Pages
▼
Thursday, 12 December 2013
ဆီးဂိမ်းဖွင့်ပွဲမှာ ကမ္ဘာမကျေ ဆိုရတဲ့ အရသာ
ဆီးဂိမ်းဖွင့်ပွဲမှာ ရင်အခုန်ရဆုံး
စိတ်အလှုပ်ရှားရဆုံး ကြည်နူးစရာ အကောင်းဆုံး အားအရဆုံး အစီအစဉ်ကတော့
နိုင်ငံတော် အလံလွှင့်တင်တဲ့အချိန်မှာ နိုင်ငံတော်သီချင်း
ဆိုရတဲ့ အရသာပါပဲဗျာ။ ကိုယ့်မြေကိုယ့်ရေမှာ လက်ခံကျင်းပတဲ့ နိုင်ငံစုံ
ပွဲတစ်ခုမှာ နိုင်ငံတော်အကြီးအကဲကစပြီး လူပေါင်း သောင်းချီတက်ရောက်တဲ့
အခမ်းအနားကြီးမှာ ကိုယ့်နိုင်ငံတော်အလံ လွှင့်တင်လိုက်တဲ့အချိန်
နောက်ခံတီးလုံးနဲ့အတူ ဘယ်သူရဲ့ တိုက်တွန်း စေခိုင်းချက်မှ မပါဘဲ
ကိုယ့်ရင်ထဲအသည်းထဲကလာတဲ့ မျိုးချစ်စိတ်ဓာတ် မြန်မာဆိုတဲ့ ဂုဏ်ကို
ကြက်သီးတဖျန်းဖျန်းထပြီး ၀င့်ကြွားတဲ့ ရင်ခုန်သံတွေနဲ့အတူ
မြန်မာနိုင်ငံတော် သီချင်းကို လူပေါင်း သောင်းချီပြီး ညီညီညွတ်ညွတ်ဆိုကြတဲ့
ဝမ်းမြောက်စရာ အတွေ့အကြုံ တစ်ခုတည်းနဲ့တင် ပိုက်ဆံကုန်ရကျိုး အပင်ပန်း
ခံရကျိုး နပ်ပါတယ်ဗျာ
No comments:
Post a Comment