Monday 11 January 2021

သီဟာသနပလ္လင် အချုပ်အခြာအာဏာနှင့် အလံတော်ဓလေ့

သမ္မတဦးသိန်းစိန် သမိုင်းသစ်ဖွင့်လှစ်ခဲ့တဲ့ နိုင်ငံတော်သမ္မတအိမ်တော် သီဟာသနပလ္လင် ဧည့်ခန်းဆောင်မှာ ဦးသိန်းစိန်ခေတ်တလျှောက်လုံး လာရောက်လည်ပတ်တဲ့ နိုင်ငံတော်နဲ့ အစိုးရအဖွဲ့အကြီးအကဲတွေရဲ့ ကိုယ်စားပြုအလံကို စိုက်ထူခဲ့ခြင်း မရှိပေမယ့်
.
သမ္မတ ဦးထင်ကျော်နဲ့ ဦးဝင်းမြင့်တို့လက်ထက်မှာတော့ ဧည့်သည်တော်က နိုင်ငံအကြီးအကဲ အစိုးရအကြီးအကဲဖြစ်နေရင် ကိုယ်စားပြုအလံတော်တွေ စိုက်ထူဆင်ယင်တာ တွေ့ရတယ်
-
ဗိုလ်ချုပ်မင်းကြီးမင်းအောင်လှိုင်က ဦးသိန်းစိန်နဲ့ တူတာတွေ့ရပါတယ်
.
အချုပ်အခြာအာဏာကို ကိုယ်စားပြုတဲ့ သီဟာသနပလ္လင်တော်ရှေ့မှာ အခြားနိုင်ငံအလံတော်တွေ စိုက်ထူးခြင်းမပြုမှုရဲ့ နောက်ကွယ်မှာ လေးနက်တဲ့ သဘောတရားတစ်ခု ရှိနိုင်သလို စိုက်ထူခြင်းမှာလည်း ခံယူတဲ့အဓိပ္ပာယ်တွေ ရှိနေနိုင်ပါတယ်
.
ဦးသိန်းစိန်နဲ့ နောက်အစိုးရ တွေးပုံခေါ်ပုံ ဘယ်လိုကွာခြားသွားလို့ ဒီလို ဆင်ယင်မှုတွေ မတူဘူး ဖြစ်ရသလဲဆိုတာ သိတဲ့သူများက ရှင်းပြပေးစေချင်မိ
.
လွတ်လပ်ရေးရပြီးနောက် ရန်ကုန်မြို့က သမ္မတအိမ်တော်မှာလည်း သီဟာသနပလ္လင်ကြီး ရှိခဲ့တယ်ဆိုတော့ အဲသည်အချိန်တုန်းကရော ပလ္လင်တော်ရှေ့မှာ ဧည့်သည်တော်ရဲ့ ကိုယ်စားပြု နိုင်ငံအလံတော် စိုက်ထူဆင်ယင်ခဲ့တာမျိုး ရှိမရှိ






No comments:

Post a Comment