မတ ဦးထင်ကျော် ခန့်အပ်)
•
ဦးမျိုးမောင်
(၄ ဖေဖော်ဝါရီ ၂၀၂၁ တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ခန့်အပ်)
•
ဦးကြည်သိန်း
(၄ ဖေဖော်ဝါရီ ၂၀၂၁ တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ခန့်အပ်)
•
ဦးတင်ဟုန်
(၄ ဖေဖော်ဝါရီ ၂၀၂၁ တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ခန့်အပ်)
•
ဒေါ်ခင်မေရီ
(၄ ဖေဖော်ဝါရီ ၂၀၂၁ တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ခန့်အပ်)
•
ဦးခင်မောင်ကြီး
(၇ ဖေဖော်ဝါရီ ၂၀၂၁ တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ခန့်အပ်)
•
ဦးသောင်းနိုင်
(၁၄ မတ် ၂၀၂၂ တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ခန့်အပ်)
•
ဦးသိန်းကိုကို
(၁၄ မတ် ၂၀၂၂ တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ခန့်အပ်)
•
ဒေါ်သင်းသင်းနွဲ့
(၁၄ မတ် ၂၀၂၂ တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ခန့်အပ်)
. . . သမ္မတဦးသိန်းစိန်ခန့်ခဲ့တဲ့ အထဲက ဦးသာဌေး၊ ဦးစိုးညွန့်၊
ဦးမြင့်အောင်၊ ဦးမြင့်ဟန် တို့ လေးဦး ဘယ်အချိန်က၊ ဘယ်လိုနည်းနဲ့ အနားယူသွားလဲဆိုတာတော့
ရှင်းရှင်းလင်းလင်း မသိပါဘူး၊ သိသူများရှိရင် ပြောကြပါအုံး။
ဗိုလ်ကောင်း
၁၄ ဒီဇင်ဘာ
၂၀၂၂
(၅ ဖေဖော်ဝါရီ
၂၀၂၁ မှတ်စုအား မွမ်းမံပြင်ဆင်ထားသည်)
No comments:
Post a Comment