Pages

Tuesday, 28 February 2017

Error Analysis


ကာတွန်း စာအုပ်လေးလှန်လို့ သူ့စိတ်ကူးလေးနဲ့သူ ပုံပြင်လေးတွေ ဖွဲ့နွဲ့ပြောပြနေတဲ့ ပန်းပွင့်လေးကို ကြည့်ပြီး တစ်ချိန်က သင်ခဲ့ဖူးတဲ့ Error Analysis ဘာသာရပ်ထဲကလို သမီးရဲ့ သဒ္ဒါအမှားတွေ အသုံးအနှုန်း အမှားတွေကို စိတ်ထဲက လိုက်မှတ်နေမိတယ်။ အဲလို မှတ်နေမိရင်းက သတိတရားတစ်ခု ၀င်လာပြန်တယ်။ မဟုတ်သေးဘူးလေ။ ကိုယ်က သမီးကို အင်္ဂလိပ်စာသင်နေတဲ့ ဆရာမှ မဟုတ်ဘဲ။ သမီးလေး ပြောပြနေတာကို နှလုံးသားနဲ့ နားထောင် ခံစားပေးနေတဲ့ အဖေတစ်ယောက်လေ။ သဒ္ဒါမှားတွေကို ပြင်ပေးရင်း သမီးကို စိတ်အနှောင့်အယှက်ပေးမိသလို ဖြစ်သွားရင် သမီးလေးက သူသဘောကျတဲ့ ပုံပြင်လေးတွေ ဖအေလုပ်သူကို ပြန်ပြောပြချင်ပါတော့မလား။ မဖြစ်သေးပါဘူး။ သူသိတဲ့ စကားလုံးလေးတွေနဲ့ ဖအေကို စိတ်လိုလက်ရ ပြောပြနေတာလေးကိုပဲ ကျေနပ်သင့်လှပါပြီ . . .

၂၈ ဖေဖေါ်ဝါရီ ၂၀၁၇

No comments:

Post a Comment