Pages

Friday, 26 April 2019

လွတ်ငြိမ်းချမ်းသာ

နိုင်ငံရေးအကျဉ်းသားများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေးနှင့်ဆက်နွယ်ပြီး အမှုရင်ဆိုင်နေကြရသော ကျောင်းသားကျောင်းသူများ လွတ်မြောက်ရေးသည် ပြည်သူလူထုက ရွေးကောက်တင်မြှောက်လိုက်သော ပြည်သူ့အစိုးရ၏ ဦးစားပေးလုပ်ငန်းတစ်ခုဖြစ်ပါသည် ဆိုပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ခန့်အပ်ခံရပြီးတဲ့နောက်တစ်နေ့ ဧပြီလ ၇ ရက်နေ့မှာပဲ နိုင်ငံတော်အတိုင်ပင်ခံရုံးကနေ ကြေညာချက်ထုတ်ပြန်ပါတယ်။ သမ္မတလုပ်ပိုင်ခွင့်အရ လုပ်ရမယ့်အလုပ်ကို ရှေ့က ကြိုတင်ကြေညာခြင်းဖြင့် သူဟာ သမ္မတအထက်မှာရှိတယ်ဆိုတဲ့အကြောင်း ချက်ချင်းကို သက်သေပြလိုက်တဲ့ ထုတ်ပြန်ချက်လို့နားလည်ရပါတယ်။

တစ်ပတ်အကြာ ဧပြီလ ၁၆ ရက်နေ့မှာ အမျိုးသားရင်ကြားစေ့ရေးခေါင်းစဉ်အောက်ကနေ အကျဉ်းသား ၈၃ ဦးကို သမ္မတ ဦးထင်ကျော်အမိန့်နဲ့ လွှတ်ပေးလိုက်ပါတယ်။ ၂၀၁၇ မေလ ၂၃ ရက်နေ့မှာလည်း ၂၁ ရာစုပင်လုံကိုကြိုဆိုသောအားဖြင့်ဆိုပြီး အကျဉ်းသား ၁၈၆ ဦးကို လွှတ်ပေးခဲ့ပါတယ်

ဦးဝင်းမြင့် သမ္မတဖြစ်လာပြီးနောက် ၂၀၁၈ ဧပြီ ၁၇ ရက်နေ့နှစ်သစ်ကူးအခါသမယမှာ အရင်လွှတ်ခဲ့တဲ့ အကျဉ်းသားတွေအပေါ် ချမှတ်ထားတဲ့ စည်းကမ်းချက်တွေကို ပယ်ဖျက်ပေးလိုက်ပါတယ်။ အရင်သမ္မတ ဦးထင်ကျော်လက်ထက်က လွှတ်ခဲ့တဲ့ အကျဉ်းသားတွေကို စည်းကမ်းချက်ထားပြီး လွှတ်ပေးခဲ့ပုံပါပဲ။
အခု ဒီနှစ် နှစ်သစ်ကူးမှာတော့ နိုင်ငံသားအကျဉ်းသား ၉၅၃၅ ဦးတစ်ကြိမ်၊ ၆၉၄၈ ဦးတစ်ကြိမ် နှစ်ကြိမ်လွှတ်ပေးရာမှာ ရာဇ၀တ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ စည်းကမ်းသတ်မှတ်ချက်မထားဘဲ လွှတ်ပေးခဲ့တာဖြစ်ပါတယ်။ ထူးခြားတာက အရင်တုန်းက ထုတ်ခဲ့သမျှ အမိန့်အားလုံးမှာ အခြေခံဥပဒေ ပုဒ်မ ၂၀၄(က) ကို ကိုးကားခဲ့ပေမယ့် အခုအမိန့်တွေမှာတော့ ရာဇ၀တ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ ကိုသာ ကိုးကားထားပါတယ်။ 

ပြီးခဲ့တဲ့ ဦးသိန်းစိန်အစိုးရလက်ထက်တုန်းက နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီဖွဲ့ပေးထားပြီး အဲသည်ကော်မတီရဲ့ ထောက်ခံချက်နဲ့ အကျဉ်းသားတွေကို လွှတ်ပေးလေ့ရှိပါတယ်။ ကော်မတီမှာ NLD အပါအ၀င် အခြားသော အတိုက်အခံအင်အားစုတွေကိုပါ ထည့်သွင်းဖွဲ့စည်းပေးထားပြီး သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက ဦးဆောင်ခဲ့တာပါ။ အစိုးရတက်တက်ချင်းမှာ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးမယ်ဆိုပြီး စာတစ်တန်ပေတစ်တန်ထုတ်ခဲ့တဲ့ အစိုးရက အခုကျတော့လည်း နိုင်ငံရေးအကျဉ်းသားဆိုတာ မရှိပါဘူးဆိုပြီး စာထုတ်တာကတော့ တော်တော်ကိုစိတ်ဝင်စားစရာကောင်းပါတယ်။

အကျဉ်းသားတွေကို လွတ်ငြိမ်းသက်သာခွင့်ပေးနေတာနဲ့ ပတ်သက်ပြီး ခိုင်မာတဲ့ မူဝါဒတစ်ခုနဲ့ လုပ်နေသလား၊ ဘာနဲ့လုပ်နေသလဲဆိုတာတော့ ဆက်လက်လေ့လာရအုံးမှာဖြစ်ပါတယ်။ 

ဗိုလ်ကောင်း
ပုံတစ်ခုချင်းစီမှာ သက်ဆိုင်ရာ စာတွေ ထည့်ရေးပေးထားတယ်
နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးမည်ဟု အတိုင်ပင်ခံခန့်အပ်ခံရပြီး နောက်တစ်နေ့တွင် ထုတ်ပြန်သော ကြေညာချက်

အခြေခံဥပဒေ ပုဒ်မ ၂၀၄


ရာဇ၀တ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ (၁)


အမျိုးသားရင်ကြားစေ့ရေးခေါင်းစဉ်ဖြင့် ပုဒ်မ ၂၀၄(က)ကို ကိုးကားထုတ်ပြန်ခဲ့သော ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ၈၃ ဦး

ရာဇ၀တ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁(၁)အရ သတ်မှတ်ထားသော စည်းကမ်းချက်များကို ပယ်ဖျက်ပေးခြင်း


အခြေခံဥပဒေ ပုဒ်မ ၂၀၄(က) ကို ကိုးကားခြင်းမပြုဘဲ ရာဇ၀တ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁(၁) ကိုသာ ကိုးကားထုတ်ပြန်သည့် အမိန့် ၉၅၃၅ ဦး



အကျဉ်းဦးစီးဌာနက ထုတ်ပြန်သည့် နိုင်ငံရေးအကျဉ်းသားမရှိကြောင်း ထုတ်ပြန်ချက်





No comments:

Post a Comment