Pages

Tuesday, 17 December 2013

ဆီးဂိမ်းဘောလုံးနည်းပြ

"ပတ်ဆောင်ဟွာက ပုဂ္ဂိုလ်ရေးအဆင်မပြေ၍ ကျော်ကိုကိုအား ပထမပိုင်း ကစားခွင့်မပြုခဲ့ဟု ဖွင့်ဟဝန်ခံ"

မြန်မာအသင်းနည်းပြ ပတ်ဆောင်ဟွာက နာမည်ကျော်တိုက်စစ်မှူး ကျော်ကိုကိုအား ကစားပွဲ ပထမပိုင်းတွင် ထည့်သွင်းကစားခွင့် မပြုခြင်းသည် ကျော်ကိုကိုနှင့် ပုဂ္ဂိုလ်ရေးအရ အဆင်မပြေမှုကြောင့်ဟု ပတ်ဆောင်ဟွာက သတင်းသမားများကို ဖွင့်ဟ ပြောဆိုလိုက်သည်။

ပတ်ဆောင်ဟွာမှ "ကစားသမားကျော်ကိုကို ကို ပထမပိုင်းမှာ မထည့်ခဲ့တာ ကျွန်တော် နဲ့ အဆင်မပြေလို့ပါ၊စကားများထားလို့ပါ၊ အခုမြန်မာပရိသတ်တွေအားလုံးကို တောင်းပန်ပါတယ်၊ တစ်နိုင်ငံလုံးကိုလည်း တောင်းပန်တယ်၊ ကျွန်တော့်မှာတော့ အိမ်ပြန်ပါတော့မယ် ဆိုတဲ့ စကားက လွဲလို့ ပြောစရာ မရှိတော့ပါဘူး"ဟု ပြောဆိုသွားသည်။

(မဇ္ဈိမသတင်းဌာန)

No comments:

Post a Comment