Pages

Sunday, 31 January 2021

Now or Never

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်သက်တမ်းက ဒီနေ့ ကုန်ပြီ
အခြားလွှတ်တော်အားလုံးကိုလည်း ပြည်သူ့လွှတ်တော်သက်တမ်းနဲ့ ချိတ်ဆက်ထားရတာမို့ အားလုံး သက်တမ်းကုန်ပြီ
အခန်း ၁၁ များ အသက်ဝင်လာရပြီဆို အစီရင်ခံရမယ့် သဘောတူညီချက်ပေးရမယ့်လွှတ်တော်တွေ မရှိတော့ဘူး
နက်ဖြန်မနက် ပြည်သူ့လွှတ်တော်အစည်းအဝေး စ၊ သဘက်ခါ အမျိုးသားလွှတ်တော်အစည်းအဝေး စ၊ နောက်ရက်တွေ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမစမချင်းပေါ့
နောင်းအော်နဲဗားပဲ
သိကြဖို့

Monday, 11 January 2021

သီဟာသနပလ္လင် အချုပ်အခြာအာဏာနှင့် အလံတော်ဓလေ့

သမ္မတဦးသိန်းစိန် သမိုင်းသစ်ဖွင့်လှစ်ခဲ့တဲ့ နိုင်ငံတော်သမ္မတအိမ်တော် သီဟာသနပလ္လင် ဧည့်ခန်းဆောင်မှာ ဦးသိန်းစိန်ခေတ်တလျှောက်လုံး လာရောက်လည်ပတ်တဲ့ နိုင်ငံတော်နဲ့ အစိုးရအဖွဲ့အကြီးအကဲတွေရဲ့ ကိုယ်စားပြုအလံကို စိုက်ထူခဲ့ခြင်း မရှိပေမယ့်
.
သမ္မတ ဦးထင်ကျော်နဲ့ ဦးဝင်းမြင့်တို့လက်ထက်မှာတော့ ဧည့်သည်တော်က နိုင်ငံအကြီးအကဲ အစိုးရအကြီးအကဲဖြစ်နေရင် ကိုယ်စားပြုအလံတော်တွေ စိုက်ထူဆင်ယင်တာ တွေ့ရတယ်
-
ဗိုလ်ချုပ်မင်းကြီးမင်းအောင်လှိုင်က ဦးသိန်းစိန်နဲ့ တူတာတွေ့ရပါတယ်
.
အချုပ်အခြာအာဏာကို ကိုယ်စားပြုတဲ့ သီဟာသနပလ္လင်တော်ရှေ့မှာ အခြားနိုင်ငံအလံတော်တွေ စိုက်ထူးခြင်းမပြုမှုရဲ့ နောက်ကွယ်မှာ လေးနက်တဲ့ သဘောတရားတစ်ခု ရှိနိုင်သလို စိုက်ထူခြင်းမှာလည်း ခံယူတဲ့အဓိပ္ပာယ်တွေ ရှိနေနိုင်ပါတယ်
.
ဦးသိန်းစိန်နဲ့ နောက်အစိုးရ တွေးပုံခေါ်ပုံ ဘယ်လိုကွာခြားသွားလို့ ဒီလို ဆင်ယင်မှုတွေ မတူဘူး ဖြစ်ရသလဲဆိုတာ သိတဲ့သူများက ရှင်းပြပေးစေချင်မိ
.
လွတ်လပ်ရေးရပြီးနောက် ရန်ကုန်မြို့က သမ္မတအိမ်တော်မှာလည်း သီဟာသနပလ္လင်ကြီး ရှိခဲ့တယ်ဆိုတော့ အဲသည်အချိန်တုန်းကရော ပလ္လင်တော်ရှေ့မှာ ဧည့်သည်တော်ရဲ့ ကိုယ်စားပြု နိုင်ငံအလံတော် စိုက်ထူဆင်ယင်ခဲ့တာမျိုး ရှိမရှိ